Celebrity

ဘာသာတရားကိုင်းရှိုင်းတဲ့ ဒကာရေမွန်ရဲ့ အကြောင်းတွေကို ပြောပြရင်း ရက်လည်နေ့လေးမှာ အလှူအတန်း ပြုလုပ်ပေးခဲ့တဲ့ ဦးဇင်းတစ်ပါး

အဆိုတော် ရေမွန်တစ်ယောက် ကွယ်လွန်သွားတဲ့ သတင်းက အခုထိ ဘယ်သူမှ မယုံနိုင်လောက်အောင်ပါပဲနော်။ လူမှုကွန်ရက် စာမျက်နှာတွေ ထက်မှာလည်း သူ့ကို ချစ်တဲ့ အယောက်စီတိုင်း ဝမ်းနည်းကြောင်းတွေ အမှတ်တရ ဖြစ်ရပ်လေးတွေ ရေးသားဖော်ပြ ခဲ့ကြပါတယ်  ။

တစ်ချို့ ပရိသတ်တွေဆို သူတို့ရဲ့ ခန္ဓာကိုယ်ပေါ်မှာ ရေမွန်နဲ့ ပတ်သက်ပြီး အမှတ်တရလေးတွေကို တက်တူး ရေးထိုးကြတဲ့ အထိပါပဲ ။

ဒါအပြင် မကြာခင်ရက်ပိုင်းကဆိုရင်လည်း အလှူရှင်တွေ စုပေါင်းပြီး ရေမွန်အတွက် ရည်စူးကာ ကင်းမကျေးရွှာက ဒေသခံတွေကို အလှူငွေများ လှူဒါန်းခဲ့ပါသေးတယ်။

ဒီနေ့ ဇွန်လ ( ၂၉ ) ရက်နေ့ကတော့ ရေမွန်ရဲ့ ရက်လည်နေ့လေးဖြစ်ပါတယ် ။

ရက်လည်နေ့ မှာ ခင်မင်ရတဲ့ အနုပညာမောင်နှမတွေ အပြင် ပရိသတ်အချို့က ဝမ်းနည်းကြေကွဲ စွာ ဖြင့် သူနေထိုင်ခဲ့တဲ့ တိုက်ခန်းလေးကို သွားရောက်ခဲ့ကြတယ်လို့ သိရပါတယ် ။

တစ်ချို့ကလည်း ရေမွန်အတွက် ရက်လည်နေ့မှာ ကောင်းမှုကုသိုလ်တွေ များစွာပြုလုပ်ပေးခဲ့ကြတာကို တွေ့ရပါတယ် ။

အခုလည်း ဦးဇင်းတစ်ပါးက ရေမွန်ရဲ့ ရက်လည်နေ့မှာ ကောင်းမှုကုသိုလ်တွေ များစွာပြုလုပ်ပေးရင်း ရေမွန်ရဲ့ ဘာသာတရား ကိုင်းရှိုင်းပုံအကြောင်းလေးကို

” တရားနာရင်အမြဲလေးလေးစားစား နာယူတက်တဲ့ဘပီ Wai Mon Oo ဒီနေ့သူ့ရက်လည်မှာသံဃာတော်တွေဆွမ်းကပ် Nicobar coffee snack မှာ ယနေ့ကြွလာသမျှသံဃာတော်များအားလုံး ဘပီကိုရည်စူးပြီး အခမဲ့လှူဒါန်းပေးပါတယ်ဘပီရေ ကုသိုလ်အားလုံးအမျှမျှပေးဝေပါ၏။

ကူညီပေးတဲ့ဒကာကြီ Saw Naing Myint ကျေးဇူးတင်ပါတယ်။ ဘပီနဲ့ပုံတွေတင်တာစိတ်မရှိပါနဲ့

အခြားဘ၀တစ်ခုမှာလွပ်လပ်စွာပျံသန်းပါငှက်ငယ် ” ဆိုပြီး အမှတ်တရ ပုံရိပ်လေးတွေနဲ့အတူ ရေးသားဖော်ပြထားရာ ပရိသတ်ကြီးလည်း ကြည့်ရှုနိုင်စေရန် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

Credit