Local News

စစ်ကောင်စီ ဟုခေါ်ဝေါ် မသုံးရန် နိုင်ငံခြားသတင်းထောက်များကို စစ်ကောင်စီက သတိပေး

နေပြည်တော် ၊ ဇွန် ၃၀

မြန်မာတစ်ပြည်လုံး၏ ဆန့်ကျင်မှုနှင့် ရင်ဆိုင်နေရသည့် စစ်ကောင်စီက ၎င်းတို့ဖွဲ့စည်းထားသည့် အစိုးရအဖွဲ့ကို ကုလနှင့် ကမ္ဘာ့နိုင်ငံများက တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုထားပြီး ဖြစ်သည်ဟု ဆိုကာ စစ်ကောင်စီ အသုံးအနှုန်းများကို နိုင်ငံခြားသတင်းဌာနတွင်တာဝန်ထမ်းဆောင်သူများအနေဖြင့် သတင်း၌ ထည့်သွင်းအသုံး မပြုရန် စစ်ကောင်စီက ၎င်းတို့ထိန်းချုပ်ထားသည့် သတင်းစာများမှတစ်ဆင့် ကြေငြာခဲ့သည်။

စစ်ကောင်စီ၊ စစ်အစိုးရဟုဘသတင်းများ၌ ဆက်လက်သုံးစွဲနေမည်ဆိုလျှင် တည်ဆဲဥပဒေများအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းစာတွင် သတိပေးထား သည်။

“နိုင်ငံခြားသတင်းဌာနအချို့က ကမ္ဘာ့ပြည်သူများကို သတင်းမှားများချပြပြီး ပြည်သူများအား သတင်းအဆိပ်သင့်အောင်၊ နိုင်ငံပျက်စီးရာ ပျက်စီးခြင်းများဖြစ်ပေါ်အောင် တိကျသေချာမှုမရှိသော သတင်းများကို ကိုးကားချဲ့ကား ရေးသားဖော်ပြမည့်အစား သတင်းမီဒီယာကျင့်ဝတ်နှင့် အညီရေးသားဖော်ပြကြရန် အထူးလိုအပ်ပါသည်” ဟု ကြေငြာချက်တွင် ဖော်ပြထားသည်။
စစ်ခေါင်းဆောင်များ ဦးဆောင်လှုပ်ရှားနေခြင်းကြောင့် စစ်အစိုးရဟု ခေါ်ခြင်းဖြစ်ပြီး အမှန်အတိုင်းပင် ဆက်လက်ရေးသားသွားမည်ဟု နိုင်ငံခြားသတင်းဌာနမှ သတင်းထောက်တစ်ဦးကပြောသည်။

“ဒါက သတင်းလွပ်လပ်ခွင့်ကို ထိန်းချုပ်တာပေါ့၊ ကျွန်တော်တို့ကတော့ သတင်းတွေကို အမှန်အတိုင်းပဲ ဆက်ပြီး‌ရေးသားနေမှာပဲ။ ဒီလိုသတိပေးတယ်ဆိုတာတွေက အခုကတည်းက မဟုတ်ပါဘူး။ စစ်တပ်က တာဝန်ယူပြီဟေ့ဆိုတာနဲ့ သူတို့ကြိုက်သလိုမရေးရင် နှိပ်ကွပ်တာက ဟိုးအရင်ကတည်းကပါပဲ” ဟု ၎င်းကဆိုသည်။

Burmese Associates Press