Celebrity

ပြည်သူချစ်အနုပညာရှင် မေတိုးခိုင် ယနေ့ဇွန်လ၃၀တွင် ပြန်လည်လွတ်မြောက်လာကာ အိမ်ပြန်ရောက်နေပါပြီ

အသက်ငယ်ငယ်လေးနဲ့ တိုင်းပြည်အတွက်အနစ်နာခံရင်း အကျဉ်းကျခံနေရတဲ့ မေတိုးခိုင်ဟာ ၂၆နှစ်ပြည့်‌ေမွး‌ေန့မှာ‌ေတာင် အညွန့်တလူလူနဲ့ တက်လမ်းတွေအများကြီးရှိနေတဲ့ သူမအတွက်တော့ အကျဉ်းကျခံခဲ့ရတာ တကယ်ကိုစိတ်မကောင်းစရာပါပဲ။

လတ်တလောဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေနဲ့ပတ်သက်ပြီး မေတိုးခိုင်က ရှေ့ဆုံးကနေ ပြည်သူလူထုနဲ့အတုူတက်ကြွစွာ ဆန္ဒဖော်ထုတ်ခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီလိုလူထုလှုပ်ရှားမှုမှာပါဝင်ခဲ့တဲ့အတွက်ကြောင့် ပုဒ်မ၅၀၅(က)ဖြင့်အမှုဖွင့် တရားစွဲခံရကာ ဖမ်းဆီးခံလိုက်ရတာပဲဖြစ်ပါတယ်နော်..။

အသက်ငယ်ပေမယ့် အနုပညာအရည်အသွေး မနိမ့်သလို သတ္တိလည်းမနည်းခဲ့တဲ့ မေတိုးခိုင်ကို သူမရဲ့ပရိသတ်တွေက ပြန်လည်လွတ်မြောက်လာစေဖို့ အတွက် အမြဲတမ်းသတိတရနဲ့ ဆုတောင်းပေးနေခဲ့ပါတယ်။

ဒီကနေ့‌မှာတော့ အာဏာသိမ်းစစ်ကောင်စီက ပုဒ်မ ၅၀၅-က နဲ့ အမှုဖွင့်ရေးယူဖမ်းဆီးခံရသူ နိုင်ငံရေးအကျဉ်းသား ၇၀၀ ကို ယနေ့ ဇွန် ၃၀ရက်မှာအင်းစိန်ထောင် မှ ပြန်လွှတ်ပေးလိုက်ပြီဟုသိရသည်။ လက်ရှိ ပြည်သူချစ်အနုပညာရှင် မေတိုးခိုင် ပြန်လည်လွတ်မြောက်လာကာ အိမ်ပြန်ရောက်နေပြီဟု ကနဦး သိရသည်။

ပရိသတ်တွေအတွက်လည်း တကယ့်ကို ရဲရင့်တဲ့အနုပညာရှင် တစ်ယောက်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ပြည်သူနဲ့တစ်သားတည်းရပ်တည်ခဲ့တဲ့ဖူးဖူးလေး အမြန်ဆုံး ပြန်လည်လွတ်မြောက်ပြီး အရင်ထက်ပိုတဲ့ အနုပညာအလုပ်တွေ အများကြီးလုပ်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးပါတယ်။

စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုအတွင်း ဖမ်းဆီး တရားစွဲခံထားရသူ ၂၀၀၀ ကျော်အား ယနေ့ လွှတ်ပေးရာ ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ခံထားရတဲ့ သရုပ်ဆောင် မေတိုးခိုင်လည်း ပြန်လည် လွတ်မြောက်လာပါတယ်။

လတ်တလောမှာတော့ မေတိုးခိုင် လွတ်မြောက်လာကြောင်း ကနဦး သိရှိရပြီး ကျန်သည့် အနုပညာရှင်များ သတင်းကို ဆက်လက် စုံစမ်းဆဲ ဖြစ်ပါတယ်။

“မဖူး (မေတိုးခိုင်) အိမ်ပြန်ရောက်ပါပြီ။ ဦးတီ (ပြေတီဦး) နဲ့ တီဝဲ (အိန္ဒြာကျော်ဇင်) တော့ မပါလာသေးပါဘူး”လို့ မေတိုးခိုင်နှင့် နီးစပ်သည့် အသိုင်းအဝိုင်းမှ အတည်ပြုထားပါတယ်။

Crd