ဗိုလ်ကြီးအေးသဇင်မြင့်ကို တပ်ချုပ်မင်းအောင်လှိုင် ရုရှားမှာပွဲထုတ်

ဗိုလ်ကြီးအေးသဇင်မြင့်ကို တပ်ချုပ်မင်းအောင်လှိုင် ရုရှားမှာပွဲထုတ်
——————————————————-
#MoreMrontVlog (မှကူးယူဖော်််ပြသည်)
1 July 2021

မကြာသေးမီက ရုရှားကိုသွားရောက်ခဲ့တဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ တပ်မတော်အမျိုးသမီး ဗိုလ်ကြီး အေးသဇင်မြင့်ကို ရုရှားခရီးစဉ်မှာပွဲထုတ်ခဲ့ပါတယ်။
.
ဗိုလ်ကြီးအေးသဇင်မြင့်ကို ရုရှားကာကွယ်ရေးဒုဝန်ကြီး Colonel General Alexander V. Fomin နဲ့အင်တာဗျူးခိုင်းခဲ့တာဖြစ်ပါတယ်။

ဗိုလ်ကြီး အေးသဇင်မြင့်က ဘယ်သူလဲ?

အသက် ၃၀ အရွယ်ရှိတဲ့ ဗိုလ်ကြီး အေးသဇင်မြင့်ဟာသတင်းထောက်ဟောင်းတစ်ယောက်ဖြစ်ပါတယ်။ ဗိုလ်တစ်ထောင် MNDC ကောလိပ်ကျောင်းကနေ သတင်းအတတ်ပညာနဲ့ကျောင်းပြီးထားပါတယ်။
.
ပြည်မြန်မာဂျာနယ်နဲ့ Skynet up to date ချန်နယ်မှာ ၄ နှစ်ကျော်လုပ်ခဲ့ပါတယ်။ ကြံ့ခိုင်ရေး သမ္မတဟောင်း ဦးသိန်းစိန်လက်ထက်တုန်းက ပေးအပ်ခဲ့တဲ့ ပညာတော်သင်ဆုရဖူးသူလည်းဖြစ်ပါတယ်။
.
အာဏာသိမ်းစစ်ကောင်စီက နိုင်ငံတဝှမ်း လူဒါဇင်နဲ့ချီသတ်ဖြတ်ထားတဲ့နေ့မှာ တပ်မတော်သတင်းမှန်ပြန်ကြားရေးကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဝါဒဖြန့်အမျိုးသမီးဗိုလ်ကြီးအဖြစ် (ဧပြီ ၂၉) စတင်ပွဲထုတ်ရာကနေ သူ့ကို လူသိများလာခဲ့ပါတယ်။

ဗိုလ်ကြီး အေးသဇင်မြင့်ရဲ့ အင်တာဗျူးမှာ အားလုံးပေါင်းအချက် ၁၀ ချက် ပါဝင်ပါတယ်။ ရုရှားရဲ့စစ်ဘက်ရေးရာနဲ့ အမေရိကန်ရဲ့ အင်ဒိုပစိဖိတ် ရေကြောင်း၊ လေကြောင်းဆိုင်ရာကိစ္စတွေကို ထည့်ပြောခဲ့ပါတယ်။

နှစ်နိုင်ငံ ရေကြောင်းဆိုင်ရာ ပူးပေါင်းမှုတွေမြှင့်တင်မယ့်ကိစ္စတွေလည်း ပါဝင်ပြီးတော့ မြန်မာ့အရေးနဲ့ပတ်သတ်ပြီး ရုရှားရဲ့ရှုမြင်ပုံတွေကိုလည်း ရုရှားဒုဝန်ကြီးက ဝေဖန်ခဲ့ပါတယ်။

ရုရှား ဒုဝန်ကြီးပြောဆိုချက် ဆောင်းပါးသုံးသပ်ချက် အသေးစိပ်ကို ထပ်တင်ပေးပါမယ်။

Credit – MoreMrontVlog