Local News

ရွှေ့ပြောင်းလာတဲ့ နယ်ခြားစောင့် ရဲ (၉၀)ကျော် ကိုဗစ်ပိုးတွေ့

ရခိုင်ပြည်နယ်၊ မောင်တောမြို့မှာ ဒီကနေ့ ဇူလှိုင် ၁ ရက်နေ့ မြန်မာနိုင်ငံအနှံ့က ရွှေ့ပြောင်းလာတဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင် (၁၅၀) ဦးခန့်ကို ကိုဗစ်ပိုးရှိ၊မရှိ စစ်ဆေးရာမှာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်(၉၀) ကျော်မှာ ကိုဗစ်ပိုးတွေ့ရှိခဲ့တယ်လို့ ရခိုင်ပြည်နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။

” ရဲအပြောင်းအလဲပေါ့နော် အဲ့ဒီမှာ နခခ လားဘာလား (၁၅၀) လောက်ကို စစ်ဆေးတာမှာ (၉၀) ကျော်ထွက်ပါတယ်။ စာရင်းအတိအကျတော့မထွက်သေးဘူး။ ဒါပေမယ့် ဆရာတို့မှာ သတင်းအချက်အလက် (Information) တွေ ရထားပါပြီ။”လို့ ရခိုင်ပြည်နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောပါတယ်။

မနေ့ ဇွန်လ ၃၀ ရက်နေ့ကလည်း မောင်းတောခရိုင်အတွင်း နယ်ခြားစောင့်တပ်က ဝန်ထမ်းတွေအပါအဝင် လူ(၁၅)ဦးမှာ ကိုဗစ်ပိုးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

Credit




Credit