Sports

ယူနိုက်တက်ကို အမှန်တဂယ်ရောက်ရှိတော့မယ်ဖြစ်တဲ့ကာလရှည်စွာ စောင့်ခဲ့ရတဲ့ ဆန်ချို

ယူနိုက်တက်ဟာဆန်ချိုအတွက် ဒေါ့မွန်နှင့် ပြောင်းရွှေ့ကြေး ယူရို(85) သန်း၊ အပိုဆုကြေးအဝင်ယူရို(95)သန်း ဖြင့်သဘောတူညီမှုရခဲ့ပြီးဖြစ်ကြောင်းသိရပါတယ်။ဆန်ချို မှာ ယူနိုက်တက်နှင့်လာမည့်ရက်ပိုင်းတွင် ယူနိုက်တက် နှင့်စာချုပ် ချုပ်ဆိုမည်ဖြစ်ပါတယ်။ဥရောပဖလားပြိုင်ပွဲပြီးသည်နှင့်ယူနိုက်တက်နှင့်ဆေးစစ်မှုကို ခံယူမှာဘဲဖြစ်ပါတယ်။ ယူနိုက်တက်တွင်ကျောနံပတ်(7)ကို ဝတ် ဆင်မယ်လို့ သိရပေမယ့် မသေချာသေးပါဘူး။

ဆန်ချိုဟာ ယူနိုက်တက်နှင့် (5)နှစ်စာချုပ် + စာချုပ်ပါ အရတစ်နှစ်သက်တမ်းတိုး စာချုပ်ကိုချုပ်ဆိုမှာဘဲ ဖြစ်ပါတယ်။ဆန်ချိုအတွက် ပြောင်းရွှေ့ကြေးယူရို(85)သန်းကိုယူနိုက်တက်တို့က အရစ်ကျပေးချေမည်ဟုသိရပါတယ်။

ဒေါမွန်ရယ့် CEOကတော့ “ဆန်ချို အတွက် ယူနိုက်တက် နဲ့ သဘောတူညီမှုရရှိထားပါပြီ။ ယူနိုက်တက် ကို ပြောင်းရွှေ့ဖို့က ဆန်ချို ကိုယ်တိုင်ပြောထားတဲ့ သူဆန္ဒရှိထားတဲ့အရာပါပဲ၊ ကျွန်တော်တို့ကတော့ သူ့ကို ဆက်ထိန်းထားချင်ခဲ့တာပါ။ ပိုက်ဆံကိစ္စအတွက် ပျော်ရွှင်နေမှာမဟုတ်ပါဘူး၊ သူထွက်ခွာသွားတဲ့အတွက် ကျွန်တော်တို့အားလုံး ဝမ်းနည်းရပါတယ် “ဆိုပြီးပြောခဲ့ပါတယ်။

TTSoe
Sports Gaber
internet Source