Sports

ဆန်ချိုကိုခေါ်ယူပြီးနောက် ရီးရဲလ်နောက်ခံလူဗာရိန်းကိုပါ ခေါ်ယူဖို့ သတင်းကြီးနေတဲ့ ယူနိုက်တက်

ကျွန်တော်တို့ ယူနိုက်တက်အသင်းဟာ အချိန်အတော်ကြာ တောင့်တခဲ့ရတယ့် တောင်ပံ ကစားသမားတစ်ဦးဖြစ်တဲ့ ဆန်ချို အား ခေါ်ယူပြီးနောက် ဗဟိုနောက်ခံလူနေရာအတွက် ကြိုးစားနေတာဘဲ ဖြစ်ပါတယ်။ ရီရဲလ်မက်ဒရစ်အသင်းရယ့် နောက်ခံလူ ဗာရိန်းကို အဓိက ထားကြိုးစားလာတာ ဖြစ်ပါတယ်။ ဗာရိန်းဟာ နယ်မြေအသစ်မှာ အတွေအကြုံ အသစ်တွေ စိန်ခေါ်မှုတွေက်ို အလိုရှိနေသူဖြစ်ပြီး ရီးရဲလ်နဲ့လည်း စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့တာပါ။

ယူနိုက်တက်ဟာ ပြီးခဲ့သော နာရီပိုင်းအတွင်း ဗာရိန်း အတွက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး အပြောင်းအရွှေ့မှာ တစ်စနဲ့ တစ်စ နီးစပ်လာပြီလို့လည်း သတင်းများအရ သိရပါတယ်။လောလောဆယ် မည်သည့်သဘောတူညီမှုမှ မရရှိသေးသော်လည်း ဗာရိန်း အနေဖြင့် ယခုနွေရာသီတွင် ပရီးမီးယားလိဒ်သို့ အမှန်တကယ် ပြောင်းရွှေ့နိုင်ချေရှိလို့ မျှော်လင့်ရမှာပါ။

TTSoe
Sports Gaber
internet Source