ထိုင်းပြန်မြန်မာ GEN Z တွေနဲ့ ပြည်တွင်းက GEN Z တွေ အတူဆုံကြတဲ့ တော်လှန်ရေးနယ်မြေက ပြည်သူ့ရဲဘော်တွေရဲ့ပုံရိပ်များ

ပြည်သူတွေကတော့ သူတို့လိုချင်တဲ့ရည်မှန်းချက်ပန်းတိုင်ကို အမြန်ဆုံး ရောက်ရှိနိုင်ဖို့အတွက် ရောက်ရာနေရာကနေ အားစိုက်ပါဝင်နေကြတာ ဖြစ်ပါတယ် ။ အာဏာရှင်ကို တော်လှန်ဖို့အတွက် နေ့မနားညမနား ကြိုးစားအားထုတ်နေတဲ့ ပြည်သူ့ရဲဘော်တွေကလည်း တော်လှန်ရေးမှာ အရေးပါတဲ့နေရာကနေ အဓိကပါဝင်နေတာပဲ ဖြစ်ပါတယ် ။

သူတို့ကတော့ ပြည်သူတွေကို ကာကွယ်ဖို့အတွက် စစ်ပညာကို လေ့လာသင်ကြားနေကြတာ ဖြစ်ပါတယ် ။အခုဆိုရင် မြို့နယ်အသီးသီးမှာရှိတဲ့ ပြည်သူ့ရဲဘော်တွေက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ဖွဲ့စည်းပြီး တာဝန်တွေကိုယ်စီ ထမ်းဆောင်နေကြတာ ဖြစ်ပါတယ် ။

တစ်ချို့ရဲဘော်တွေက မြေပြင်မှာ တိုက်ပွဲဝင်နေရပြီဖြစ်သလို တစ်ချို့ကတော့ စစ်ရေးလေ့ကျင့်ရေးသင်တန်းတွေ တက်ရောက်နေဆဲ ဖြစ်ပါတယ် ။ အခုလည်း လွတ်မြောက်နယ်မြေကို ရောက်ရှိနေတဲ့ ရဲဘော်တစ်ဦးက သူတို့ရဲ့ပုံရိပ်တွေကို မျှဝေလာခဲ့တာ ဖြစ်ပါတယ် ။

သူတို့ကတော့ ထိုင်းပြန်မြန်မာ Gen Z တွေနဲ့ ပြည်တွင်းက Gen Z တွေအတူဆုံတဲ့ တော်လှန်ရေးနယ်မြေကို ရောက်ရှိနေကြတာ ဖြစ်ပါတယ် ။ ပြည်သူတွေနဲ့အတူ အမြဲတမ်းတစ်သားတည်းရပ်တည်နေတဲ့ သူတို့က လက်သုံးချောင်ထောင်ပြီး ဆန္ဒဖော်ထုတ်ခဲ့ကြတာလည်း ဖြစ်ပါတယ် ။

ဒီပုံတွေကိုမျှဝေထားတဲ့ ရဲဘော်ကတော့ သူတို့နေနေရတဲ့နေရာကို “G.Z တို့ရဲ့ လွတ်မြောက်နယ်မြေ PDF ရဲ့ သွေးသစ်ရှင်သန်ရာ…”ဆိုပြီး တင်စားခေါ်ဝေါ်ထားတာ ဖြစ်ပါတယ် ။

Credit