Local News

အာဏာသိမ်းစစ်ကောင်စီ မွေးနေ့မှာ ပြည်သူ့များ မုန့်ဟင်းခါးသပိတ်နဲ့၊အဆဲသပိတ်ပြုလုပ်ဖို့ရှိနေ

အာဏာသိမ်းစစ်ကောင်စီ မွေးနေ့မှာ ပြည်သူ့များ
မုန့်ဟင်းခါးသပိတ်နဲ့၊အဆဲသပိတ်ပြုလုပ်ဖို့ရှိနေ

(2.July.2021)

မနက်ဖြန် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီ မင်းအောင်လှိုင်ရဲ့ (၆၅) နှစ်ပြည့် မွေးနေ့ ဖြစ်ပါတယ်။ပြည်သူ့တွေကတော့ အဆဲပိတ် အတွက် ပြင်ဆင်လာတာရှိပါတယ်။ အဆိုပါ အဆဲသပိတ်ကို ဖော်ပြပေးလိုက်ပါတယ်။

ပြည်သူ့ မေတ္တာနဲ့ သစ္စာတွေ စူးအောင် Cu®se တိုက်ကြပါမယ်။ ®evile ပြီး နာမ်နှိမ်ကြမယ်။
Birthday Wish မဟုတ်ပဲ Deathday Wish ရေးကြပါမယ်။ဒီလိုရေးတဲ့ နေရာမှာ Facebook နဲ့ Twitter က Restrict များပါတယ်။

ဒါကြောင့် a အစား @၊ s အစား $၊ c အစား ©,¢၊ r အစား ®၊ e အစား €,£၊ y အစား ¥ ကိုသုံးပေးကြပါ။Video နဲ့ပဲ စုပြီး Revile လုပ်လုပ်၊ စာရွက်ပေါ် စာရေးပြီး Revile လုပ်လုပ် မျက်နှာတွေတော့ ဝါးထားပါ။

မနက်ဖြန်အတွက် ဘယ်လိုလုပ်ရမလဲ ပြောပြပါ့မယ်။ မနက်မိုးလင်းတာနဲ့ မကောင်းဆိုးဝါးရဲ့ မွေးနေ့ အနေနဲ့ ပြည်လုံးကျွတ် မုန့်ဟင်းခါး စားပါမယ်။ မုန့်ဟင်းခါးဆိုင်မှာ ပြုံတိုးမစားပါနဲ့။ COVID-19 ကြောင့်၀ယ်ပြီး အိမ်မှာစားပါ။ မိမိ မျက်နှာကိုဝါးပြီး မုန့်ဟင်းခါး သပိတ် ပါ၀င်ထားကြောင်း Twitter မှာတင်ပါ။ မုန့်ဟင်းခါး စားခိုင်းရတဲ့ ရည်ရွယ်ချက်က မကောင်းဆိုးဝါးကို ငရဲပြည် ပို့ဖို့ပါ။

မုန့်ဟင်းခါး စားပြီးရင် တနေကုန်
အဆဲ သပိတ် လုပ်ပါ့မယ်။ အဆဲသပိတ်လုပ်ပြီး ညဘက် ရှစ်နာရီမှာ မကောင်းဆိုးဝါး နှင်ထုတ်တဲ့ သံပုံးတီးခြင်းကို ဆယ့်ငါးမိနစ်တိတိ ပြည်လုံးကျွတ် တီးဖို့ ရှိကြောင်းရှိရပါတယ်။

Credit