Celebrity

ကိုဗစ်ရောဂါကူးစက်မှုနှုန်းဟာ အရေးပေါ်အခြေအနေ ဖြစ်လာတာကြောင့် ပြည်သူတွေကို အထူးသတိပေးလာခဲ့တဲ့ မင်းမော်ကွန်း

လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေမျိုးမှာ တတိယလှိုင်း ကိုဗစ်ရောဂါ ကူးစက်မှုနှုန်းကလည်း တစ်နေ့တခြားမြင့်တက်လာခဲ့သလို သေဆုံးသူဦးရေကလည်း များလာခဲ့ပါတယ်။

ဒါ့အပြင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ချက်တွေမှာလည်း ဇူလိုင်လ (၁) ရက်နေ့တစ်နေ့ထဲမှာပဲ ကူးစက်ခံရသူ ပိုးတွေလူနာသစ်(၂၀၇၀)ဦး တွေ့ရှိခဲ့ပြီး ကိုဗစ်ကြောင့် သေဆုံးသူ(၁၃)ဦးရှိတယ်လို့ ဖော်ပြခဲ့ပါတယ်။

ဒီလိုကူးစက်မှုနှုန်းဟာ ကိုဗစ်ဒုတိယလှိုင်းက အမြင့်ဆုံးကူးစက်မှုနှုန်းထက် ပိုများလာတာ တွေ့ရပါတယ်။ ယခုအချိန်မှာ ရောဂါကူးစက်တဲ့ လူနာတွေကိုထားရှိဖို့ အရင်လို ကျန်းမာရေးစောင့်ရှောက်ပေးတဲ့ ကိုဗစ်စင်တာတွေလည်းမရှိသလို ၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ဘော်လန်တီယာတွေလည်း မရှိတာ​​ကြောင့် တချို့မြို့နယ်တွေမှာ အခက်အခဲတွေနဲ့ ကြုံတွေ့နေရတာ တွေ့ရပါတယ်။

ဒီလိုအခက်အခဲတွေနဲ့ ကြုံတွေ့နေရတာကြောင့် ကိုဗစ်ရောဂါ ကူးစက်မခံရအောင်လည်း သရုပ်ဆောင်မင်းမော်ကွန်းက ပြည်သူတွေအတွက် အထူးသတိပေးပြောလာခဲ့တာကိုလည်း တွေ့ရပါတယ်။

“ကိုယ့်အသိစိတ်ဓါတ်နဲ့ကို အိမ်မှာပဲ​နေခြင်းဖြင့် ကူညီကြပါ….အ​ရေး​ပေါ်အဆင့်ဖြစ်လာပါပြီ ဘယ်သူမှအားကိုးလို့မရတဲ့အ​ခြေအ​နေပါ….မလွဲသာလို့အပြင်သွားရင် Mask နှစ်ထပ်တပ်ပါ….. လက်​ခဏခဏ​ဆေးပါ… လူစုလူ​ဝေးကို​ရှောင်ပါ….ကျန်းမာစွာ​နေခြင်းဖြင့် ​တိုင်းပြည်ရဲ့ဒုက္ခကို တစ်ထောင့်တစ်​နေရာက ကာကွယ်​ပေးကြပါ”

ဆိုပြီး သူ့ရဲ့ လူမှုကွန်ယက်မှာ ရေးသားဖော်ပြထားပါတယ်။ သရုပ်ဆောင်မင်းမော်ကွန်းဟာ ဒီမိုကရေစီလှုပ်ရှားမှုတွေမှာ ပါဝင်ရင်း ပုဒ်မ (၅၀၅-က)ဖြင့် ဖမ်းဝရမ်းထုတ်ခံရတဲ့ အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။