Sports

ဆန်ချိုအနေနဲ့ ယူနိုက်တက်နှင့်အတူ အောင်မြင်မှုတွေ ရယူနိုင်မယ်လို့ ယုံကြည်တယ်ဆိုတဲ့ဖာဒီနန်

ယူနိုက်တက်ကို ဆန်ချိုရောက်ရှိ‌ပြီးနောက် ယူနိုက်တက်ကစားသမားဟောင်း ဖာဒီနန်က ယခုလိုဘဲ ချီးကျူး၀မ်းသာ စကား ပြောခဲ့ပါတယ်။ ဖာဒီနန်က

“ယူနိုက်တက်ကို ဂျေဒန်လို ပါရမီရှိပြီး အရည်သွေးမြင့်တဲ့ကစားသမားတစ်ယောက်ရောက်လာတာဟာ အရမ်းကိုဝမ်းသာရပါတယ်။ ပြီးတော့ ဂျေဒန်ဆန်ချိုက ယူနိုက်တက်ပရိတ်သတ်များက သူ့ပေါ်အရမ်းမျော်လင့်ထားကြမှာအမှန်ပါ။

ဒေါ့မွန်မှာလည်းသူ့ရဲ့ခြေစွမ်းကိုပြသထားပြီးဖြစ်သလို ယူနိုက်တက် မှာလည်းဒီထက်ပိုကောင်းလာမယ်လို့မျော်လင့်ထားတယ်။ ယူနိုက်တက်ကိုရောက်လာပြီဆိုရင် အစစအရာရာဂရုစိုက်ရတယ်ဆိုတာအရင်ဆုံးပြောချင်ပါတယ်။ ဒါမဲ့ ဒီကြောင်းတွေကိုကျတော်ပြောစရာမလိုအောင် ဂျေဒန်သိပြီးသားပါ။အဲ့တွက်တော့သူ့ကိုကျနော်ယုံကြည်ပီးသားပါ။

အနေထိုင်အစားသောက်ကအစ ပြင်ပလူနေမှုတွေပါအရင်ထက်ပိုပြီး ကြိုးစားရပါတယ်။ ပြီးတော့လူတိုင်းက မင်းကိုစောင့်ကြည့်နေမှာပါကောင်လေး။ ပြီးတော့ ဝေဖန်ရှုပ်ချမဲ့သူတွေလည်း အများကြီးရှိနေတယ်ဆိုတာကို ကောင်လေးသိထားရမယ် ။

ဒါမဲ့ဒီဝေဖန်မှုတွေကို ဂရုစိုက်စရာမလိုပါဘူး ။ ကိုယ်လုပ်ရမဲ့အလုပ်ကိုသာအကောင်းဆုံးလုပ်ပြလိုက်ပါ။ ယူနိုက်တက်ကိုအောင်မြင်အောင်တစ်ဖက်တစ်လမ်းကကူညီမယ်ဆိုတာငါသိတယ်။ အဲ့တွက်လည်းမင်းကိုယုံကြည်နေပါတယ်။ ကြိုးစားထားကောင်လေးရေ”ဆိုပြီး ပြောခဲ့ပါတယ်။

TTSoe
Sports Gaber
internet Source