Local News

သေဒဏ်ကျ သားလေးယောက်ရဲ့ မိခင်

သေဒဏ်ကျ သားလေးယောက်ရဲ့ မိခင်

ဖေဖော်ဝါရီလ ၁ ရက်နေ့နောက်ပိုင်း စစ်ကောင်စီ အုပ်ချုပ်ရေးရဲ့တရားစီရင်မှုနဲ့ သေဒဏ် ချမှတ်ခံရသူပေါင်း ၆၀ ကျော် ရှိနေပါပြီ အဲဒီအထဲမှာ တောင်ဒဂုံမြို့နယ်က ဒေါ်စန်းစန်းအေး ရဲ့သားလေးယောက်လည်း ပါဝင်ခဲ့ပါတယ် သားလေးယောက် သေဒဏ်ချမှတ်ခံရထားတဲ့မိခင်ဖြစ်သူရဲ့ ခံစားချက်ကို မခင်မိုးညိုက တင်ပြထားပါတယ်။

ရဲများ အိမ်ကို ရောက်လာပါတယ် ခိုင်မြဲရှိလား မေးပါတယ် အိမ်မှာရှိတဲ့ သားသုံးယောက်က ခိုင်မြဲမဟုတ်ဘူးလို ပြောပြပါတယ် ဒါဗေမဲ့ သုံးယောက်လုံးကို ဖမ်းပါပြီး ခိုင်မြဲလေး ပြန်လာတော့ နာမည်မေးတော့ ဟုတ်တယ် ကျနော် ခိုင်မြဲပါပြောတော့ သားလေးယောက်လုံးကို ဖမ်းခေါ်ပါတယ်။ ဖမ်းသွားတာလဲ လူဖမ်းမှုဆိုတဲ့ ပုဒ်မနဲ့ ခေါ်သွားတာပါ အဲ့နေ့က လူသတ်မှုကြားတဲ့ မနက်က သားလေးယောက်က အိမ်မှာ ညကင်းစောင့်ရလို့ အိပ်နေကြတာပါ ကျမ သူတို့ စားဖို့ ကြက်သားဟင်းချက်နေတာပါ လူသတ်မှုကြားတော့ သေနတ်တွေရော ကြားရတော့ သားလေးယောက်လုံးကို ကျမ မသွားဖို့တောင်ပြောခဲ့ပါသေးတယ်။

မနက်ခင်းလူသတ်မှုပြီးမှ ညနေ့စောင်း သားတို့က လမ်းထိပ်ဘက်ကို ရောက်ခဲ့တာပါ မိဘတယောက်နေနဲ့ ကျမ သားတွေ မလုပ်တာ ယုံကြည်စွာပြောနိုင်ပါတယ်။ သားလေးတွေကဆို မဖမ်းခင် အမေ့သားတို့ သတ်တာမဟုတ်ဘူး သားတို့ အချိန်တန်ပြန်ရောက်လာမှာ အမေဘာမှမဖြစ်နဲ့ပြောခဲ့ပါသေးတယ်။ သားတို့ ဆန္ဒပြလိုဖမ်းလည်း ၅၀၅က လောက်ပဲ သားတို့စိတ်မပူနဲ့ ပြောပါတယ်။

ကျမ သေဒဏ်ချလိမ့်မယ်လို မထင်ခဲ့ပါဘူး သေဒဏ်ပေးရအောင်လည်း ကျမသားတွေ လုပ်ခဲ့တာမဟုတ်ပါဘူး။ကျမ တောင်းစရာလေးရှိပါတယ် ဒီကလေးတွေက တတ်လူလေးတွေပါ သူ့တို့မှာ အနာဂါတ် ရှိပါသေးတယ် သေဒဏ်ချမှတ်မပေးစရာ အပြစ်သားမဟုတ်ဘူးလို့ ပြောဆိုထားတယ်။