Celebrity

ယုံကြည်ရတဲ့ ရှေ့နေကြီးတွေ ကိုယ်တိုင်ပြောပြလာတဲ့ ထပ်မံလွှတ်မြောက်ဖို့ရှိနေတဲ့ အနုပညာရှင်စာရင်း

ယုံကြည်ရတဲ့ ရှေ့နေကြီးတွေ ကိုယ်တိုင်ပြောပြလာတဲ့ ထပ်မံလွှတ်မြောက်ဖို့ရှိနေတဲ့ အနုပညာရှင်စာရင်း

ပရိသတ်ကြီးတို့ရေ ဖမ်းဆိီးထိန်းသိမ်းခံထားရတဲ့ အနုပညာရှင်တချို့ဟာ မကြာခင် ထပ်မံလွတ်မြောက်ဖို့ရှိတယ်လို့ ယုံကြည်စိတ်ချရတဲ့

ရှေ့နေအသိုင်းအဝိုင်းက ပြောကြားခဲ့ပါတယ်။အမှုရင်ဆိုင်နေရဆဲ အချုပ်ကျခံနေရတဲ့ အနုပညာရှင်အချို့ဟာ မကြာခင် ရက်သတ္တပတ်အတွင်း

ထပ်မံလွတ်မြောက်ဖို့ ကြားနေရတယ်လို့ လက်ရှိ(၅၀၅-က)နဲ့ အမှုရင်ဆိုင်နေရသူတွေကို လိုက်ပါကူညီပေးနေကြတဲ့

ရှေ့နေအသိုင်းအဝိုင်းက ကြားသိရပါတယ်။လတ်တလောမှာတော့ အနုပညာရှင်တွေ ခံဝန်ကတိတွေနဲ့ လက်မှတ်ထိုး ငွေပေးနေရတယ်ဆိုတဲ့

ဖြစ်ရပ်တွေက မြေပြင်မှာ တကယ်ဖြစ်နေတာမျိုး မရှိဘူးလို့ အနုပညာရှင်တွေရဲ့ အမှုတွေကို လိုက်ပါကူညီပေးနေတဲ့

ဥပဒေအကြံပေး ဦးခင်မောင်မြင့်က ပြောကြားခဲ့ပါတယ်။”ကျွန်တော့်ရဲ့ အမူသည်တွေဖြစ်တဲ့ ပိုင်တံခွန်၊ရဲ တိုက်နဲ့ တခြားအနုပညာရှင်တွေ ပါလာမယ်လို့

ကြားထားတဲ့အတွက် မျှော်လင့်မိပါတယ်။ဒါပေမယ့် အနုပညာရှင် နှစ်ယောက်လောက်ပဲ ပါပါတယ်။နောက်လာမယ့် အသုတ်တွေမှာ ထပ်ပါလာမယ်လို့

ကြားသိထားပါတယ်”လို့ ဦးခင်မောင်မြင့်က ပြောကြားခဲ့ပါတယ်။ပြီးခဲ့တဲ့ ဇွန်လ (၃ဝ)ရက်နေ့က နိုင်ငံတဝန်း တရားရင်ဆိုင်နေရဆဲ

အကျဉ်းသား (၂ဝဝဝ)လောက်ကို ပြန်လွှတ်ပေးခဲ့တာရှိပေမယ့် နိုင်ငံကျော် အနုပညာရှင် အများစု ပါမလာခဲ့ပါဘူး။

အကျဉ်းသားတွေ ပြန်လွှတ်ပေးတဲ့နေရာမှာ ပထမအဆင့်အနေနဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြရာမှာ ပါဝင်ပြီး ပုဒ်မ(၅ဝ၅-က)နဲ့

တရားစွဲဆိုထားသူတွေကို လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။ဒုတိယအဆင့်အနေနဲ့ နိုင်ငံကျော် အနုပညာရှင်တွေ ပါဝင်မှာဖြစ်ပြီး နောက်ပိုင်းမှာ

ဝန်ထမ်းပိုင်းဆိုင်ရာတွေ ပါဝင်လာနိုင်တယ်လို့အကျဉ်းဦးစီးဌာနဲ့ နီးစပ်သူတွေ အသိုင်းအဝိုင်းက သိရပါတယ်။

လက်ရှိအချိန်မှာ အာဏာသိမ်းယူပြီးတဲ့နောက်ပိုင်း သရုပ်ဆောင် အဆိုတော်နဲ့ အနုပညာရှင် (၅ဝ)ကျော်လောက်ကို စစ်ကောင်စီက ပုဒ်မ(၅ဝ၅-က)နဲ့

ဖမ်းဝရမ်းထုတ်ထားပြီး မကြာသေးခင်က အနုပညာရှင်တချို့ကို ဝရမ်း ရုပ်သိမ်းပေးခဲ့ပါတယ်။လက်ရှိ အကျဉ်းထောင်တွေထဲမှာ ဖမ်းဆီးထိန်းသိမ်း

ခံထားရတဲ့ အနုပညာရှင် (၁ဝ)ယောက်ထက် မနည်းရှိနေပါတယ်။ပရိတ်သတ်ကြီးတို့လည်း ကိုယ်မျှော်လင့်ထားတဲ့ အနုပညာရှင်တွေ အမြန်ဆုံး

လွတ်လာအောင် ဆုတောင်းပေးခဲ့ကြပါဦးနော်။အခုလို ဝင်ရောက် ဖတ်ရှု့ပေးခဲ့ကြတဲ့ ပရိတ်သတ် တစ်ယောက်ခြင်းစီတိုင်း ကျန်းမာ၊ချမ်းသာကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။C r d