Local News

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရွှေဘို အဖွဲ့ဝင် ၅၀ ဦး အပတ်စဉ် ၁ သင်တန်း ဆင်း(ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရွှေဘို အဖွဲ့ဝင် ၅၀ ဦးသည် အပတ်စဉ် ၁ သင်တန်းအဖြစ် ယနေ့တွင် သင်တန်းဆင်းကြောင်း ရွှေဘို PDF က တရားဝင် သတင်းထုတ်ပြန်သည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရွှေဘိုသည် စစ်အာဏာရှင်ကို အမြစ်ပြတ်ခြေမှုန်းလိုသော တော်လှန်ရေးတပ်သားများ၊ ကိုယ်တိုင် မပါဝင်နိုင်သော်လည်း ထောက်ပံ့ကူညီကြသော အမှန်တရားဘက်တော်သား ပြည်သူများ၊ ဝန်ထမ်းများ ကျောင်းသားများ၏ စုပေါင်းအင်အားဖြင့် သင်တန်းအမှတ်စဉ် ၁/၂၀၂၁ ကို အောင်မြင်စွာ သင်ကြားလေ့ကျင့်ပေးနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊

သင်တန်းဆင်းပွဲ၌ ပြည်သူကို ကာကွယ်ရန် ရည်သန်၍ ပြည်သူ့ကာကွယ်ရေး တပ်မတော်၏ သစ္စာအဓိဋ္ဌာန် (၄)ချက်ကို ရွတ်ဆိုသစ္စာပြုခဲ့ကြကြောင်း၊ အဖမ်းအဆီးအခက်အခဲများကြားမှ ရဲရဲဝံ့ဝံ့ ကူညီ၊ ပါဝင် လုံ့လစိုက်ကြသော ပြည်သူတစ်ဦးတစ်ယောက်ချင်းစီကို People Defense Force – Shwebo မှ အထူးကျေးဇူးတင်ရှိပါကြောင်း အသိအမှတ်ပြု မှတ်တမ်းတင်ကြောင်း၊

ဖက်ဆစ်တော်လှန်ရေး အရေးတော်ပုံကြီး အောင်မြင်သည်အထိ ပြည်သူတရပ်လုံး၊ ရွှေဘိုနယ်သူနယ်သားများအားလုံး မိမိတို့တတ်နိုင်သည့်နေရာကနေ ဆက်လက်ပါဝင်ကူညီကြပါရန် တိုက်တွန်းကြောင်း ရွှေဘို PDF ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Khit Thit Media

Unicode