Local News

နာရေးဆိုင်းဘုတ်တွေ လမ်းထိပ်တိုင်းမှာ တွေ့မြင်ရတဲ့အထိ ဆိုးရွားစွာကူးစက်သေဆုံးနေရတဲ့ ကလေးမြို့ရဲ့ လက်ရှိအခြေအနေကို ပြောပြလာတဲ့ ပြည်သူတစ်ဦး

လတ်တလော ကလေးမြိုးမှာ ဆိုးဆိုးရွားရွား တစ်ကျော့ပြန် ဖြစ်ပွားလာခဲ့တဲ့ ဗီဇပြောင်းကိုဗစ်ရောဂါကြောင့် ကူးစက်မှုတွေတစ်နေ့တခြား များလာသလို သေဆုံးသူရာခိုင်နှုန်းလည်း မြင့်တက်လာခဲ့ပါတယ်။

ကိုဗစ်ရောဂါကြောင့် သေဆုံးသူတွေထဲမှာ အမျိုးသားတွေအများဆုံးဖြစ်ပြီး ဆယ်ကျော်သက်လူငယ်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

ဇူလိုင်လ(၃) ရက်နေ့တစ်ရက်ထဲမှာပဲ ကလေးမြို့မှာ ကိုဗစ်သံသယလူနာနဲ့ ဓာတ်ခွဲအတည်ပြုလူနာတွေထဲက သေဆုံးသူ (၃၀)ကျော်အထိ ရှိခဲ့တယ်လို့ ဖော်ပြချက်တွေအရသိရပါတယ်။

ကလေးမြို့ကို Lock down မြို့အဖြစ် သတ်မှတ်ထားပေမယ့် လမ်းမပေါ်တွေကဆေးဆိုင်တွေရှေ့မှာ လူတွေကြိတ်ကြိတ်တိုးဝယ်နေကြသလို နေအိမ်တွေမှာ ကုသနေကြတဲ့ လူနာတွေအတွက် အောက်ဆီဂျင်ဘူးများကို အရေးပေါ် လာရောက် သယ်ယူနေတဲ့သူတွေများစွာ ရှိတယ်လို့လည်း ကြားသိရပါတယ်။

စိတ်မကောင်းစရာကတော့ ကျန်းမာရေးစောင့်ရှောက်ပေးတဲ့ စင်တာတွေလည်း နည်းပါးပြီး ကူညီလုပ်ကိုင်ပေးမယ့် စေတနာ့ဝန်ထမ်းတွေ မလုံလောက်တာကြောင့် အနံပျောက်လူနာတွေကို အိမ်မှာပဲ ကုသခိုင်းထားပြီး အရေးပေါ်ကိုဗစ်လူနာများကိုသာ ဆေးရုံကြီးတွေနဲ့ ကိုဗစ်စင်တာတွေမှာ ကုသပေးနေတာ ဖြစ်ပါတယ်။

ယခုမှာလည်း မြို့နေ ပြည်သူတစ်ဦးက ဒီလိုဆိုးရွားစွာ ကူးစက်သေဆုံးနေရတာနဲ့ပတ်သက်ပြီး တတိယလှိုင်း ကိုဗစ်ကူးစက်မှုကို မယုံကြည်ကြသေးတဲ့ သူတချို့အား လက်ရှိကိုဗစ်ဒဏ်ကိုခံစားနေတဲ့ ကလေးမြို့ရဲ့ အခြေအနေလေးတွေကို ပြောပြလာခဲ့တာလည်း တွေ့ရပါတယ်။

သူရဲ့ ပြောပြချက်တွေအရ ကလေးမြို့မှာ ကိုဗစ်ကြောင့် သေဆုံးသူတွေရဲ့ နာရေးဆိုင်းဘုတ်တွေကို လမ်းထိပ်တိုင်းမှာ တွေ့ရတာကြောင့် ဆိုးရွားလွန်းတဲ့ အခြေအနေကိုရောက်ရှိနေတယ်လို့လည်း ထင်မိပါတယ်။

ကလေးမြို့ရဲ့ လက်ရှိအခြေအနေနဲ့ပတ်သက်ပြီး ပြည်သူတစ်ဦးရဲ့ ပြောပြချက်တွေကိုတော့ အောက်မှာဖတ်ရှုလို့ရအောင် ဖော်ပြပေးထားပါတယ်။

သတင်းအရင်းမြစ်: Source – Original Upload

Zawgyi