Local News

ခရီးသွားတချို့ ရခိုင်ရိုးတောင်ပေါ်စစ်ဆေးရေးဂိတ်မှာ လုယက်ခံရဟုဆို

ခရီးသွားတချို့ ရခိုင်ရိုးတောင်ပေါ်စစ်ဆေးရေးဂိတ်မှာ လုယက်ခံရဟုဆို

#MoreMrontVlog မှ ကူးယူဖော်ပြသည်
4 July 2021

ဧရာဝတီတိုင်းကနေ ရခိုင်ပြည်နယ်ကိုဝင်တဲ့ ဂွ-ငါးသိုင်းချောင်းလမ်း ရိုးတောင်ပေါ် စစ်ဆေးရေးဂိတ်က စစ်ကောင်စီတပ်သားတွေ အရပ်သားအိမ်စီးကားနဲ့ ကုန်ကားတွေကို ပစ်မှတ်ထား လုယူမှုတွေရှိနေတယ်လို့ ‌ခရီးသွားတချို့က MoreMrontVlog ကိုပြောပြလာပါတယ်။

ဧရာဝတီနဲ့ရခိုင်နယ်ခြားမှတ်တိုင်အနားမှာရှိတဲ့ ‌ဗေဒါစခန်း၊ ပူပေါင်းစစ်ဆေးရေးဂိတ် ( စစ်သား+ရဲ+လဝက) က တာဝန်ကျလုံခြုံရေးတပ်ဖွဲ့ဝင်တွေက အိမ်စီးကားနဲ့ကုန်ကားတွေကို မွှေနှောက်တဲ့အခါ ယူတာလို့ ခရီးသွားတစ်ဦးကပြောပါတယ်။

အာဏာမသိမ်းခင်က ဗေဒါစခန်းမှာ လက်နက်ကိုင်ဆောင်တဲ့ စစ်သားတွေစောင့်ကြပ်တာမျိုးမရှိပါဘူး။ ရခိုင်ရိုးအဆင်း ဧရာဝတီတိုင်းဘက်ခြမ်း ရေကြည်မြို့နယ်ထဲက ရေနံသာဂိတ်မှာလည်း စစ်သားနဲ့ရဲဆယ်ဦးခန့်အထိစောင့်ကြပ်ပါတယ်။

ဂွ-ငါးသိုင်းချောင်းလမ်းကြောင်းမှာ ဂွမြို့အဝင်ဂိတ်၊ သံတွဲအဝင်ဂိတ်၊ ရေနံသာနဲ့ဗေဒါဂိတ် စုစုပေါင်းလေးခုရှိပါတယ်။ ဧပြီလမှာတော့ သံတွဲနဲ့ဂွကြားက ကျိန္တိလီမှာပါ စစ်တပ်ကဘုန်းကြီးကျောင်းနားမှာ ဝါးတားဂိတ်ဖွင့်စစ်ဆေးတာတွေလုပ်တယ်လို့သိရပါတယ်။

ဒီသတင်းကို MoreMrontVlog ကသီးခြားအတည်ပြုနိုင်ခြင်းမရှိပါ။

Photo: ဂွ-ငါးသိုင်းချောင်းကားလမ်း တစ်နေရာ

Credit – MoreMrontVlog


#MoreMrontVlog
4 July 2021







Credit – MoreMrontVlog