ချစ်သက်တမ်းလေးနှစ်ကျော်ပြီဖြစ်တဲ့ ဇနီးလေးနဲ့အကြောင်း ပရိသတ်တွေကို အသိပေးလိုက်တဲ့ သရုပ်ဆောင်နက္ခတ်

ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင်မင်းသားချော နက္ခတ်ကတော့ ဒီနေ့မှာ သူ့ရဲ့ချစ်သူလေးဟာ သူရဲ့ ဇနီးမယားဖြစ်တဲ့အကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ပရိသတ်တွေကို အသိပေးပြောကြားလာခဲ့ပါတယ်။ နက္ခတ်ကတော့ သူ့ရဲ့ချစ်သူနဲ့ လွန်ခဲ့တဲ့ (၄)နှစ်ကတည်းက လူကြီးစုံရာနဲ့ စေ့စပ်ကြောင်းလမ်းကာ မင်္ဂလာဆွမ်းကျွေး လက်မှတ်ရေးထိုးပွဲလေးပြုလုပ်ခဲ့တာပါတဲ့။

ဇနီးဖြစ်သူက သူ့အပေါ်မှာ နားလည်မှုအပြည့်အဝပေးနိုင်တဲ့ ပါရမီဖြည့်ဖက်ကောင်းတစ်ယောက်ဖြစ်ပြီး မင်္ဂလာ ဧည်ခံပွဲကိုပြုလုပ်ဖို့ အစီစဉ်ရှိခဲ့ပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် ရွှေ့ထားဆိုင်းခဲ့ရတဲ့ အကြောင်းကိုလည်း အခုလိုပဲဖော်ပြထားခဲ့ပါသေးတယ်။ ” ကျွန်တော့် ရဲ့ ဇနီးလေးနဲ့ သူမရဲ့ မိဘတွေဟာ ကျနော့်ရဲ့ အနုပညာ အလုပ်ကို နားလည် ပေးပြီး ကျနော် အနုပညာ လောကမှာနေရာလေး တစ်နေရာ ရပြီး ကိုယ်ဖြစ်ချင်တဲ့ အနေအထား ရောက်မှ မင်္ဂလာ ဧည့်ခံပွဲ လုပ်ဖို့ သဘောတူပေးခဲ့ကြပါတယ်။သူမ နဲ့ ကျွန်တော် တစ်ယောက်နဲ့ တစ်ယောက် နားလည်ပြီး သစ္စာရှိရှိနဲ့ နေဖို့ က အဓိက ပဲဆိုပြီး ကျွန်တော်အလုပ်တွေ ကို ပိုကြိုးစား ဖြစ်ခဲ့ပါတယ်။

သူမ ကျွန်တော်အပေါ်မှာ နားလည်ပေးမှု အနစ်နာခံ ပေးမှုတွေ ကတော့ပြောပြလို့တောင် ကုန်မှာမဟုတ်ပါဘူး။သူမ ကြောင့် ကျနော့ အလုပ် ထိခိုက်မှာ စိုးလို့ သူများတွေကို ဇနီးလို့ မပြောခိုင်းဘဲ ချစ်သူ လို့ပဲသူမ က ပြောခိုင်းခဲ့တယ်။ကျွန်တော်တို့နှစ်ယောက်ရဲ့မင်္ဂလာ ပွဲလုပ်ဖို့ထက် ကျွန်တော်ရဲ့ အနုပညာအလုပ်တွေ အောင်မြင်ဖို့အတွက်ဘဲ အမြဲ တွေးပေးနေတဲ့ သူမ။ကျွန်တော် ဇာတ်လမ်းတွဲ လေးတွေ ခပ်စိပ်စိပ်ရိုက်လာရပြီး ပရိသတ် ရဲ့ အသိအမှတ်ပြု လေး ရလာတဲ့ အပေါ်မှာ သူမက အမြဲပြုံးပျော်နေတတ်တယ်။သူမက ကျွန်တော့်ကို အမြဲပြောတယ် “ကျွန်တော့် ကို ဒီ့ထက်ပိုပြီး ကောင်းမွန်တဲ့ အနုပညာဖန်တီးမှု တွေ ထပ်လုပ်ပြီး မှ မင်္ဂလာ ပွဲစီစဉ်ကြမယ်တဲ့။

အခုမှ နာမည်လေး နည်းနည်း ရကာစ မိန်းမယူလိုက်ရင် အလုပ်အတွက် အနှောင့်အယှက် ဖြစ်မှာ စိုးတယ် ဆိုပြီး ပြောလာတော့”ကျွန်တော်လည်း လက်ခံလိုက်ပြီး ဆက်ပီးကြိုးစားတာပေါ့။ အိမ်မက်နဲ့ လက်တွေ့ ဆိုတာ တစ်ခါတစ်လေ ထပ်တူ ကျချင် မှ ကျတတ်တာမျိုးဗျ။ ဒီလိုနဲ့ (၂၀၁၉) မှာ ” ကျွန်တော် အမုန်းဆုံး ကျွန်တော်”ဇာတ်လမ်းတွဲ လေး ရိုက်ခွင့်ရတော့ ဒီဇာတ်လမ်းတွဲ လေး ရိုက်ပြီးရင် မင်္ဂလာ ပွဲ ကျင်းပမယ် ဆိုပြီး သဘောတူခဲ့ကြတယ်။ (၂၀၂၀) ဖေဖော်ဝါရီ လမှာ “ကျွန်တော် အမုန်းဆုံး ကျွန်တော်”ဇာတ်လမ်းတွဲ လေး တီဗီက ပြပြီးတော့ (၅) လပိုင်းမှာ မင်္ဂလာ ပွဲ လုပ်ဖို့ စီစဉ်ခဲ့ကြပေမယ့် ကိုဗစ် ပထမလှိုင်းကြောင့် ဘာပွဲမှ လုပ်ခွင့်မရှိသလို အနုပညာ အလုပ်တွေလဲ လုံးဝရပ်သွားတယ်။

ကိုဗစ်တွေ ဖြစ်တော့ Social media ကအလုပ်ပိုဖြစ်လာခဲ့တယ်။ကျွန်တော်က TitTok ကတာတွေ Video ဖန်တီးတာတွေ မကျွမ်းကျင်တော့ လပေါင်းများစွာ အလုပ် မရှိဘဲ နားနေ ခဲ့ရတယ်။တစ်ရက်မှာတော့ Online live sale တွေကလဲ ခေတ်စားလာပြန်တော့ ငါ ဒီ လောက်တော့ မလုပ်တက် လဲ ကြိုးစားကြည့်မယ်ဆိုပြီး Live saleလေး (၂)ခု လုပ်ကြည့်တာ အောင်မလေး ဇာတ်လမ်းတွဲက ဇာတ်ကောင်တွေကို ပုံဖော်ရိုက်ကူးရတာတွေထက် Live sale က ကျွန်တော် အတွက်ပိုခက်ခဲပြီး ချွေးတွေတောင်ပြန်ပါတယ်။ကျွန်တော်သချာသိလိုက်ရတာတစ်ခုက ကျွန်တော်ဟာ သရုပ်ဆောင် အလုပ်ကလွဲပြီး ကျန်တာတွေနဲ့ မလိုက်ဖက်ဘူးဆိုတာဘဲ။

ဒီလိုနဲ့ဘဲ ကိုဗစ်တွေကြောင့် လူ (၃၀) လောက်နဲ့ မင်္ဂလာပွဲ ကျင်းပလို့ရတယ်ဆိုတော့ (၂၀၂၁) ဖေဖော်ဝါရီ လထဲမှာ သူမမွေးနေ့ ရှိတော့ အဲ့လထဲက တစ်ရက်ရက်မှာ ပွဲစီစဉ်ကြမယ်ဆိုပြီး စိတ်ကူးခဲ့တဲ့ စိတ်ကူးကလည်း အကြောင်းကြောင်းကြောင့်ဖြစ်မလာခဲ့ရပြန်ပါဘူး။(၂၀၂၁)မှာ ကျွန်တော့်ဘဝအတွက် အဆိုးဆုံးအရာကတော့ မတ်လလောက်မှာ ကျွန်တော်အဖေ ဆေးရုံတင်ရပြီး ရက်အနည်းငယ်အကြာမှာ ကင်ဆာနောက်ဆုံးအဆင့်နဲ့ကျွန်တော်တို့ကို ဘယ်နေ့ ခွဲသွားတော့မလဲဆိုတဲ့ အဖြစ်ဆိုးကြီး တစ်ခုပါပဲ။ကျွန်တော်က အဲ့အချိန်မှာ ကိစ္စတစ်ခုနဲ့ နယ်ဘက်ကို ရောက်နေတော့ (၄)လပိုင်း ကုန်ခါနီး လောက်မှ အဖေ့ ကို ဆေးရုံမှာ သေချာ ပြုစုစောင့်ရှောက်ခွင့်ရခဲ့တယ်။(၅)လပိုင်း (၁၃) ရက်နေ့မှာတော့ ကျွန်တော်ရဲ့အဖေကို ဆုံးရှုံးခဲ့ရတယ်။

အဓိကပြောချင်တာကတော့ကျွန်တော့်မှာ အများမျက်စိဆံပင်မွှေးစူးလောက်တဲ့အထိ ကြီးကျယ်မြင့်မြတ်ခမ်းနားတဲ့ အောင်မြင်မှုတွေ ချမ်းသာမှုတွေလည်းမရှိပါဘူး။ကြိုးစားနေ တဲ့လူတွေထဲကလူတစ်ယောက်ပါပဲ။ကျွန်တော့်ပုံတွေအောက်မှ ဆဲဆိုနေတဲ့ သူတွေကိုလည်းအမြဲမေတ္တာပို့ပေးပါတယ်ခင်ဗျာ။ဒီအချိန်မှာ အားလုံးအတွက် သူရဲကောင်း မဖြစ်ချင်နေပါ။ကျွန်တော့်ရဲ့ကိုယ်ပိုင်ဘဝလေးမှာ ကျန်နေသေးတဲ့။အမေရယ် ကျွန်တော့်ဇနီးနဲ့ ကျွန်တော့်အစ်မနဲ့ ညီမအတွက် မားမားမတ်မတ် ရပ်တည်နိုင်တဲ့သူ ဖြစ်ဖို့ အတွက် ကျနော် ကြိုးစားနေစဲပါ။

အခုဒီပုံလေးတွေက သူမဟာ ကျွန်တော်ရဲ့ချစ်သူ မဟုတ်ဘဲသူမဟာ ကျွန်တော့်ရဲ့ဇနီးဖြစ်ကြောင် အသိပေးတဲ့ပုံလေးတွေပါခင်ဗျာ။မင်္ဂလာ ဧည့်ခံပွဲကျင်းပမည့် အချိန်ကျရင်လည်း အားလုံးကိုထပ်မံ အသိပေးပါမယ်ခင်ဗျာ။ “ဆိုပြီး ချစ်ဇနီးလေးနဲ့လက်မှတ်ရေးထိုးတုန်းက ရိုက်ကူးခဲ့တဲ့ ပုံလေးတွေကိုလည်း မျှဝေဖော်ပြခဲ့ပါတယ်။CeleZone ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင် နက္ခတ်ကတော့ မကြာခင်မှာ ရင်သွေးလေးကို ပိုင်ဆိုင်ပြီး ဖေဖေတစ်ယောက်လည်း ဖြစ်လာတော့မှာပါတဲ့နော်။

Source – နက္ခတ်