Celebrity

Lockdown ပြီးတဲ့နောက် ကျောင်းယူနီဖောင်းကို ပြန်ဝတ်လိုက်တဲ့ ချစ်စရာကောင်လေးရဲ့အဖြစ်

Lockdown ကာလအတွင်းမှာ ဘာမှလုပ်စရာမရှိသော်လည်း စားလိုက်၊ အိပ်လိုက် နဲ့ အိမ်အပြင်ဘက်တွေကို မထွက်တဲ့ရအတွက် လူအများစုက ၎င်းကာလအတွင်းမှာ ကိုယ်အလေးချိန် တက်လာတာတို့ တွေ့ရပါတယ်။

လူအတော်များများဟာ တစ်ချိန်က ၎င်းတို့အသုံးပြုရန်အတွက် ကြီးမားလွန်းတဲ့ အဝတ်အစားတွေကို lockdown ပြီးလို့ ပြန်ဝတ်လိုက်အခါမှာ ကိုယ့်ရဲ့ ခန္ဓာကိုယ်တွေနဲ့ ကိုက်ညီဖို့ အတော်ခဲယဉ်းနေပါတယ်။

တရုတ်နိုင်ငံ၊ ဟန်းနန်ပြည်နယ်ရှိ ကလေးငယ်တစ်ဦးဟာ lockdown ချခံရပြီးနောက် မကြာသေးမီက အလေးချိန်တက်လာတာကြောင့် သူ့ရဲ့ယူနီဖောင်းဟာ သူနဲ့မသင့်တော်တော့ကြောင်း သိလိုက်ရပါတယ်။ သူ့မိသားစု နဲ့အတူ ပိတ်ဆို့ထားခြင်းခံရစဥ်မှာ ကလေးဟာ သူတို့အိမ်မှာ အကောင်းစားချက်ပြုတ်စားသောက်ထားတာကြောင့် သူဟာ မိမိဝတ်စုံကို မဝတ်ဆင်နိုင်တော့တာက အံ့သြစရာမဟုတ်ပါဘူး။

သူတို့ဟာ ကျောင်းပြန်ဖွင့်တဲ့ အချိန်မှာ ကောင်လေးဟာ သူ့ရဲ့ယူနီဖောင်းကို ဝတ်ဆင်ရန်ကြိုးစားသော်လည်း ကြယ်သီးမတပ်နိုင်တဲ့အတွက်ကြောင့် ခုန်ပေါက်နေရတဲ့ မြင်ကွင်းဟာ အတော်လေးရာယ်မောစရာကောင်းလှပါတယ်။ သူ့ရဲ့အဘွားက ကြယ်သီးတပ်ဖို့ ဘယ်လောက်ဘဲကြိုးစားပြီး ကူညီနေပါစေ လုပ်နိုင်လိမ့်မယ်မထင်ပါဘူး။

ဒါပေမယ့် အင်တာနက်အသုံးပြုသူ တော်တော်များများက သူဟာ တကယ်ချစ်စရာကောင်းတယ်ဆိုတာ တွေ့နေရပါတယ်။ အထူးသဖြင့် သူ့အဝတ်အစားတွေက အရမ်းနည်းနေလို့ သူဝုန်းဒိုင်းကြဲ မပစ်ခဲ့ပါဘူး။ အဲဒီအစား သူကအရာအားလုံးကို အကြောင်းပြုပြီး အရမ်းပျော်ခဲ့တာပါ။

Credit JRose (KB Chimmy)