Local News

ကြက်တောင်အားကစားမယ် သက်ထားသူဇာ တိုကျိုအိုလံပစ်ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရ

ကြက်တောင်အားကစားမယ် သက်ထားသူဇာ တိုကျိုအိုလံပစ်ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရ

မြန်မာ့လက်ရွေးစင်ကြက်တောင်အားကစားမယ် သက်ထားသူဇာဟာ ၂၀၂၀တိုကျိုအိုလံပစ်မှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိသွားပြီလို ကမ္ဘာ့ကြက်တောင်အားကစားအဖွဲ့ချုပ် Badminton World Federation (BWF) ကနေ ထုတ် ပြန်ကြေညာလိုက်ပါတယ်။

BWF ရဲ့ကြေညာချက်အရ သက်ထားသူဇာဟာ တစ်ဦးချင်းပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး သူအပါအဝင် အခြားနိုင်ငံအလိုက်ပြိုင်ဖက် ၄၃ ဦးရွေးချယ်ထားတာပါ။ ”သက်ထား နှစ်တွေချီပြီးမျှော်လင့်နေတဲ့ အိမ်မက်တကယ်ဖြစ်လာပါပြီ။ Tokyo 2020 Olympic ကို တကယ်ဝင်ခွင့်ရခဲ့ပါပြီ။ အားလုံးခက်ခဲနေကြတဲ့အချိန် စိတ်တွေညစ်ညူးနေရတဲ့အချိန်လေးမှာ ခဏလေးပဲဖြစ်ဖြစ် ပြုံးနိုင်‌အောင်လို့ပါ။

သက်ထားက မြန်မာပြည်သူပြည်သားအားလုံးအတွက် အကောင်းဆုံးကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်သွားမှာပါ။ သက်ထားရဲ့ အောင်မြင်မှုတွေဟာ မြန်မာပြည်သူပြည်သားအားလုံးရဲ့ အောင်မြင်မှုတွေပါပဲ” လို့သက်ထားသူဇာက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာရေးသားထားပါတယ်။

Badminton World Federation (BWF) ဟာ တိုကျို ၂၀၂၀ အိုလံပစ်အားကစားအတွက် ဆန်ကာတင်ရွေးချယ်ပြီး နောက် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရှိတဲ့ နိုင်ငံအလိုက် ကြက်တောင်ကစားသမားစာရင်းကို ဇူလိုင် ၅ရက်မှာ ထုတ်ပြန်ကြေညာခဲ့တာပါ။ အဲဒီမှာ နိုင်ငံအလိုက် ကိုယ်စားပြု အမျိုးသား ကစားသမား ၈၇ ဦး နဲ့ အမျိုးသမီးကစားသမား ၈၆ ဦး ကိုရွေးချယ်ထားတယ်လို့ဆိုပါတယ်။

Credit