Local News

ပြည်သူတွေရဲ့ကျေးဇူးရှင် ဒေါက်တာထားထားလင်းရဲ့ (၇)နှစ်အရွယ်သားငယ်လေးကို အခုထိခေါ်ထားပြီး ပြန်မလွှတ်ပေးသေးတဲ့အခြေအနေ

(၂၀၂၀)ခုနှစ်မှာမြန်မာနိုင်ငံအတွက်ကိုဗစ်ကာကွယ်ဆေးရရန် ကြိုးပမ်းဆောင်ရွက်ပေးခဲ့တဲ့ဒေါက်တာထားထားလင်းကတော့ ဖေဖော်ဝါရီလ(၁၁)ရက်နေ့မှစပြီးCDMလုပ်လိုက်တာဖြစ်ပါတယ်။

ပြည်သူတွေနဲ့တစ်သားတည်းရပ်တည်ပေးခဲ့တဲ့ဒေါက်တာထားထားလင်းကိုပြည်သူလူထုကလည်းအရမ်းကျေးဇူးတင်နေကြတာပဲဖြစ်ပါတယ်။ဇွန်လ(၁၀)ရက်နေ့မှာတော့ဒဂုံမြို့နယ်၊ယောမင်းကြီးရပ်ကွက်၊နဝဒေးလမ်းအနီးတွင်ဒေါက်တာထားထားလင်းဖမ်းဆီးခံလိုက်ရတယ်လို့သိရပါတယ်။

ဒေါက်တာထားထားလင်းကိုမဖမ်းဆီးနိုင်ခင်အချိန်ကတည်းကနစကအဖွဲ့မှတိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းလက်ကျန်ငွေစာရင်းကို ရှင်းလင်းခြင်းမရှိဘဲCDMဝန်ထမ်းအဖြစ်ခံယူသွားကြောင်းစွပ်စွဲထားတယ်လို့သိရပါတယ်။

ဒါ့ကြောင့်ဒေါက်တာထားထားလင်းကိုနေပြည်တော်၊ဘုရားကုန်းမြို့မရဲစခန်းတွင်၅၀၅(က)ပုဒ်မနဲ့အမှုဖွင့်လှစ်ထားတာဖြစ်ပါတယ်။ဒါ့အပြင်ဒေါက်တာထားထားလင်းရဲ့(၇)နှစ်အရွယ်သားငယ်လေးကိုလည်းလက်ရှိအချိန်ထိမလွှတ်ပေးသေးဘဲခေါ်ထားတယ်လို့သိရပါတယ်။

သားငယ်လေးကအရမ်းထူးချွန်ပြီးအင်္ဂလိပ်စာအရမ်းတော်တဲ့ကလေးလေးဖြစ်ပါတယ်။အခုအချိန်မှာသားလေးကိုဘယ်နေရာမှာထားထားလဲဆိုတာကိုတောင်မသိရတဲ့အခြေအနေဖြစ်ပါတယ်။

(၇)နှစ်အရွယ်လေးနဲ့ဒီအခြေအနေကိုဘယ်လိုများရင်ဆိုင်နေရမလဲဆိုပြီးပြည်သူလူထုကစိုးရိမ်ပူပန်နေကြတာဖြစ်ပါတယ်။ဘာမှမသိနားမလည်သေးတဲ့သားငယ်လေးကိုချက်ချင်းပြန်လွှတ်ပေးဖို့ပြည်သူတွေကတောင်းဆိုနေတဲ့အကြောင်းလေးကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။

Source&Photo Credit:Original Uploder

Crd-M. M. H