မောနေတဲ့အမေကို ငုတ်တုတ်ထိုင် ကြည့်နေရုံမှတစ်ပါး ဘာမှမလုပ်ပေးလိုက်နိုင်ခဲ့တဲ့အဖြစ်….အလောင်းကိုသယ်ဖို့တောင် လူမရှိတဲ့အဖြစ်…ရင်တွေအခါခါကွဲရတဲ့အဖြစ်ပါလား….

မောနေတဲ့အမေကို ငုတ်တုတ်ထိုင်
ကြည့်နေရုံမှတစ်ပါး ဘာမှမလုပ်ပေးလိုက်နိုင်ခဲ့တဲ့အဖြစ်….အလောင်းကိုသယ်ဖို့တောင် လူမရှိတဲ့အဖြစ်…ရင်တွေအခါခါကွဲရတဲ့အဖြစ်ပါလား….

မေကြီး ဖေကြီး မောင်လေး သုံးယောက်လုံး positive ဖြစ်တယ် ဘယ်ဆေးရုံ ဆေးခန်းမှပို့လို့မရဘူး…လက်မခံဘူး အကို အမတွေကောင်းလို့ အောက်ဆီဂျင်ဗူးတွေရပေမယ့်…အောက်ဆီဂျင် ၆၀ ၇၀ ပဲရှိလို့ တစ်ညလုံးရှူနေတော့…ညနှစ်နာရီ အောက်ဆီဂျင်ပြတ် သွားတယ်။

အဲ့ကတည်းက မောနေတဲ့အမေကို ငုတ်တုတ်ထိုင်
ကြည့်နေရုံမှတစ်ပါး ဘာမှမလုပ်ပေးလိုက်နိုင်ဘူးမနက်ငါးနာရီဆုံးတယ် ခု အသက် ၇၀ ကျော်အဖေလည်း မောနေတယ်.သူ့မိန်းမအလောင်းနားက မခွာဘူး။ကဲ…ငါမေးပြီ စကစ နင်တို့ဘာလုပ်ပေးနိုင်လဲ?
နင်တို့ ဘာရလိုက်လဲ? ငါတို့ပြည်သူတွေတော့ ဘဝတွေ အသက်တွေ ရင်းနေရပြီ မအလ ကမ္ဘာမကြေဘူး

edit# ခု body သယ်ဖို့ ဘယ်သူ့ခေါ်ရမှန်းမသိတော့ဘူးကိုဗစ်ကြောင့်မသယ်ရဲ​ကြဘူးဆောက်ရွဲ့တိုက်ပြီးငါ့အမေအလောင်းကို လမ်းပေါ်ချထားလိုက်ရမလားမလုပ်ဘူးမထင်နဲ့ ငါတကယ်လုပ်မှာလိုပေါက်ကွဲနေရပါတယ် စိတ်မကောင်းစရာတွေ နေ့စဥ်အမျှ ကြားနေရ မြင်နေရ မရှိပါစေတော့ဗျာ

Credit – BaWinSein fb acc





Credit – BaWinSein fb acc