အရမ်းကို အောက်တန်းကျတဲ့ စစကရဲ့ တိုက်ခိုက်နည်းနဲ့ ရင်ဆိုင်နေရတဲ့ ဒီပဲယင်း

အရမ်းကို အောက်တန်းကျတဲ့ စစကရဲ့ တိုက်ခိုက်နည်းနဲ့ ရင်ဆိုင်နေရတဲ့ ဒီပဲယင်းဒီပဲယင်းနဲ့ ပတ်သက်ပြီး အရေးကြီးတာပြောပြမယ်။ ဒီပဲယင်းမှာ အသုံးပြုသွားတဲ့လက်နက် ဓာတုလက်ဖြစ်တယ်။ 84ကျည်မှာ ဓာတုအဆိပ်ငွေ့တမျိုးကို ထည့်ပြီး ပစ်သွားတာဖြစ်နိုင်သလို ဒရုန်းကိုအသုံးပြုပြီး ပစ်တာလည်းဖြစ်နိူင်တယ်။ သေဆုံးသူမှာ ဘာဒါဏ်ရာမှမရှိပဲ ခန္ဓာကိုယ် အရေပြား ညိုမဲသလို ခရမ်းရောင်လို ဖြစ်ပြီး နား၊ မျက်စိ၊ နှာခေါင်း ပါးစပ်ကနေအဆိပ်သင့်ပြီး သွေးထွက် သေဆုံးတာဖြစ်တယ်။

ဒီလို ဓာတုလက်နက်မျိုးကို ၁၉၉၅-၉၆ခုနှစ်ကာလ ဗိုလ်ချုပ်တင်ဦးလက်ထက် KNUရဲ့ ဝါးခသစ်စခန်းကိုတိုက်တုန်းက အသုံးပြုခဲ့ဖူးတယ်။ သေချာအောင်ပြောရမယ်ဆိုရင် KNUရဲ့ ဝါးခသစ်စခန်းကို စစ်တပ်က တပ်မ၁၀မ ဝိုင်းထားပြီး ထိုးဖောက်ဖို့ကြိုးစားနေချိန် KNUရဲ့ လက်ချက်နဲ့အပစ်ခံရတဲ့ ကျိုက်ထို ခမယ၂ တပ်မ၄၄ လက်အောက်ခံ ဒုဗိုလ်မှူးကြီး တင်ပါးကို ကျည်ထိပြီး သူ့ရဲ့ လုံခြုံရေးတပည့်အရင်း ထွေးအောင် ထိုနေရာမှာတင် ကျဆုံးလို့ ဝါးခသစ်စခန်းကို ဘယ်လိုမှ ‌ထိုးမဖောက်နိုင်တော့ အထက်ကို တင်ပြတယ်။

ဗိုလ်ချုပ်တင်ဦးက ဒီကိစ္စကို ၁၅မိနစ်နဲ့ ရင်ဆိုင်ခိုင်းဖို့ အမိန့်ပေးလိုက်တယ်။။ ၁၅မိနစ်အတွင်းမှာပဲဗိုလ်ချုပ်တင်ဦးအပါအဝင် ဝတ်စုံဖြု ဝတ်ထားတဲ့ သုံးယောက် တင်ဦးအပါအဝင် လေးယောက် ဟိုက်စကီးနဲ့ ရောက်လာပြီးအခုလို ဓာတုလက်နက်ကို အသုံးပြုပြီး ၁၅မိနစ်အတွင်း အပြတ်ရှင်းလိုက်တာ ဝါးခသစ်စခန်းကျဆုံးသွားသလို KNUရဲဘော်တွေ ယခုလိုပဲ အများအပြားကျဆုံးကုန်တယ်။

ဘာဒါဏ်ရာမှ မပေါ်ပဲ ညိုမဲပြီး အခုဒိပဲယင်းမှာ ကျဆုံးသွားတဲ့ လူငယ်တွေရဲ့ ရုပ်အလောင်းအတိုင်းပါပဲ။ ဆိုတော့ …. ဒီပဲယင်းကလူငယ်လေးတွေကို အထူးမှာချင်တာက ရုပ်အလောင်းကို မမြုပ်ပဲ အတတ်နိူင်ဆုံး မပုတ်မသိုးအောင် ပြင်ဆင်ပြီး နယ်စပ်တနေရာကို ရအောင်ပို့ပါ။ NUGနဲ့လည်းချိတ်ဆက်ပါ။ ပြည်ပဆရာဝန်တွေနဲ့ ခွဲစိတ်ပြီး သုသေတနလုပ်ပေးစေချင်တယ်။ ဒီကိစ္စကို ဖော်ထုတ်စေချင်တယ်။

ရုပ်အလောင်းတခုရလည်း လုံလောက်ပါတယ်။ ဒုတိယအနေနဲ့ သတိပေးချင်တာက… ဒီပဲယင်းအပါအဝင် ကျန် နယ်ဘက်တွေ ကျေးရွာတွေကလှုပ်ရှားနေတဲ့ ပျောက်ကျားအဖွဲ့ကို မှာချင်တာက စကစ ဒီဓာတုလက်နက်ကို ပြန်ပြီးစမ်းသပ်နေတာလည်းဖြစ်သလို အသုံးပြုနေတာလည်းဖြစ်တာကြောင့် ဒီလို အသုံးပြုလာပြီဆိုတာနဲ့ စကစကို ရင်မဆိုင်ပဲ လွတ်ရာကို ပြေးရှောင်ကြပါ။

အခုဟာက ဓားချင်းဓားချင်း၊ သေနတ်ချင်း သေနတ်ချင်း စိတ်ဓာတ်ချင်း ယှဉ်တာမဟုတ်တော့ပဲ အရမ်းကိုအောက် တန်းကျတဲ့ တိုက်ခိုက်နည်းဖစ်တဲ့အတွက် လွတ်ရာရှောင်ကြပါ။လုံးဝ ရင်မဆိုင်ကြပါနဲ့။ ကျနော် ခင်ဗျားတို့ကို နှမြောလို့ပါ။ကျနော်တို့ ဒီလိုအခြေအနေရောက်လာရင် ဒီထက်ကောင်းတဲ့အစီအစဉ်နဲ့ ပြင်ဆင်ပြီး ပြန်တိုက်ဖို့ နည်းလမ်းရှာကြမယ်လေ နော်။

Credit