Sports

ဆန်ချိုပါလာမယ့်ယူနိုက်တက်မှာ ရင်ခုန်စရာအခိုက်အတန့်ကိုမြင်ရမှာပါဆိုတဲ့ မက်ဂွိုင်းယား

ယူနိုက်တက်ဟာဆန်ချိုအတွက် ဒေါ့မွန်နှင့် ပြောင်းရွှေ့ကြေး ယူရို(85) သန်း၊ အပိုဆုကြေးအဝင်ယူရို(95)သန်း ဖြင့်သဘောတူညီမှုရခဲ့ပြီးဖြစ်ကြောင်းသိရပါတယ်။ဆန်ချို မှာ ယူနိုက်တက်နှင့်လာမည့်ရက်ပိုင်းတွင် ယူနိုက်တက် နှင့်စာချုပ် ချုပ်ဆိုမည်ဖြစ်ပါတယ်။ဥရောပဖလားပြိုင်ပွဲပြီးသည်နှင့်ယူနိုက်တက်နှင့်ဆေးစစ်မှုကို ခံယူမှာဘဲဖြစ်ပါတယ်။ ယူနိုက်တက်တွင်ကျောနံပတ်(7)ကို ဝတ် ဆင်မယ်လို့ သိရပေမယ့် မသေချာသေးပါဘူး။

ယူနိုက်တက်အသင်းခေါင်းဆောင်ဖြစ်တဲ့ မက်ဂွိုင်းယားကတော့ သူ့ရယ့် ဆန်ချိုအပေါ်အမြင်အချို့ကို မျှဝေခဲ့ပါတယ်။ မက်ဂွိုင်းယားက” ဆန်ချိုဆိုတာ ကြီးမားတဲ့ပင်ကိုယ်အရည်အသွေးနဲ့ အတူ မျှော်လင့်လို့ရတဲ့ ကစားသမားပါ။ သူဟာ လူငယ် ကစားသမားဆိုပေမယ့် အတွေ့အကြုံရှိတဲ့ ကစားသမား ပါ။ ဂျာမန်ကလပ်မှာ သူစွမ်းဆောင်ထားတာတွေကို အထင်ကြီးစရာပဲ။

ဆန်ချိုက ကစားသမားကောင်းတစ်ဦးပါ။ အပြောင်းအရွှေ့က အခုထက်ထိမပြီးသေးလို့ (ဂျာစီမကိုင်သေးလို့) ယူနိုက်တက်ကစားသမားဖြစ်ပြီး လို့မပြောချင်သေးပါဘူး။ လက်ရှိမှာသူ့ကို ဒေါ့မွန်ကစားသမားအဖြစ်နဲ့ ပဲ မြင်ထားတယ်။ ဒါပေမယ့် လာမယ့်အချိန်မှာ ရင်ခုန်စရာအခိုက်အတန့်တော့မြင်ရမှာပါ။ ” ဆိုပြီးပြောကြားခဲ့ပါတယ်။

TSSoe
Internet Source
Photo Credit To Owner
Sport Gaber