Celebrity

အောက်ဆီဂျင် အိုးများနဲ့ အရေးပေါ် ဆေးဖိုးလိုအပ်နေသူများကို အလှူငွေများ လှူဒါန်းပေးခဲ့တဲ့ ခိုင်နှင်းဝေ

အောင်မြင်မှုတွေ အခိုင်အမာရရှိထားတဲ့အပြင် ပရဟိတအလုပ်တွေကိုလည်း ဆက်တိုက်လုပ်ဆောင်နေသူကတော့ မင်းသမီးချောခိုင်နှင်းဝေပဲ ဖြစ်ပါတယ် ။ခိုင်နှင်းဝေကတော့ မိဘမဲ့ဂေဟာကိုလည်း တည်ထောင်ထားသလို လိုအပ်နေသူတွေအတွက် ကူညီပံ့ပိုးပေးနေပြီး လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာလည်း ပြည်သူတွေအတွက် လှူဒါန်းမှုတွေ ပြုလုပ်နေသူပါ ။ 

လိုအပ်နေတဲ့ နေရာဒေသတွေကို ကိုယ်တိုင်သွားရောက်ကာ စားနပ်ရိက္ခာတွေ လှူဒါန်းဝေငှပေးခဲ့တာ ဖြစ်ပါတယ် ။ ဒါ့အပြင် ဒီလိုခက်ခဲတဲ့ ကာလတွေမှာတောင် စွန့်ပစ်ခံရတဲ့ ကလေးငယ်လေးတွေကိုလည်း မိခင်မေတ္တာ အပြည့်နဲ့ ခေါ်ယူစောင့်ရှောက်ပေးမှုတွေလည်း ပြုလုပ်ခဲ့တာ တွေ့ရပါတယ် ။  တကယ်ကို မွန်မြတ်တဲ့ စိတ်ထားလေးကို ပိုင်ဆိုင်ထားသူတစ်ယောက်ပါပဲနော် ။ 

ကောင်းမှုတစ်ခု နေ့စဉ်ပြုလုပ်နေတဲ့ ခိုင်နှင်းဝေကတော့ အခုလည်း မွန်မြတ်တဲ့ အလှူလေး တွေကို ပြုလုပ်ခဲ့ပြန်ပါတယ် ။အရှေ့ဒဂုံဘက်အတွက် အောက်ဆီဂျင်အိုများ လှူဒါန်းခဲ့တဲ့ အပြင် ဆေးကုသဖို့ အရေးပေါ် လိုအပ်နေတဲ့ လူနာများအတွက် ဆေးဖိုးများ လှူဒါန်းခဲ့ပြန်ပါတယ် ။ အလှုပုံလေးတွေနဲ့ အတူ ” အရှေ့ဒဂုံ ဘက်သို့ အောက်ဆီဂျင် အိုး(၃)အိုး  နှင့် ဒဂုံဆိပ်ကမ်းဘက်မှ အရေးပေါ် ဆေးဘိုးလိုအပ်နေသော သူ (၅)ဦးအား တစ်ဦးလျှင် (၅)သောင်းကျပ် တို့ကို လှူဒါန်းပေးခဲ့ပါတယ်…အလှုရှင်များ အားလုံးနှင့် တကွ ခုနှစ်ရက် သားသမီးများ အားလုံး သာဓုခေါ်ဆို ကုသိုလ်ပွားများ နိုင်ကြပါစေရှင်.” ရေးသားဖော်ပြထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

Yuan – Cele Zone

Photo – khine Hnin Wai