Local News

ကလေးမြို့မှာ ကိုဗစ်ကြောင့် သေဆုံးသူတွေ များပြားနေတာကြောင့် မီးသြင်္ဂိုလ်ဖို့တောင် မနိုင်တော့တဲ့ အသက်မဲ့ ခန္ဓာကိုယ်များ

ဒီနေ့လည်း ကလေးမြို့မှာ ကိုဗစ်ကြောင့် သေဆုံးသူတွေ များပြားနေတာကြောင့် မီးသြင်္ဂိုလ်ဖို့တောင် မနိုင်တော့တဲ့ အသက်မဲ့ ခန္ဓာကိုယ်များ

ကိုဗစ်ရောဂါကတော့ တစ်ကမ္ဘာလုံးမှာ ဖြစ်ပွားလျက်ရှိပြီး နိုင်ငံသားတိုင်း ကူးစက်မှာ ကြောက်နေရတဲ့ ရောဂါဆိုးကြီး တစ်ခုပါ ။ ဒါ့ကြောင့်လည်း ကမ္ဘာ့ကျွမ်းကျင် ဆရာဝန်တွေ အတတ်ပညာရှင်တွေကလည်း ဒီရောဂါဆိုးကြီးကို ပျောက်ကင်းအောင် ထိန်းချုပ်နိုင်မယ့် နည်းလမ်းတွေကို အစွမ်းကုန် ကြိုးစားရှာဖွေနေကြတာလည်းဖြစ်ပါတယ် ။ ဒီလို အစစ အရာရာ တိုးတက်နေတဲ့ နိုင်ငံတွေမှာတောင် ဒီရောဂါကို ကာကွယ်ရုံကလွဲပြီး မထိန်းချုပ်နိုင်တာ မဖွံဖြိုးသေးတဲ့ သာမာန်နိုင်ငံလေးတွေဆို ပိုလို့တောင် အစစအရာရာ ဂရိုစိုက်နေကြရတာပါ ။

ခုဆိုရင် တတိယလှိုင်းအနေနဲ့ နိုင်ငံတကာမှာ ပြန်လည်ဖြစ်ပွားနေပြီး သေဆုံး သူတွေ များပြားသည်အထိ ရောဂါပိုးက ပိုမို ပြင်းထန်လျက်ရှိလာပါတယ် ။ မြန်မာနိုင်ငံမှာဆိုရင်လည်း ကိုဗစ်ကူးစက်မှုနှုန်းတွေ နေရာအနှံအပြားမှာ မြင့်တက်နေပြီး နယ်မြို့တွေမှာ ဆိုရင် အခြေအနေ တော်တော်ဆိုးနေတာကြောင့် Stay Home အမိန့်တွေ ချမှတ်ထားရသည်အထိပါပဲ ။ ဒီလိုနယ်မြို့တွေထဲမှာ ကိုဗစ် ဒဏ်ကို အဆိုးဆုံး ခံစားနေရတာတော့ ကလေးမြို့လေးပဲဖြစ်ပါတယ် ။

ကလေးမြို့မှာဆိုရင် မထိန်းချုပ်နိုင်လောက်အောင်ကို တစ်နေ့ထက် တစ်နေ့ ကိုဗစ်ရောဂါကြောင့် သေဆုံး သူတွေပိုပိုတိုးလာလျက်ရှိတယ်လို့ ဒေသခံတွေပြောကြားထားတာတွေ့ရပါတယ် ။ ကလေးမြို့မှာအစည်ကားဆုံးနေရာက သုသာန်ဖြစ်နေပြီး လူပြတ်ချိန်တောင်မရှိဘူးလို့ သိရပါတယ် ။ အခုလည်း ကိုဗစ်ကြောင့် သေဆုံးသွားတဲ့ လူနာတွေကို သြင်္ဂိုလ်ပေးနေရတဲ့ ဒေသခံတစ်ဦးကလည်း သူရဲ့ မျက်မြင်ကိုယ်တွေ့လေးကို ” ဒီနေ့ ကလေးမြို့မှာ သေဆုံးသူများတယ် စိတ်မကောင်းစရာပဲ ကိုဗစ်အပါအဝင် ၉၆ ပါးသောရောဂါနဲ့ သေဆုံးသူတွေရော

အတော်ကိုများတယ် မနက်၇ ခွဲကတည်းကနေ စပို့ရတာ ခုထိမနားရသေးဘူး ယခုပုံဟာ နေ့လည် ၁ နာရီမှာရိုက်ထားတာဖြစ်ပါတယ် ကျနော်တို့အသင်းက ပို့ဖို့နာရေး ၁ ခု ကျန်သေးသလို  အခြားအသင်းတွေကလဲ ပို့ဖို့ကျန်နေသေးတယ်တဲ့ Edit ကျနော်တို့နောက်ဆုံး‌တစ်ယောက်ပို့ချိန် ညနေ ၃ နာရီမှာ

မီးသြင်္ဂိုဟ်စရာ အလောင်း ၂၀ ဝန်းကျင်ရှိနေပါသေးတယ် (ဒီပုံဟာ ဗုဒ္ဓဘာသာဝင် သင်္ချိုင်းကပုံဖြစ်ပါတယ် အခြားဘာသာဝင်တွေရဲ့ သင်္ချိုင်းတွေမှာလဲ သေဆုံးသူများပြားကြောင်း သိရပါတယ်) ” ဆိုပြီး ရေးသားဖော်ပြထားရာ စာလေးဖတ်ပြီး စိတ်မကောင်းဖြစ်မိတာ အမှန်ပါပဲ ။ ပရိသတ်ကြီးလည်း ကလေးမြို့ရဲ့ ဆိုးရွားလွန်းနေတဲ့ ကိုဗစ်အခြေအနေကို ပြန်လည် ဝေမျှပေးရင်း အားလုံး ဒီရောဂါ ကပ်ဆိုးကြီးကနေ ကင်းဝေးကြပါစေ ဆုတောင်းပေးလိုက်ပါတယ် ။
Crd….