Local News

မိခင်ဖြစ်သူက ကိုဗစ် ကူးစက်ခံထားရတာကြောင့် နို့ဆာနေတဲ့ (၂) လသားအရွယ် သမီးငယ်လေးကို နို့တိုက်ခွင့်မရတဲ့ ရင်နင့်စရာ အဖြစ်လေး

ကိုဗစ်ရောဂါဆိုးကြီးက တကယ်ကို ကြောက်စရာကောင်းတဲ့ ကူးစက်ရောဂါတစ်ခုပါပဲ ။ လူတန်းစားမရွေး ကူးစက်နိုင်သလို အသက်အရွယ်အပိုင်းအခြားလည်း မရွေးတာကြောင့် မဖြစ်ခင် ကြိုတင်ကာကွယ်ဖို့ အရမ်းလိုအပ်ပါတယ် ။  မိသားစုဝင် တစ်ဦးကူးစက်ရင်တောင် တစ်မိသားစုလုံးကို ကူးစက်နိုင်ခြေ အရမ်းများတာကြောင့် ရောဂါအခံရှိသူတွေ ၊ သက်ကြီး ရွယ်အိုတွေ ၊ ကလေးငယ်လေးတွေ အတွက် အသက် အန္တရာယ်ကို ထိခိုက်မှုတွေ များစွာရှိနိုင်ပါတယ် ။

ခုဆိုရင် မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါ ကူးစက်မှုတွေ တတိယလှိုင်း အနေနဲ့ ပြန်လည်ဖြစ်ပွားလျက်ရှိပြီး တစ်ချို့နေရာတွေဆို မထိန်းချုပ်နိုင်လောက်အောင် သေဆုံးသူတွေ များပြားနေတာပါ ။ ကိုဗစ်ကြောင့် ရင်နာစရာ အဖြစ်တွေကို နေ့စဉ်တိုင်း တွေ့နေကြားနေရတာလည်း တကယ်ကို စိတ်မကောင်းဖြစ်မိတာ အမှန်ပါပဲ ။

အခုလည်း ကလေးမိခင်တစ်ယောက်ဟာ ကိုဗစ်ကူးစက် ခံထားရတာကြောင့် (၂) လအရွယ် သူမရဲ့ ရင်သွေးလေးနဲ့ ခွဲနေရပြီး နို့ဆာနေချိန်တောင် တိုက်ခွင့်မရလို့ ငိုယိုနေတဲ့ သမီးလေးကို ဖခင်ဖြစ်သူက ချော့မြှူထားရတယ်ဆိုတဲ့ ရင်နင့်စရာ ပို့စ်လေးတစ်ခု ပျံ့နှံ့လျက်ရှိပါတယ် ။

ဘယ်မိဘမဆို ကိုယ့်သားသမီးငိုနေတာကို ထိုင်မကြည့်နိုင်ကြပါဘူး ။ သူရဲ့ ရင်ထဲမှာ ဘယ်လောက်တောင် ပူပန်သောကရောက်နေမလည်းဆိုတာ ကိုယ်ချင်းစာမိတာ အမှန်ပါပဲ ။ ဒီလို မအိပ်နိုင်လောက်အောင် စိတ်သောကရောက်နေတဲ့ မိခင်ကို ဆရာဝန်တွေ တိုင်ပင်ပြီး ကလေးငယ်လေးကို နို့တိုက်ခွင့်ရအောင် ပြုလုပ်ပေးခဲ့ကြောင်းကိုလည်း ” ပေါင်မြို့နယ်တွင် ကိုဗစ် ပိုးတွေ့တဲ့အထဲမှာမှ နို့စို့ကလေးရဲ့မိခင်ကPositive ဖြစ်ပြီး (၂)လသားသမီးလေးက Negative ဖြစ်ပါတယ်။

ကလေးအမေက P ဆိုတော့ ကလေးနဲ့ တစ်ကွဲတစ်ပြားဖြစ်သွားပါတယ်။ကလေးအမေကိုIso-2ပို့နေတဲ့အချိန် ကလေးအဖေက သူ့သမီးလေးကို သီချင်းဆိုပြီးချော့မြူနေတာ ကြားရတော့ တွေ့မြင်ရတဲ့သူတိုင်း မျက်ရည်ဝဲခဲ့ကြရပါတယ်။ ကလေးလည်းနို့မပြတ်သေးတဲ့အရွယ် ဖြစ်နေပါတယ်။  ဒီလိုနဲ့ Iso တာဝန်ခံဆရာဝန် Dr H က ကလေးကို မိခင်ရင်ခွင်ထဲပြန်ရောက်စေဖို့  ပြောလာတော့ အားလုံးတိုင်ပင် ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်းသိရပါတယ်။

ကလေးက သူ့မိခင်ရဲ့ ရင်ခွင်ထဲရောက်သွားပြီဖြစ်ပြီး ကလေးမိခင်ဖြစ်သူကို မေးကြည့်လိုက်တော့ “ကျွန်မ ဒီညတော့ အိပ်ပျော်ပါပြီ”တဲ့လေ။  သမီးလေးနဲ့မိခင်လည်းအမြန်နေကောင်းကျန်းမာပါစေလို့ဆုတောင်းပေးနေကြပါတယ်။ ” ဆိုပြီး ရေးသားဖော်ပြထားပါတယ် ။ စာလေးဖတ်ပြီး စိတ်မကောင်းဖြစ်မိသလို ပြည်သူအားလုံးလည်း ဒီရောဂါကပ်ဆိုးကြီးကနေ ကင်းဝေကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ။

Credit