Local News

ဆဲဗင်းဇူလိုင် စိတ်ဓာတ်ကိုင်စွဲ တိုက်ပွဲဝင်ကြရန် နှိုးဆော်ခဲ့တဲ့ မြင်းခြံမြို့က သပိတ်စစ်ကြောင်း

မြင်းခြံ နည်းပညာ​ကောလိပ်​ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)နှင့် ပြည်သူလူထုသည် ယနေ့ ကျရောက်သော ၇ ဇူလိုင် ၅၉ နှစ်ပြည့် တွင် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေး ကြွေးကြော်ကာ မြင်းခြံမြို့နယ်၊ အေးမြသီတာ​စျေး လမ်းမပေါ် ချီတက်ဆန္ဒပြခဲ့သည်။

၇ ဇူလိူင် စိတ်ဓာတ်ကိုင်စွဲ တိုက်ပွဲဝင်ကြ၊ စစ်အာဏာရှင်စနစ်ကို ရရာနည်းနဲ့ အမြစ်ပြတ်​ချေမှုန်းကြ” စသည့် နှာဖူးစည်းများဖြင့် လမ်း​လျှောက်ချီတက်ခဲ့သည်။

ငါတို့မြို့ပြ​တွေကို ငါတို့ပြန်သိမ်းပိုက်ပြီ၊ ငါတို့လမ်း​တွေ ငါတို့ပြန်​သိမ်းပြီ၊ ၂၀၀၈ ​ခြေ/ဥ ဖျက်သိမ်း​ရေး၊ ဒီမိုက​ရေစီ ရရှိ​ရေး၊ ဖက်ဒရယ် ဒီမိုက​ရေစီဖွဲ့စည်းပုံသစ် ​ပေါ်​ပေါက်​ရေး၊ ဖမ်းဆီးခံနိုင်ငံ​ရေး အကျဥ်းသားများ ချက်ချင်းလွှတ်၊ ဖိရင်ကြွမယ် ထိရင်ချမယ်၊ စစ်အာဏာရှင်စနစ်မုချကျဆုံးရမည်”၊ အရေးတော်ပုံအောင်ရမည်” ဟူ၍လည်း ကြွေးကြော်ခဲ့ကြသည်။

credits from Irrawaddy Burmese Edition

Zawgyi

မြင်းခြံ နည်းပညာ​ကောလိပ်​ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)နှင့် ပြည်သူလူထုသည် ယနေ့ ကျရောက်သော ၇ ဇူလိုင် ၅၉ နှစ်ပြည့် တွင် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေး ကြွေးကြော်ကာ မြင်းခြံမြို့နယ်၊ အေးမြသီတာ​ဈေး လမ်းမပေါ် ချီတက်ဆန္ဒပြခဲ့သည်။

၇ ဇူလိုင် စိတ်ဓာတ်ကိုင်စွဲ တိုက်ပွဲဝင်ကြ၊ စစ်အာဏာရှင်စနစ်ကို ရရာနည်းနဲ့ အမြစ်ပြတ်​ချေမှုန်းကြ” စသည့် နှာဖူးစည်းများဖြင့် လမ်း​လျှောက်ချီတက်ခဲ့သည်။

