Sports

ရော်ဘတ်တို ကာလိုစ်ရယ့် ချီးကျူးသံကိုကြားရတာ ယုံတောင်မယုံနိုင်ဘူးဆိုတဲ့ လုခ်ရှော

ရော်ဘတ်တို ကာလိုစ်ရယ့် ချီးကျူးသံကိုကြားရတာ ယုံတောင်မယုံနိုင်ဘူးဆိုတဲ့ လုခ်ရှော

ယူနိုက်တက်ပရိတ်‌သတ်တော်တော်များများဟာ လုခ်ရှောရယ့် အင်္ဂလန်အသင်းနဲ့ အတူ ခြေစွမ်းပြနေတာ သိကြမှာပါ။ ဘရာဇီးအသင်းရယ့် ဂန္တ၀င်ကစားသမားတစ်ဦးဖြစ်တဲ့ ရော်ဘတ်တို ကာလိုစ်နဲ့ ခိုင်းနှိုင်းမှုတွေရှိခဲ့ပြီး ကာလိုစ်ကလည်း လုခ်ရှောအပေါ် ချီးကျူးပြောဆိုမှုတွေရှိခဲ့ပါတယ်။ကာလို့စ်၏ ချီးကျူးခံရမှုအပေါ် လုခ်ရှော့ မှ

” အကောင်းဆုံးဘယ်နောက်ခံလူတွေထဲက တစ်ဦးဖြစ်တဲ့ ကာလို့စ်ရဲ့ချီးကျူးစကားသံကြားရတာက အင်မတန်မှ ကောင်းလှပါတယ်။ အထူးသဖြင့် ယူကရိန်နဲ့ ပွဲပြီးတော့ Instagram မှာ ကျွန်တော့်ကို following လုပ်ခဲ့သလို ကျွန်တော့် post ကို Comment ပေးခဲ့တာကိုလည်းမြင်ခဲ့ရပါတယ်။ ဒါတွေမြင်တော့ ကျွန်တော့်ကိုယ် ကျွန်တော်ယုံတောင်မယုံနိုင်ဘူး။

ကွင်းထဲက ခင်ဗျာခြေစွမ်းကို ဘယ်လိုဆက်ပြီးထိန်းသိမ်းမလဲလို့ မေးခဲ့ရင်အထူးသဖြင့် ဝေဖန်စကားသံတွေကို လျစ်လျူရှု့လိုက်တာဟာ အကောင်းဆုံးပါ။ ကျွန်တော် တို့ကစားသမားတွေရဲ့အတွင်းပိုင်းကိစ္စမှာ များသောအားဖြင့် ကောင်းကြတာများပါတယ်။ အပြင်ပိုင်းကလူတွေ အတွင်းပိုင်းကိစ္စကိုဘာပဲ ပြောပြောလျစ်လျူရှု့လိုက်ပါတယ်။” ဆိုပြီး ပြောခဲ့ပါတယ်။

TTSoe
Sports Gaber
internet Source