Local News

RCSS ဗိုလ်ချုပ်ကြီး ယွက်စစ် PPST အဖွဲ့ခေါင်းဆောင်အဖြစ်ကနေ နှုတ်ထွက်

RCSS ဗိုလ်ချုပ်ကြီး ယွက်စစ် PPST အဖွဲ့ခေါင်းဆောင်အဖြစ်ကနေ နှုတ်ထွက်


#ShortNews
#MoreMrontVlog
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) အဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်ဟာ အစိုးရနဲ့အပစ်ရက်လက်မှတ်ရေးထိုးထားတဲ့ (NCA) နိုင်ငံရေးဦးဆောင်ဆွေးနွေးရေးအဖွဲ့ (PPST) ဥက္ကဌအဖြစ်ကနေ ဒီနေ့ ဇူလိုင် ၇ မှာ နှုတ်ထွက်သွားပါပြီ။


RCSS အဖွဲ့ဥက္ကဌမတိုင်ခင်မှာ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက တာဝန်ယူခဲ့တာဖြစ်ပါတယ်။ သူလည်းပဲ နှုတ်ထွက်ခဲ့တာကြောင့် အခုဆိုရင် PPST သက်တမ်းမှာ အဖွဲ့ဥက္ကဌတာဝန်ယူသူ နှုတ်ထွက်မှု နှစ်ကြိမ်မြောက်ဖြစ်လာပါတယ်။


RCSS အဖွဲ့ခေါင်းဆောင်က သူ့အနေနဲ့ မိခင်အဖွဲ့အစည်းကို ပိုပြီး အာရုံစိုက်ချင်တယ်လို့ဆိုပါတယ်။ လက်ရှိရှမ်းမြောက်မှာ SSPP/ TNLA တပ်ဖွဲ့တွေနဲ့ RCSS ဟာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေတဲ့အဖွဲ့ဖြစ်ပါတယ်။

Credit