“ တပ်မတော် တတိယအဆင့်မှ ဗိုလ်ချုပ်ကြီး မြထွန်းဦးကို ဖယ်ရှားလိုက်ခြင်း ”

“ တပ္မေတာ္ တတိယအဆင့္မွ ဗိုလ္ခ်ဳပ္ႀကီး ျမထြန္းဦးကို ဖယ္ရွားလိုက္ျခင္း ”

သတင္းမီဒီယာမ်ားႏွင့္ ရင္းႏွီးကြၽမ္း၀င္မႈရွိသည့္ ဗိုလ္ခ်ဳပ္ႀကီးျမထြန္းဦးကို အာဏာသိမ္း စစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က စစ္တပ္၏တတိယေျမာက္အႀကီးဆုံးရာထူးျဖစ္သည့္ ညႇိႏႈိင္းကြပ္ကဲေရးမႉး (ၾကည္းေရေလ) ရာထူးမွ ဖယ္ရွားခံလိုက္ရျခင္းျဖစ္သည္။ ဗိုလ္ခ်ဳပ္ႀကီး ျမထြန္းဦး၏ေနရာတြင္ တပ္မေတာ္ ေလ့က်င့္ေရး အရာရွိခ်ဳပ္ ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေအးကို

ရာထူးတိုးျမႇင့္ခန႔္အပ္လိုက္သည္။ ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေအးသည္ စစ္တကၠသိုလ္ အပတ္စဥ္ ၂၅ ဆင္း ျဖစ္ၿပီး ၂၀၁၀ ခုႏွစ္ ၾသဂုတ္လတြင္ ဗိုလ္မႉးခ်ဳပ္ ရာထူးျဖင့္ ေနျပည္ေတာ္ စစ္ဌာနခ်ဳပ္ တိုင္းမႉး တာဝန္ကို စတင္ ထမ္းေဆာင္ခဲ့သည္။ ၂၀၁၅ ခုႏွစ္ ဩဂုတ္လတြင္ တပ္မေတာ္ ေလ့က်င့္ေရး အရာရွိခ်ဳပ္ ျဖစ္လာခဲ့သည္။ ၄င္း၏ သားျဖစ္သူသည္ ရန္ကုန္နည္းပညာတကၠသိုလ္(ယခင္ ရန္ကုန္စက္မႈတကၠသိုလ္) တြင္ စက္မႈအင္ဂ်င္နီယာဘာသာရပ္ကိုတက္ေရာက္လ်က္ရွိသည္။ ဗိုလ္ခ်ဳပ္ႀကီးျမထြန္းဦးကို လုပ္ပိုင္ခြင့္အာဏာမရွိသည့္ ကာကြယ္ေရး၀န္ႀကီးဌာနသို႔

ပို႔လိုက္ေၾကာင္းလည္းသိရသည္။ ဗိုလ္ခ်ဳပ္မင္းေအာင္လႈိင္သည္ ၄င္း၏အာဏာတည္ေဆာက္ေရးအတြက္ ၄င္းအားယွဥ္ၿပိဳင္လာႏိုင္သည့္ ဗိုလ္ခ်ဳပ္ႀကီးမ်ားကို အာဏာမရွိ၊ လက္ကိုင္တပ္ရင္းမရွိသည့္ ရာထူးမ်ားသို႔ ေျပာင္းေ႐ႊ႕ေနျခင္းျဖစ္သည္။ အလားတူ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ကိုလည္း ျဖဳတ္ခ်လိုက္ၿပီး ပို႔ေဆာင္ေရး၀န္ႀကီးအျဖစ္ ခန႔္အပ္လိုက္သည္။ အေမရိကန္ေရတပ္သေဘၤာမ်ား ျမန္မာ့ေရပိုက္နက္အနီးေရာက္ရွိလာခ်ိန္တြင္

ေရတပ္တြင္ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) အသစ္အျဖစ္ ေသဆုံးသြားၿပီျဖစ္သည့္ စက္မႈ၀န္ႀကီးေဟာင္း ဦးေအာင္ေသာင္း၏သားအႀကီးဆုံး ဒုတိယဗိုလ္ခ်ဳပ္ႀကီး မိုးေအာင္ တာ၀န္ထမ္းေဆာင္ေနၿပီျဖစ္သည္။ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္သည္ ၄င္း၏သစၥာခံမ်ားအား ရာထူးေနရာအသီးသီးတြင္ အလ်င္အျမန္အစားထိုးေနၿပီျဖစ္ရာ အေျခအေနအမွန္ကိုသိရွိၾကသည့္ ဗိုလ္ခ်ဳပ္ႀကီးစိန္၀င္း၊ ဗိုလ္ခ်ဳပ္ႀကီးရဲေအာင္တို႔လည္း ရာထူးမွ

ႏႈတ္ထြက္သြားခဲ့ၾကသည္။ စစ္အာဏာသိမ္းမႈေၾကာင့္ ဗိုလ္ခ်ဳပ္ႀကီးျမထြန္းဦးသည္ ရာထူးမွႏႈတ္ထြက္စာတင္ခဲ့သျဖင့္ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္မွ တပ္မေတာ္စခန္းမႉး႐ုံးတြင္ ဖမ္းဆီးထိန္းသိမ္းထားရန္ ၫႊန္ၾကားခဲ့သည္။ သို႔ေသာ္ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီးစိုး၀င္း၏ ၾကား၀င္ေစ့စပ္မႈအရ ဖမ္းဆီးထိနိးသိမ္းမႈကို ႐ုပ္သိမ္းေပးခဲ့ၿပီး ကာကြယ္ေရး၀န္ႀကီးဌာန ႐ုံးႏွင့္ေနအိမ္အက်ယ္ခ်ဳပ္အျဖစ္ ဟန္မပ်က္ထားရွိထားေၾကာင္း သိရသည္။ ျပည္သူမ်ားအၾကားတြင္ ေရပန္းစားထင္ရွားသည့္ ဒုတိယဗိုလ္ခ်ဳပ္ႀကီးေက်ာ္ေဆြကိုလည္း ၄င္း၏ရန္ကုန္ေနအိမ္တြင္ ေစာင့္ၾကည့္လ်က္ရွိသည္။

3.7.2021 crd- Htinn Yii

Unicode

“ တပ်မတော် တတိယအဆင့်မှ ဗိုလ်ချုပ်ကြီး မြထွန်းဦးကို ဖယ်ရှားလိုက်ခြင်း ”

သတင်းမီဒီယာများနှင့် ရင်းနှီးကျွမ်းဝင်မှုရှိသည့် ဗိုလ်ချုပ်ကြီးမြထွန်းဦးကို အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စစ်တပ်၏တတိယမြောက်အကြီးဆုံးရာထူးဖြစ်သည့် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်းရေလေ) ရာထူးမှ ဖယ်ရှားခံလိုက်ရခြင်းဖြစ်သည်။ ဗိုလ်ချုပ်ကြီး မြထွန်းဦး၏နေရာတွင် တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မောင်မောင်အေးကို

ရာထူးတိုးမြှင့်ခန့်အပ်လိုက်သည်။ ဒုတိယ ဗိုလ်ချုပ်ကြီး မောင်မောင်အေးသည် စစ်တက္ကသိုလ် အပတ်စဉ် ၂၅ ဆင်း ဖြစ်ပြီး ၂၀၁၀ ခုနှစ် သြဂုတ်လတွင် ဗိုလ်မှူးချုပ် ရာထူးဖြင့် နေပြည်တော် စစ်ဌာနချုပ် တိုင်းမှူး တာဝန်ကို စတင် ထမ်းဆောင်ခဲ့သည်။ ၂၀၁၅ ခုနှစ် ဩဂုတ်လတွင် တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ် ဖြစ်လာခဲ့သည်။ ၎င်း၏ သားဖြစ်သူသည် ရန်ကုန်နည်းပညာတက္ကသိုလ်(ယခင် ရန်ကုန်စက်မှုတက္ကသိုလ်) တွင် စက်မှုအင်ဂျင်နီယာဘာသာရပ်ကိုတက်ရောက်လျက်ရှိသည်။ ဗိုလ်ချုပ်ကြီးမြထွန်းဦးကို လုပ်ပိုင်ခွင့်အာဏာမရှိသည့် ကာကွယ်ရေးဝန်ကြီးဌာနသို့

ပို့လိုက်ကြောင်းလည်းသိရသည်။ ဗိုလ်ချုပ်မင်းအောင်လှိုင်သည် ၎င်း၏အာဏာတည်ဆောက်ရေးအတွက် ၎င်းအားယှဉ်ပြိုင်လာနိုင်သည့် ဗိုလ်ချုပ်ကြီးများကို အာဏာမရှိ၊ လက်ကိုင်တပ်ရင်းမရှိသည့် ရာထူးများသို့ ပြောင်းရွှေ့နေခြင်းဖြစ်သည်။ အလားတူ ကာကွယ်ရေးဦးစီးချုပ်(ရေ) ကိုလည်း ဖြုတ်ချလိုက်ပြီး ပို့ဆောင်ရေးဝန်ကြီးအဖြစ် ခန့်အပ်လိုက်သည်။ အမေရိကန်ရေတပ်သင်္ဘောများ မြန်မာ့ရေပိုက်နက်အနီးရောက်ရှိလာချိန်တွင်

ရေတပ်တွင် ကာကွယ်ရေးဦးစီးချုပ်(ရေ) အသစ်အဖြစ် သေဆုံးသွားပြီဖြစ်သည့် စက်မှုဝန်ကြီးဟောင်း ဦးအောင်သောင်း၏သားအကြီးဆုံး ဒုတိယဗိုလ်ချုပ်ကြီး မိုးအောင် တာဝန်ထမ်းဆောင်နေပြီဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၎င်း၏သစ္စာခံများအား ရာထူးနေရာအသီးသီးတွင် အလျင်အမြန်အစားထိုးနေပြီဖြစ်ရာ အခြေအနေအမှန်ကိုသိရှိကြသည့် ဗိုလ်ချုပ်ကြီးစိန်ဝင်း၊ ဗိုလ်ချုပ်ကြီးရဲအောင်တို့လည်း ရာထူးမှ

နှုတ်ထွက်သွားခဲ့ကြသည်။ စစ်အာဏာသိမ်းမှုကြောင့် ဗိုလ်ချုပ်ကြီးမြထွန်းဦးသည် ရာထူးမှနှုတ်ထွက်စာတင်ခဲ့သဖြင့်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ တပ်မတော်စခန်းမှူးရုံးတွင် ဖမ်းဆီးထိန်းသိမ်းထားရန် ညွှန်ကြားခဲ့သည်။ သို့သော် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၏ ကြားဝင်စေ့စပ်မှုအရ ဖမ်းဆီးထိနိးသိမ်းမှုကို ရုပ်သိမ်းပေးခဲ့ပြီး ကာကွယ်ရေးဝန်ကြီးဌာန ရုံးနှင့်နေအိမ်အကျယ်ချုပ်အဖြစ် ဟန်မပျက်ထားရှိထားကြောင်း သိရသည်။ ပြည်သူများအကြားတွင် ရေပန်းစားထင်ရှားသည့် ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေကိုလည်း ၎င်း၏ရန်ကုန်နေအိမ်တွင် စောင့်ကြည့်လျက်ရှိသည်။

3.7.2021 crd- Htinn Yii