Local News

စစ်ကောင်စီရဲ့ဝါဒဖြန့်ချီရေးအတွက် သပြေရေဒီယိုအစီအစဉ်ထုတ်လွှင့်မယ်လို့ ကြောညာ

စစ်ကောင်စီရဲ့ဝါဒဖြန့်ချီရေးအတွက် သပြေရေဒီယိုအစီအစဉ်ထုတ်လွှင့်မယ်လို့ ဇူလိုင် ၇ မှာ ကြေညာပါတယ်။

ရန်ကုန်နဲ့မြန်မာနိုင်ငံ အလယ်ပိုင်းဒေသကို ပစ်မှတ်ထားထုတ်လွှင့်မှာဖြစ်ပြီး၊


စစ်ကောင်စီရဲ့လုပ်ဆောင်ချက်တွေနဲ့ သတင်းမှားပြန်လည်ဖြေရှင်းချက်တွေ အဓိကလွှင့်မယ်လို့ဆိုပါတယ်။

နိုင်ငံတော်စီမံခန့်ခွဲရေးကောင်စီ၏ တိုင်းကျိုးပြည်ပြုလုပ်ဆောင်ချက်များ ၊ သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းတု ၊ သတင်းမှားများအပေါ်ပြန်လည်ဖြေကြားခြင်း အစီအစဥ်များပါဝင်သည့် သပြေရေဒီယိုအစီအစဥ်ကို ယခု ဇူလိုင်လ (၁၁) ရက်နေ့တွင် စတင်ထုတ်လွှင့်သွားမည်ဟု သတင်းမှန်ပြန်ကြားရေးအဖွဲ့ထံမှ သိရသည်။

ယင်းအစီအစီကို မြန်မာနိုင်ငံအလယ်ပိုင့်းဒေသများ၌ လှိုင်းလတ် လှိုင်းနှုန်း 711 KHz နှင့် ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်၌ FM လှိုင်းနှုန်း 99. 6 တို့မှ ဖမ်းယူနားဆင်နိုင်မည်ဖြစ်ကြောင်း သိရသည်။

အစီအစဥ်များကို နေ့စဥ် မနက် ၇ နာရီမှ မွန်းတည့် ၁၂ နာရီအထိလည်ကောင်း ၊ ညနေ ၄ နာရီမှ ည ၉ နာရီအထိလည်းကောင်း ထုတ်လွှင့်ပေးသွားမည်ဖြစ်ကြောင်းနှင့် သတင်းမှန်ပြန်ကြားခြင်း ၊ သပြေတို့အရွယ် လူငယ် ၊ သိလိုရာမေး ကျန်းမာရေး နှင့် သပြေရေဒီယို တေးချိုချို အစရှိသည့် ကဏ္ဍများလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။