Local News

တယ်လီနော၏ ဆက်သွယ်ရေးလုပ်ငန်းကို ဝယ်ယူသည့် M 1 Group သည် မြန်မာစစ်တပ်၏ မိတ်ဖက်ကြီးဖြစ်နေကြောင်းသိရ

တယ်လီနော၏ ဆက်သွယ်ရေးလုပ်ငန်းကို ဝယ်ယူသည့် M 1 Group သည် မြန်မာစစ်တပ်၏ မိတ်ဖက် စီးပွားရေးကုမ္ပဏီဖြစ်နေ၊ Irrawaddy Green Tower အမည်ဖြင့် စစ်တပ်ပိုင် My Tel အတွက် တာဝါတိုင်များ တည်ဆောက်ပေးခဲ့

မြန်မာနိုင်ငံရှိ တယ်လီနော ဆက်သွယ်ရေးလုပ်ငန်းကို ဒေါ်လာ ၁၀၅ သန်းဖြင့် ဝယ်ယူသည့် လက်ဘနွန် M1 Group ကုမ္ပဏီသည် မြန်မာစစ်တပ်နှင့် စီးပွားရေး မိတ်ဖက် ကုမ္ပဏီဖြစ်ပြီး My Tel အတွက် ဆက်သွယ်ရေးတာဝါတိုင်များ တည်ဆောက်ပေးသည့် IGT (Irrawaddy Green Tower) ကုမ္ပဏီ၏ ရှယ်ယာများကို M 1 Group က အဓိက ပိုင်ဆိုင်ထားသည်။

IGT ကုမ္ပဏီ၏ အဓိက ရှယ်ယာများကို M1 Group က ပိုင်ဆိုင်ပြီး M1 Group ကို ယခင် လက်ဘနွန်ဝန်ကြီးချုပ်ဟောင်း Najib Makati မိသားစုက ပိုင်ဆိုင်ကြောင်း သိရှိရသည်။

M1 Group နှင့် ICT ကုမ္ပဏီတို့သည် မြန်မာစစ်တပ်နှင့် စီးပွားရေး မိတ်ဖက်လုပ်ကိုင်နေ၍ ကုလသမဂ္ဂလွတ်လပ်သော စုံစမ်စစ်ဆေးရေးကော်မရှင် FFM နှင့် Burma Campaign UK တို့က နာမည်ပျက်စာရင်းသွင်းထားသည့် လူ့အခွင့်အရေးချိုးဖောက်မှု အားပေးသည့် ကုမ္ပဏီများဖြစ်ကြောင်း သိရှိရသည်။

Credit – KT