Celebrity

ဝိုင်းဝန်း ဆဲဆိုကြတဲ့ Commentsများ​ကြောင့် စက္ကန့်ပိုင်း အတွင်း Live ဖျက် ​ပြေးရတဲ့ ထက်ထက်မိုးဦး

ဝိုင်းဝန်း ဆဲဆိုကြတဲ့ Commentsများ​ကြောင့် စက္ကန့်ပိုင်း အတွင်း Live ဖျက် ​ပြေးရတဲ့ ထက်ထက်မိုးဦး

​စစ်အာဏာသိမ်းအပြီးနောက် သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကို Unpublish လုပ်ကာ ကာလအတော်ကြာ ပျောက်ကွယ်နေသူ နိုင်ငံကျော်မင်းသမီး ထက်ထက်မိုးဦးသည် ကျန်းမာရေးကို အကြောင်းပြ၍ Live Sale များ ရောင်းချရန် ပြန်လည်ထွက်ပေါ်လာပါသည်။

ထက်ထက်မိုးဦးသည် နွေဦးတော်လှန်ရေးအတွင်း နှုတ်ဆိတ်နေသောကြောင့် ပရိတ်သတ်တွေရဲ့ ဝေဖန်မှုအရှိန်မြင့်လာချိန်တွင် လက်သုံးချောင်းထောင်သည့်ပုံတင်ထားခဲ့သော်လည်း နောက်ပိုင်းတွင် ပြန်လည် ဖြုတ်ချခဲ့သည်။

သူ​၏ လူမှုကွန်ရက် စာမျက်နှာပေါ်တွင် “ ထက်ရဲ့ ကျန်းမာရေးကိစ္စတွေကြောင့် အလုပ်တွေ ပြန်လုပ်တော့မှာကို အားလုံးနားလည်ပေးနိုင်မယ်လို့ ထင်ပါတယ်။ “ ဟု အစချီ၍ ရေးသားထားပြီး ယနေ့တွင် ရွှေဆိုင်တစ်ဆိုင်တွင် Live Sale ရောင်းမည့်အကြောင်းကို ကြေညာခဲ့ပါသည်။

‘ စစ်​ကောင်စီနှင့်ကိုဗစ်​’ ကြောင့် လူ​တွေအားလုံး ကျပ်တည်း​နေချိန် သိန်းရာ​ထောင်ချီတန် ရတနာပစ္စည်းများ Live လွင့်​ရောင်းသူ ထက်ထက်မိုးဦး ဝိုင်းဝန်း ဆဲဆိုကြတဲ့ Commentsများ​ကြောင့် စက္ကန့်ပိုင်း အတွင်း Live ဖျက် ​ပြေးရပါတယ်

ကျန်းမာ​ရေး အတွက် ​စျေးပြန်​ရောင်းပါမည်ဟု ​​ပြောကြားအပြီး ၎င်း တင်ထား​သော post​အောက်မှာ ဝိုင်းဝန်း​​ဝေဖန်​ပြောဆိုခံရခြင်း ဖြစ်သည်။

ဖျက်ပြီး ​နောက်ထပ် မိနစ်(၂၀)ခန့်အကြာမှာ liveအသစ်တခု ထပ် လွင့်ခဲ့ပါသည်။