မြန်မာ့စီးပွားရေးဟာ လုံးဝ ပြိုပျက် ကျဆင်းခဲ့

၅ လအတွင်းမှာ ဒေါ်လာ ၆၈ ဘီလျံ
နီးပါး လည်ပတ်နေတဲ့ မြန်မာ့စီးပွားရေးဟာ
လုံးဝ ပြိုပျက် ကျဆင်းခဲ့….

တယ်လီနော (မြန်မာ)တာယာ စက်ရုံတွေ၊
ကားစက်ရုံတွေ၊ အထည်ချုပ်စက်ရုံတွေ
ရုပ်ရှင်လုပ်ငန်းတွေ ဘဏ်လုပ်ငန်းတွေ
Google ရဲ့ ပညာရေး နဲ့ စီးပွားရေးဝန်ဆောင်မှု
တွေအားလုံး စွန့်ခွာပြီး၊ ရပ်ဆိုင်းလိုက်ပြီး
အိမ်နီးချင်း နိုင်ငံဆီ ပြောင်းရွှေ့သွားကြပါပြီ။

ဒါကို အစောဆုံး ပြန်ပြင်ရင်တောင်
ကမ္ဘာတစ်လွှားက သူတို့ယုံကြည်တဲ့
နိုင်ငံရေးစနစ် မရှိမချင်း၊ အစိုးရ အဖွဲ့အစည်း
မရှိမချင်း လာရောက်တော့မှာ မဟုတ်တော့သလို၊
ကမ္ဘာတစ်ခုလုံးက ယုံကြည်မှု နဲ့ စီးပွားရေး
ပိတ်ဆို့မှု မဖွင့်ပေးသမျှ မြန်မာပြည်ဟာ နောင် အနှစ် ၁၀ စုကြာသည်အထိ… နာလန် မထူနိုင်တော့ဘူး။

ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး
အားလုံး ပြိုလဲပြီး… ကိုဗစ် အပါအဝင်၊ ငတ်မွတ်
ခေါင်းပါးခြင်းဘေး၊ တခြားရောဂါဘယဘေး နဲ့
စစ်မက််ဖြစ်ပွားမှုကြောင့် ၂၀၂၁ အတွင်း
မှာ လူသိန်းချီ သေရမယ့် သဘောရှိတယ်။

နောက် ၃ လ ၅ လအတွင်း နိုင်ငံခြား ရင်းနှီး
မြုပ်နှံမှု ဆုတ်ခွာမှု၊ ကမ္ဘာလှည့်ခရီးသွား မရှိမှု၊
ဒေါ်လာစျေးတက််မှု၊ ဘဏ်တွေ ပြိုလဲမှု၊ ငွေကြေး
ဖောင်းပွမှုနဲ့ တစ်နိုင်ငံလုံး ပျက်စီးကြရမှာပါ။
အားလုံး ခြွေတာသုံးကြပါ။ ကိုဗစ်ကို ဂရုစိုက်ကြပါ။

#David_Htaw_Mn