ရွေးကောက်ပွဲနဲ့ အာဏာလွှဲမပေးပဲ တစ်နှစ်ဆက်လက်ပြီး ဟေသီနိုင်ငံကိုအုပ်ချုပ်နေတယ့်ဟေတီသမ္မတပစ်ခတ်လုပ်ကြံခံရ

ေ႐ြးေကာက္ပြဲနဲ႔ အာဏာလႊဲမေပးပဲ တစ္ႏွစ္ဆက္လက္ၿပီး ေဟသီႏိုင္ငံကိုအုပ္ခ်ဳပ္ေနတယ့္ေဟတီသမၼတပစ္ခတ္လုပ္ႀကံခံရ

သမၼတဂ်ိဳဗီနီလ္မိုအိစ္ဟာ ပို႔တ္ေအာ့ပရင့္စ္ၿမိဳ႕ေတာ္ က ေနအိမ္မွာပဲ ဇူလိုင္ ၇ ရက္ မနက္ ၁ နာရီေလာက္မွာ သမၼတမိုအိစ္ လုပ္ႀကံခံခဲ့ရပါတယ္။ သမၼတအိမ္ကို ဝင္ပစ္ခဲ့တဲ့လုပ္ႀကံသူေတြဟာ ႏိုင္ငံျခားသားေတြလို႔ သိရကာ တခ်ိဳ႕သတင္းေတြမွာေဖာ္ျပခ်က္အရ ေသနတ္သမားေတြဟာ အနက္ေရာင္ဝတ္စုံေတြ ဝတ္ဆင္ထားၿပီး အေမရိကန္မူးယစ္တပ္ဖြဲ႕DEAလိူ႔ေအာ္ကာ ဝင္ေရာက္ပစ္ခတ္ခဲ့တာလို႔သိရပါတယ္။

လက္ရွိမွာေတာ့ ႏိုင္ငံကိုအေရးေပၚအေျခအေနေၾကညာခဲ့ၿပီး ေဟတီရဲ႕အေျခခံဥပေဒအရေနာက္တက္မယ့္အစိုးရအာဏာမရခင္အထိ ဝန္ႀကီးအဖြဲ႕ကို ဝန္ႀကီးခ်ဳပ္က ေခါင္းေဆာင္ရမွာပါ။ သမၼတ မိုအိစ္ဟာ ကမာၻ႔အဆင္းရဲဆုံးႏိုင္ငံတစ္ခုျဖစ္တဲ့ ေဟတီကို ၂၀၁၇ ထဲကသမၼတအာဏာယူခဲ့ၿပီးေနာက္ အက်င့္ပ်က္ျခစားမႈစြဲခ်က္ေတြ သမၼတရာထူးမွ ႏႈတ္ထြက္ေပးဖို႔ ျပည္သူေတြဆႏၵျပေတာင္းဆိုမႈေတြ ျဖစ္ခဲ့ပါတယ္။ဒါ့ေၾကာင့္ မၾကာခင္ႏွစ္ေတြအတြင္း

အာဏာသိမ္းမႈေတြ၊ ႏိုင္ငံမတည္ၿငိမ္မႈေတြ၊ဂိုဏ္းအၾကမ္းဖက္မႈေတြ ျဖစ္ပြားခဲ့ပါတယ္။ ေဟတီႏိုင္ငံတြင္းမွႏိုင္ငံေရးအတိုက္အခံေတြ ေျပာၾကားခ်က္အရ မစၥတာမိုအိစ္ရဲ႕ သမၼတသက္တမ္းဟာ ၂၀၂၁ ေဖေဖာ္ဝါရီ ၇ ရက္ထဲမွာ ကုန္ဆုံးသင့္တယ္။ သမၼတသက္တမ္း ငါးႏွစ္သတ္မွတ္ထားတဲ့ႏိုင္ငံမွာ အရင္သမၼတ မိုက္ကယ္ မာတယ္လီက ၂၀၁၆ မွာ ရာထူးက ဆင္းေပးခဲ့တယ္။ ဒါေပမယ့္ မာတယ္လီဆင္းေပးၿပီးေနာက္

ေ႐ြးေကာက္ပြဲကို တစ္ႏွစ္ အခ်ိန္ဆိုင္းခဲ့လို႔ ၂၀၁၇ မွသာ သမၼတရာထူးရတဲ့ မိုအိစ္က ၂၀၂၁ ေဖေဖာ္ဝါရီမွာ ရာထူးက ဆင္းမေပးဘဲ တစ္ႏွစ္ ဆက္အုပ္ခ်ဳပ္မယ္လို႔ အခိုင္အမာ ေျပာခဲ့ပါတယ္။ ၂၀၁၉ ေအာက္တိုဘာမွာ က်င္းပဖို႔ရွိတယ့္ ပါလီမန္ေ႐ြးေကာက္ပြဲေတြကို မိုအိစ္က သမၼတအမိန႔္နဲ႔ ေ႐ႊ႕ဆိုင္းခဲ့ပါတယ္။ ေဟသီႏိုင္ငံဟာကမာၻ႔အဆင္းရဲဆုံးႏိုင္ငံတႏိုင္ငံျဖစ္ကာ ျပည္သူမ်ားဟာအငတ္ေဘးမ်ားက်ေရာက္ကာ ႏိုင္ငံမတည္ၿငိမ္မႈေတြဟာ

အခ်ိန္နဲ႔အမွ်ျဖစ္ပြားခဲ့ပါတယ္။ဒါ့ေၾကာင့္ ၂၀၀၄ မွာ ေဟတီတည္ၿငိမ္ဖို႔ ကုလသမဂၢၿငိမ္းခ်မ္းေရးတပ္ဖြဲ႕ ခ်ထားေပးခဲ့ၿပီး ၂၀၁၇ မွာ ႐ုပ္သိမ္းခဲ့ပါတယ္။ အေမရိကန္နဲ႔ကုလကေတာ့ ထုံးစံအတိုင္း အလြန္တုန္လႈပ္ေျခာက္ျခားမိပါတယ္ဆိုၿပီးေျပာထားပါတယ္။

crd-Myanmar Weapons Observers

ယူနီကုတ္

ရွေးကောက်ပွဲနဲ့ အာဏာလွှဲမပေးပဲ တစ်နှစ်ဆက်လက်ပြီး ဟေသီနိုင်ငံကိုအုပ်ချုပ်နေတယ့်ဟေတီသမ္မတပစ်ခတ်လုပ်ကြံခံရ

သမ္မတဂျိုဗီနီလ်မိုအိစ်ဟာ ပို့တ်အော့ပရင့်စ်မြို့တော် က နေအိမ်မှာပဲ ဇူလိုင် ၇ ရက် မနက် ၁ နာရီလောက်မှာ သမ္မတမိုအိစ် လုပ်ကြံခံခဲ့ရပါတယ်။ သမ္မတအိမ်ကို ဝင်ပစ်ခဲ့တဲ့လုပ်ကြံသူတွေဟာ နိုင်ငံခြားသားတွေလို့ သိရကာ တချို့သတင်းတွေမှာဖော်ပြချက်အရ သေနတ်သမားတွေဟာ အနက်ရောင်ဝတ်စုံတွေ ဝတ်ဆင်ထားပြီး အမေရိကန်မူးယစ်တပ်ဖွဲ့DEAလိူ့အော်ကာ ဝင်ရောက်ပစ်ခတ်ခဲ့တာလို့သိရပါတယ်။

လက်ရှိမှာတော့ နိုင်ငံကိုအရေးပေါ်အခြေအနေကြေညာခဲ့ပြီး ဟေတီရဲ့အခြေခံဥပဒေအရနောက်တက်မယ့်အစိုးရအာဏာမရခင်အထိ ဝန်ကြီးအဖွဲ့ကို ဝန်ကြီးချုပ်က ခေါင်းဆောင်ရမှာပါ။ သမ္မတ မိုအိစ်ဟာ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံတစ်ခုဖြစ်တဲ့ ဟေတီကို ၂၀၁၇ ထဲကသမ္မတအာဏာယူခဲ့ပြီးနောက် အကျင့်ပျက်ခြစားမှုစွဲချက်တွေ သမ္မတရာထူးမှ နှုတ်ထွက်ပေးဖို့ ပြည်သူတွေဆန္ဒပြတောင်းဆိုမှုတွေ ဖြစ်ခဲ့ပါတယ်။ဒါ့ကြောင့် မကြာခင်နှစ်တွေအတွင်း

အာဏာသိမ်းမှုတွေ၊ နိုင်ငံမတည်ငြိမ်မှုတွေ၊ဂိုဏ်းအကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ဟေတီနိုင်ငံတွင်းမှနိုင်ငံရေးအတိုက်အခံတွေ ပြောကြားချက်အရ မစ္စတာမိုအိစ်ရဲ့ သမ္မတသက်တမ်းဟာ ၂၀၂၁ ဖေဖော်ဝါရီ ၇ ရက်ထဲမှာ ကုန်ဆုံးသင့်တယ်။ သမ္မတသက်တမ်း ငါးနှစ်သတ်မှတ်ထားတဲ့နိုင်ငံမှာ အရင်သမ္မတ မိုက်ကယ် မာတယ်လီက ၂၀၁၆ မှာ ရာထူးက ဆင်းပေးခဲ့တယ်။ ဒါပေမယ့် မာတယ်လီဆင်းပေးပြီးနောက်

ရွေးကောက်ပွဲကို တစ်နှစ် အချိန်ဆိုင်းခဲ့လို့ ၂၀၁၇ မှသာ သမ္မတရာထူးရတဲ့ မိုအိစ်က ၂၀၂၁ ဖေဖော်ဝါရီမှာ ရာထူးက ဆင်းမပေးဘဲ တစ်နှစ် ဆက်အုပ်ချုပ်မယ်လို့ အခိုင်အမာ ပြောခဲ့ပါတယ်။ ၂၀၁၉ အောက်တိုဘာမှာ ကျင်းပဖို့ရှိတယ့် ပါလီမန်ရွေးကောက်ပွဲတွေကို မိုအိစ်က သမ္မတအမိန့်နဲ့ ရွှေ့ဆိုင်းခဲ့ပါတယ်။ ဟေသီနိုင်ငံဟာကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံတနိုင်ငံဖြစ်ကာ ပြည်သူများဟာအငတ်ဘေးများကျရောက်ကာ နိုင်ငံမတည်ငြိမ်မှုတွေဟာ

အချိန်နဲ့အမျှဖြစ်ပွားခဲ့ပါတယ်။ဒါ့ကြောင့် ၂၀၀၄ မှာ ဟေတီတည်ငြိမ်ဖို့ ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်ဖွဲ့ ချထားပေးခဲ့ပြီး ၂၀၁၇ မှာ ရုပ်သိမ်းခဲ့ပါတယ်။ အမေရိကန်နဲ့ကုလကတော့ ထုံးစံအတိုင်း အလွန်တုန်လှုပ်ခြောက်ခြားမိပါတယ်ဆိုပြီးပြောထားပါတယ်။

crd-Myanmar Weapons Observers