တောထဲမှာ လေ့ကျင့်ရေးဆင်းပြီး ဒုက္ခမျိုးစုံကိုခံစားနေရတဲ့ ဖခင်ကို သူကြီးလာရင် ကာကွယ်ပေးမယ်ဆိုတဲ့ (၄)နှစ်အရွယ်ကလေးငယ်လေး

တောထဲမှာ လေ့ကျင့်ရေးဆင်းပြီး ဒုက္ခမျိုးစုံကိုခံစားနေရတဲ့ ဖခင်ကို သူကြီးလာရင် ကာကွယ်ပေးမယ်ဆိုတဲ့ (၄)နှစ်အရွယ်ကလေးငယ်လေး

အာဏာရှင်တစ်စုကို တော်လှန်ဖို့အတွက် တောထဲရောက်နေကြတဲ့ လူငယ်တွေထဲမှာ IT ပညာရှင်တွေ၊အင်ဂျင်နီယာတွေ အစရှိသဖြင့် ပညာတတ်လေးတွေပါဝင်နေတာဖြစ်ပါတယ်။

သူတို့တွေကတော့ နွေဦးတော်လှန်ရေး အစကတည်းက လမ်းပေါ်ထွက်ပြီး အားကြိုးမာန်တက် ဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။

အခုချိန်မှာတော့ ဒုက္ခဆင်းရဲမျိုးစုံကို ခံစားပြီး ပြည်သူအများအပြား အေးချမ်းဖို့အတွက် ရရာလက်နက်ကိုစွဲကိုင်ကာ လအနည်းငယ်သာသင်ယူထားတဲ့စစ်ပညာနဲ့ တိုက်ပွဲဝင်နေကြတာဖြစ်ပါတယ်။

အခုဆိုရင်လည်း တောထဲရောက်ပြီး အပြင်းအထန် လေ့ကျင့်ရေးဆင်းနေတဲ့ ပြည်သူတစ်ဦးကတော့ အင်ဂျင်နီယာတစ်ယောက်ပဲဖြစ်ပါတယ်။

သူ့မှာ မိသားစုရှိပေမယ့်လည်း မျိုးစက်သစ်လေးတွေရဲ့ အနာဂတ်ကို ကာကွယ်ဖို့အတွက် ကိုယ်ကျိုးစွန့်အနစ်နာခံရဲတဲ့စိတ်ဓာတ် ရှိတာကြောင့် ပြည်သူတွေကတော့ အဲ့ဒီသူရဲကောင်းကို လေးစားနေကြတာဖြစ်ပါတယ်။

အခုချိန်မှာတော့ သူ့ရဲ့မိသားစုကလည်း တောတောင်ထဲရောက်နေပေမယ့် တစ်နေရာစီနေထိုင်နေကြရတာဖြစ်ပါတယ်။

သူ့ရဲ့သားဖြစ်သူက ဖခင်ရဲ့သွေးအပြည့်ပါတာကြောင့် ဖေဖေ့လို အင်ဂျင်နီယာကြီးလုပ်မယ့်အပြင် သူကြီးလာရင်ဖခင်ကို ကာကွယ်ပေးဦးမှာဖြစ်ပါတယ်။(၄)နှစ်အရွယ်ပဲရှိသေးတဲ့ သားလေးရဲ့ပြောစကားတွေကြောင့် ဖခင်အနေနဲ့လည်း ပီတိဖြစ်နေရတာဖြစ်ပါတယ်။

ဒီလိုမျိုး အနာဂတ်တောက်ပနေတဲ့ ကလေးတွေအတွက် ပြည်သူလူထုကလည်း ဒီမိုကရေစီရရှိအောင် ပိုကြိုးစားနေကြတာဖြစ်ပါတယ်။ပြည်သူတွေအားလုံး ဘေးအန္တရာယ်ကင်းကြပြီး ဒီအခြေအနေကနေ အမြန်ဆုံးလွတ်မြောက်ပါစေလို့ ဆုတောင်းရင်း ပြန် လည်မျှဝေပေးလိုက်ပါတယ်။

Crd. ..