Local News

ကဗျာ ဆရာခက်သီကျဆုံးခြင်း ၂ လပြည့်အ ထိမ်းအမှတ်အနေနဲ့ ကဗျာထဲက စာသားများနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ခဲ့

အကြမ်းဖက်စစ်ကောင်စီရဲ့ ဖမ်းဆီးသတ်ဖြတ်မှုခံခဲ့ရတဲ့ ကဗျာဆရာ ခက်သီ ရဲ့ ဈာပန အခမ်းအနားကို မေလ ၁၀ရက် နေ့ ညနေ ၄ နာရီတွင် သူ့ဇာတိ ပုလဲမြို့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

၂၀၂၁ နွေဦးတော်လှန်ရေးမှာ တက်ကြွစွာပါဝင်ခဲ့တဲ့ ကဗျာဆရာခက်သီ ကို အကြမ်းဖက်စစ်ကောင်စီ တပ်သားတွေက မေလ ၈ရက်နေ့ ညကဖမ်းဆီးခဲ့ပြီး နောက်နေ့ မနက်မှာ သေဆုံးခဲ့တာဖြစ်ပါတယ်။

ကဗျာဆရာ ခက်သီရဲ့ ဈာပနအခမ်းကိုတော့ ကို သူ့ ကို ချစ်ခင်သူတွေ နဲ့ မြို့ခံ ပြည်သူအများအပြား လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။

ကဗျာ ဆရာခက်သီကျဆုံးခြင်း ၂ လပြည့်အ ထိမ်းအမှတ်အနေနဲ့ ယင်းမာပင်နဲ့ဆားလင်းကြီးမြို့နယ်က ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်း ၁၂၁ ရက်မြောက်နေ့အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ခဲ့ကြပါတယ်။

ဒီနေ့ သပိတ်စစ်ကြောင်းမှာတော့ ဒေသခံကဗျာဆရာ ကိုခက်သီရေးသားခဲ့တဲ့ ကဗျာထဲက စာသားတချို့ဖြစ်တဲ့ ” နိုင်ရင် တောင်ကိုရီးယား၊ ရှုံးရင် မြောက်ကိုရီးယား”ဆိုတဲ့ စာသားတွေနဲ့ စုဝေးချီတက်ခဲ့ကြတာလည်း ဖြစ်ပါတယ်။