Local News

NUG ရဲ့ စစ်မဟာ ဗျူဟာအတွက်ခေတ်မီ စနစ်ကျတဲ့ ချင်းတပ်မတော်နှင့် တိုက်ပွဲခေါ်သံ

NUG ရဲ့ စစ်မဟာ ဗျူဟာအတွက်ခေတ်မီ စနစ်ကျတဲ့ ချင်းတပ်မတော်နှင့် တိုက်ပွဲခေါ်သံ

မြန်မာပြည်တွင်းစစ် တကယ်ဖြစ်မလား … ? ဆိုရင် ၊ တကယ်ဖြစ်မှာပါ ။ မြန်မာပြည်သူတွေက အသေးစိတ်မသိသေးပေမယ့် ကုလ ၊ အမေရိကန်နဲ့ နိုင်ငံအသီးသီးကတော့ သေသေချာချာ သိနေကြပါပြီ ။ ဒီလိုသိအောင်လည်း နိုင်ငံတကာ သတင်းဌာနတွေက သတင်းတွေ လွှင့်နေတာပါ ။ သတင်းဌာနတွေကတော့ ” ပြည်တွင်းစစ်ကြီး ဖြစ်တော့မယ် ၊ မင်းတို့ ကုလသမဂ္ဂ ဘာလုပ်မလဲ …? ” လို့ သတင်းတွေနဲ့ မေးခွန်းထုတ်နေတာပါ ။ စာရေးသူကတော့ ဒီလိုသတင်းတွေ လွှင့်နေတာကို လုပ်သင့်တယ်လို့ ယူဆပါတယ် ။ ဒါ့ကြောင့်လည်း ပြည်တွင်းစစ် မဖြစ်ခင်မှာ အရေးကြီးတဲ့ သံတမန်အရေးကို အောင်မြင်ခဲ့တာပါ ။ သံတမန်အရေး အောင်မြင်လာတဲ့အတွက် စစ်ရေးလှုပ်ရှားမယ့် PDF လူငယ်တွေဟာ ယု့ကြည်ချက် မြင့်မားလာပြီး အသက်ဆုံးရှုံးမှု့လည်း နည်းသွားနိုင်ပါတယ် ။

ကမ္ဘာကျော် သတင်းဌာနကြီးတွေက ထုတ်လွှင့်နေတဲ့ မြန်မာ့ပြည်တွင်းစစ် အကြောင်းမှာ ဝိတိုရိယစခန်းက တော်တော် နာမည်ကြီးပါတယ် ။ စခန်းနာမည်ကို ဘာ့ကြောင့် အတိအကျ ပြောသလဲဆိုရင် လုံခြုံတဲ့နေရာမှာ တည်ရှိနေလို့ပါ ။ ပွင့်ပွင့်လင်းလင်း ပြောရရင် ဝိတိုရိယစခန်း ( CAMP VICTORIA ) ဟာ ချင်းပြည်နယ်နဲ့ အိန္ဒိယကို ခွထိုင်ထားပါတယ် ။ ( စာရေးသူက ၂၀၁၀ ခုနှစ်ကတည်းက ဖဘ ပေါ်မှာ စာရေးတဲ့အခါ လိုအပ်တဲ့ စကားလုံးတွေကို အင်္ဂလိပ်လို ရေးပေးပါတယ် ။ စာရေးဆရာကြီးတစ်ယောက်ကတော့ အီးလိုရေးရင်လည်းရေး ၊ မြန်မာလိုရေးရင်လည်း ရေးကွာ ၊ ဘယ့်နှယ့် မြန်မာလိုရော အီးလိုတွေရော ရှုတ်ယှက်ခတ်နေတာပဲ ” လို့ သွယ်ဝိုက်ပြီး ခနဲ့ဘူးပါတယ် ။ ရှင်းရရင် ဒီနေ့ခေတ်ဟာ အင်တာနက်ခေတ်ပါ ။ မိန်းခလုတ်ဖြစ်တဲ့ ဂူဂဲလ်မှာ ရေးပေးထားတဲ့ အင်္ဂလိပ်စာလုံးကို ရေးထည့်လိုက်ရင် လေ့လာလိုသူတွေအတွက် အကျယ်တဝင့် ဆက်လက် လေ့လာနိုင်ဖို့ပါ ။ သုတဆောင်းပါးတစ်ပုဒ် ( သို့မဟုတ် ) ပိုစ့်တစ်ခုဟာ မပြည့်စုံနိုင်ပါဘူး ။ ခုတလောမှာ ရေးနေတဲ့ တော်လှန်ရေးပိုစ့်တွေမှာ အီးလိုထည့်ပေးတာဟာ ဒီသဘောပါပဲ ။

ငါးတစ်ကောင်လုံးကို မပေးပဲ တသက်လုံး ငါးဖမ်းတတ်ဖို့ ကွန်ချက်ပြတာပါ ။ သိထားပြီးသား ပညာတတ် မိတ်ဆွေများကလည်း မသိသေးသူတွေကို ပြောပြပေးတာ ၊ နားလည်ပေးစေချင်ပါတယ် ။ ) တော်လှန်ရေးရဲ့ အခြေအနေက ဗျူဟာဖွင့်ရတော့မယ့် အချိန်လို့ စာရေးသူက ယူဆပါတယ် ။ PDF လူငယ်တွေရဲ့ တိုက်ပွဲတွေဟာ ဘယ်လိုအခြေအနေရှိသလဲလို့ CDM နဲ့ တောင့်ခံထားရတဲ့ ဝန်ထမ်းတွေနဲ့ ကပ်ရောဂါကာလမှာ စားဝတ်နေရေး ၊ ကျမ်းမာရေးနဲ့ တော်လှန်ရေး ဂယက်တွေကြားမှာ စိတ်သောကရောက်နေတဲ့ ပြည်သူတွေကိုလည်း သိသင့်သလောက် ပြောပြသင့်တယ်လို့ ထင်ပါတယ် ။ တော်လှန်ရေးမှာ ဗျူဟာက အရေးကြီးပါတယ် ။ ဒီဗျူဟာအတွက် လျှို့ဝှက်သင့်တာကို လျှို့ဝှက်ရပါမယ် ။ အသိပေးသင့်တာကိုလည်း အသိပေးရပါမယ် ။ သိထားကြတဲ့အတိုင်းပါပဲ ။ PDF လူငယ်တွေနဲ့ ပြည်သူ့တော်လှန်ရေးသမားတွေ ရင်ဆိုင်ရမယ့် ပြည်တွင်းစစ်မှာ စစ်ကောင်စီဟာ စစ်သားတွေဖြစ်တဲ့အတွက် စစ်မဟာ ဗျူဟာ ( military strategy ) ကို အသက်မွေးဝမ်းကြောင်း အတတ်အဖြစ် တတ်မြောက်ထားသူတွေပါ ။

ဒါ့ကြောင့်လည်း NUG ဟာ စစ်မဟာ ဗျူဟာအတွက် အချိန်ယူနေတယ် ။ ပြည်ပအကြံအဉာဏ်တွေယူတယ် ။ လက်နက် အကူအညီယူတယ် ။ လူငယ်တွေကို နေရာအသီးသီးမှာ သေသေချာချာ လေ့ကျင့်ပေးနေတယ် ။ သံတမန်နည်းလမ်းနဲ့ အောင်မြင်လာတဲ့ NUG ဟာ ပြည်ပကနေ လက်နက်အကူအညီ ရနေပြီဆိုတာ ယုံမှားစရာ မရှိပါဘူး ။ ဒါ့ကြောင့်လည်း ချင်းပြည်နယ်က ဝိတိုရီးယားစခန်းဟာ PDF လူငယ်တွေကို သင်တန်းပေးနေပြီး ခေတ်မီ နည်းစနစ်ကျတဲ့ ချင်းတပ်မတော်ကို ဖွဲ့နိုင်ခဲ့ပါပြီ ။ ဒီစခန်းကို ရောက်ခဲ့သူတွေကတော့ ကမ္ဘာကျော် သတင်းဌာနကြီးတွေက သတင်းသမားတွေပါ ။

ဆိုင်ကယ်နဲ့ ခက်ခက်ခဲခဲ သွားခဲ့ရတယ်လို့ ဆိုပါတယ် ။ ကမ္ဘာကျော်သတင်း ဌာနတွေ ဖြစ်တဲ့အတွက် source ခိုင်မာပါတယ် ။ သတင်းပေခ်ျ့နဲ့ သတင်းဌာန သေးသေးလေးတွေ မဟုတ်ပါဘူး ။ ( မြောက်ကိုရီးယား အလှုငွေကို သတင်းဌာနကြီးတွေက ဒီနေ့အထိ တင်ထားပြီး ၊ သတင်းပေခ်ျ့တစ်ခုကတော့ မှားရွင်းတယ်လို့ ထုတ်ပြန်ထားတာကို ကြည့်ရင် ၊ သတင်းအတည်ပြုဖို့ မူရင်းသတင်း ဌာနရဲ့ ရာဇဝင်ကိုလည်း လေ့လာရပါတယ် ) ။ ကောင်းပြီ ဒီသတင်းက ခိုင်မာတဲ့ ကမ္ဘာကျော် သတင်းဌာနက လာတဲ့အတွက် ရုရှားပြန်တွေလည်း တွေ့ပြီးနေလောက်ပါပြီ ။ ဒီတော့ …၊ ဗျူဟာ ဖွင့်ကြရအောင် ။

သုံးသပ်ကြမယ် ဆိုပါစို့ ။ သတင်းတစ်ခုကို သတင်းဌာနတစ်ခုက ပရိုက်ဗိတ်စီ ထိန်းပြီးမှ ပြောတတ်ပါတယ် ။ အကုန်မပြောပါဘူး ။ ဒီအတွက် ၊ စာရေးသူတို့ကလည်း သတင်းတစ်ခုကို ဖြစ်နိုင်တဲ့အခြေအနေအထိ သုံးသပ်ရတာပါ ။ ဒီသတင်းမှာ ဘာတွေ မြှပ်ကွက်လုပ်ထားသလဲ ဆိုတာကို အဖြစ်နိုင်ဆုံး သုံးသ်ပ်ရတာပါ ။ ဆိုရရင် …၊ ဒီစခန်းဟာ အိန္ဒိယနယ်စပ်မှာ ခွထိုင်ထားတယ် ။ ဘာ့ကြောင့်လဲဆိုတော့ လုံခြုံရေးအတွက်ပါ ။ ပြန်မတိုက်နိုင်သေးရင် ဟိုဘက်ကမ်း ကူးလိုက်ရုံပါပဲ ။ သိပ်ကို လုံခြုံပါတယ် ။ ဒါ့ကြောင့်လည်း ကမ္ဘာကျော် သတင်းဌာနကို သတင်းယူခွင့် ပေးထားတာပါ။ ကောင်းပြီ ။

အိန္ဒိယရဲ့ နွေဦးတော်လှန်ရေး ရပ်တည်ချက်က ဘယ်လိုလဲ ..? ရှင်းပါတယ် ။ အိန္ဒိယဟာ နွေဦးတော်လှန်ရေးမှာ ကြားနေပါတယ် ။ ထွက်ပြေးလာသူတွေကို လက်ခံတယ် ။ လူသားချင်း စာနာလို့ ။ နယ်စပ်တွေမှာ ရိက္ခာဝေတယ် ။ ကုလမှာ ကြားနေတယ် ။ ဆိုတော့ …၊ တကယ့်ကို ကြားနေတာပါ ။ ဒီအတွက် နယ်စပ်မှာ ဖွင့်ထားတဲ့ စစ်သင်တန်းကျောင်းကိစ္စမှာလည်း မသိသလို ကြားနေပါတယ် ။ တကယ်တော့ မြန်မာဟာ အိန္ဒိယရဲ့ ပြည်နယ်တစ်ခုအဖြစ် ရာဇဝင်ထဲမှာ တည်ရှိခဲ့တာပါ ။

ပုဂံမင်းဆက် ၊ မြန်မာစာအရေးအသား ၊ ဘာသာရေး ၊ အစားအသောက် ( ချာပါတီ ၊ စမူဆာ ၊ ဒံပေါက် ၊ ဂျလေဘီ ၊ ပဲကုလားဟင်း ၊ ကြက်တနီး … များစွာ ) ၊ ယဉ်ကျေးမှု့ ( လက်အုပ်ချီ ၊ သနပ်ခါးလိမ်း ၊ ပန်းပန် ၊ စည်တို ) ၊ ဓလေ့ထုံးတမ်း ( ဗေဒင် ၊ ယတြာ ၊ ရေသပ္ဗာယ် ၊ နာမည် ( စန္ဒာ ၊ ဥမ္မာ ၊ သီတာ ၊ မာလာ ၊ ရတီ ၊ ဧကရီ ၊ ဒေဝီ .. များစွာ ) သော ပတ်သက် ဆက်နွယ်မှု့တွေနဲ့ ရင်းနှီးမှု့တွေ ရှိနေပါတယ် ။ ဒါ့ကြောင့်လည်း အမေစုက မိုဒီကို ပုဂံဘုရားတွေ လိုက်ပြခဲ့တာပါ ။

လွတ်လပ်ရေး တိုက်ပွဲမှာလည်း ဂျဝါဟာလာ နေရူးဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ တိုင်ပင်ဖော် တိုင်ပင်ဘက် မိတ်ဆွေကောင်း တစ်ယောက်ပါ ။ ကြားနေတာကတော့ တရုပ်နဲ့စစ်ဖြစ်တဲ့အခါ မြန်မာ့မြေကို အသုံးမပြုနိုင်အောင်လို့ ယူဆရပါတယ် ။ သို့ပေမယ့် တရုပ်ရန်ကို ကာကွယ်ဖို့နဲ့ စီးပွားရေးအတွက် အမေရိကန်နဲ့ အနောပ်အုပ်စုက ပြောလာရင် မသိမသာလေး ခေါင်းညိတ်တတ်ပါတယ် ။ စာရှည်သွားပြီ ။ အနှစ်ချုပ်ရအောင် ။ ကမ္ဘာ့စစ်ရေး သတင်းဝက်ဆိုက်မှာ အိန္ဒိယကို အမေရိကန်က စစ်လက်နက်နဲ့ တိုက်ခိုက်ရေးရဟတ်ယာဉ် ၊ စစ်သုံးယန္တရားတွေ ဘန်ဂေါစစ်လေဆိပ်ကို ပို့တဲ့အကြောင်းတွေ့ရတယ် ။

ခေတ်မီ စနစ်ကျတဲ့ ချင်းတပ်မတော်က အိန္ဒိယနယ်စပ်မှာ လေ့ကျင့်နေတယ် ။ အနောက်အုပ်စုဆီက သံတမန်နည်းလမ်းနဲ့ စစ်ရေးအကူအညီ တောင်းနေသူက ချင်းလူမျိူး ဒေါက်တာဆာဆာ ။ သုံးပွင့်ဆိုင်ဇာတ်လမ်းဟာ စာရေးသူရဲ့ ချက်ကျ လက်ကျ သုံးသပ်မှု့ပါ ။ ချင်းတပ်မတော်နဲ့ ပြည်မက PDF တွေ ဘယ်လို တွေ့ဆုံကြမလဲ ။ ချင်းသူရဲကောင်းတွေဟာ တိုက်လေယာဉ်တွေ မောင်းဖို့ သင်တန်းတက်နေတယ်ဆိုရင်ရော ဖြစ်နိုင်မလား … ? / စာဖတ်သူလည်း သုံးသပ်ကြည့်နိုင်ပါတယ် ။

crd-ဘကြီးအောင် LA