International News

ကိုဗစ် ကာကွယ်ဆေးထိုးပြီးနောက် ထူးထူးဆန်းဆန်း Full Cup Size အထိ ရင်သားကြီးထွားလာခဲ့တဲ့ နော်ဝေအမျိုးသမီးတစ်ဦး

Pfizer ကိုဗစ် ကာကွယ်ဆေးထိုးပြီးနောက် ထူးထူးဆန်းဆန်း Full Cup Size အထိ ရင်သားကြီးထွားလာခဲ့တဲ့ နော်ဝေအမျိုးသမီးတစ်ဦး

ကမ္ဘာတဝှမ်းမှာ ကိုဗစ်ကူးစက်ပြန့်နှံ့မှုတွေ ပိုမိုမြင့်တက်လာတာနဲ့အမျှ ကာကွယ်ဆေးတွေ ပိုမိုထုတ်လုပ်နိုင်ဖို့ အင်အားကြီးနိုင်ငံတွေက အပြိုင်အဆိုင်ကြိုးစားနေကြပါတယ်။ သုတေသီတွေကလည်း ကာကွယ်ဆေးအာနိသင် ပိုမိုပြည့်ဝလာစေဖို့နဲ့ ဘေးထွက်ဆိုးကျိုးနည်းနိုင်သမျှနည်းအောင် ကြိုးစားအားထုတ်နေပါတယ်။ ဒါပေမယ့်လည်း ဒီတစ်ခါမှာတော့ နော်ဝေအမျိုးသမီးတစ်ဦးအတွက် Pfizer ကာကွယ်ဆေးရဲ့ဘေးထွက်ဆိုးကျိုးကို ရင်ဆိုင်လိုက်ရဖို့က တော်တော်လေးထူးခြားနေခဲ့ပါတယ်။

သူမဟာ Pfizer ကာကွယ်ဆေးထိုးနှံပြီးနောက် ပုံမှန်မဟုတ်တဲ့ဘေးထွက်ဆိုးကျိုးကို ရင်ဆိုင်ခဲ့ရတယ်လို့ လူမှုကွန်ရက်ပေါ်မှာ မျှဝေခဲ့ပါတယ်။ Emma လို့ ခေါ်တဲ့ အသက် ၁၇ နှစ်အရွယ် အမျိုးသမီးလေးဖြစ်ပြီး ကာကွယ်ဆေးထိုးပြီး ၂ပတ်အကြာမှာ သူမရဲ့ ရင်သားတွေဟာ ကြီးထွားလာခဲ့ပြီးတော့ Full Cup Size အထိ ဖြစ်ခဲ့တယ်လို့ TikTok မှာ ဖော်ပြခဲ့ပါတယ်။

အဆိုပါဗီဒီယိုက တော်တော်လေးရေပန်းစားပြန့်နှံ့သွားခဲ့ပြီး အမျိုးသမီးအများအပြားကလည်း ကာကွယ်ဆေးထိုးအပြီး သူတို့ရင်ဆိုင်ခဲ့ရတဲ့ အတွေ့အကြုံတွေကို ပြန်လည်ပြောဆိုရေးသားခဲ့ကြပါတယ်။ ဆေးဘက်ဆိုင်ရာပညာရှင်တွေကတော့ ဒါဟာ ရင်သားအဆမတန်ကြီးထွားလာတာမျိုး မဟုတ်ဘူးလို့ အကြံပေးရှင်းပြခဲ့ပါတယ်။ ဒါပေမယ့်လည်း Pfizer ကာကွယ်ဆေးထိုးခဲ့သူ အမျိုးသမီး ၁၀% ခန့်ဟာ လက်မောင်းအောက်မှာရှိတဲ့ အဖုငယ်တွေ ရောင်ကိုင်းပြီး ကြီးထွားလာခြင်းသာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီလိုဖြစ်ခဲ့တဲ့အတွက် ရင်သားကို ပိုမိုပြီးကြီးထွားစေသလိုဖြစ်ခဲ့ကာ ရှေ့ကိုတွန်းထုတ်ပြီး ကြီးမားသယောင်ဖြစ်စေခဲ့တာလို့လည်း ရှင်းပြခဲ့ပါတယ်။ ဒါပေမယ့် နော်ဝေက Pfizer ရုံးကတော့ ကာကွယ်ဆေးဘေးထွက်ဆိုးကျိုးမှာ ဒီလိုမျိုးမရှိဘူးလို့ ငြင်းဆန်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ကာကွယ်ဆေးနဲ့ အခုလိုမျိုး ရင်သားကြီးထွားမှုကြားက ဆက်စပ်မှုကိုတော့ ရှင်းပြခဲ့ခြင်းမရှိဘူးလို့ RT က ဖော်ပြခဲ့ပါတယ်။

River News