Knowledge

ဆေးရုံတက်ရတဲ့ အစ်မကို “နေပြန်ကောင်းတဲ့အခါ ချိုချဉ်ဝယ်ကျွေးမယ်” လို့ အားပေးစကားဆိုခဲ့သော ချစ်စဖွယ်မောင်လေး

လောကကြီးရှိ မောင်နှမတို့၏ ချစ်ခြင်းမေတ္တာသည်လည်း အစ်မကြီးတော့ အမိရာ ၊ အစ်ကိုကြီးတော့ အဖရာ ဆိုသည့် စကားပုံတိုင်း တစ်ဦးပေါ်တစ်ဦးထားသော မေတ္တာတရားမှာ နက်ရှိုင်းလှသည်။

သို့ဖြစ်၍ တရုတ်နိုင်ငံမှ မောင်နှမသည် မိဘနှစ်ပါးလုံး၏ စွန့်ပစ်ခြင်းကို ခံရပြီး အသက် ၁၁နှစ်အရွယ်သာရှိသေးသော အစ်မဖြစ်သူသည် ကျောက်ကပ်မကောင်း၍ ရုတ်တရက် ဗိုက်နာလာကာ ဆေးရုံသို့တင်ခဲ့ရသည်။

ထိုအချိန်တွင် သိတတ်လိမ်မာသော ၇နှစ်အရွယ် မောင်လေးဖြစ်သူသည် ဦးဆောင်ကာ ဆေးရုံသို့ခေါ်ဆောင်သွားပြီး နာကျင်မှုကတစ်မျိုး အားငယ်သည့်စိတ်ကတစ်မျိုး ငိုလွန်းနေသော အစ်မအား နှစ်သိမ့်ပေးခဲ့သည်။

ကောင်လေးသည် အစ်မဖြစ်သူကို မျက်ရည်လေးတွေ သုတ်ပေးရင်း အဖေအမေ စွန့်ခွာသွားပေမယ့် သူတစ်ယောက် ဘေးမှာအမြဲရှိပေးမယ်၊ မငိုတော့နဲ့ နေပြန်ကောင်းချိန်ကျ ချိုချဉ်ဝယ်ကျွေးမည် ဟုအားပေးစကား ဆိုခဲ့သည်။

ကောင်လေးသည် အရွယ်နှင့်မလိုက်အောင် လူကြီးဆန်နေမှုကြီးကြောင့် အများ၏ ချစ်ခင်မှုကို ရထားပြီး ကံကောင်းစွာဖြင့် သနားစရာ မောင်နှမကို ဆေးရုံကုသမှုစရိတ်အား ထောက်ပံ့ပေးမည့်သူ ပေါ်လာခဲ့သည်။

Credit Hlaing (Love Feeling )