Local News

တစ်အိမ်သားလုံး ကိုဗစ်ကူးစက်ခံထားရလို့ ပြုစုပေးမယ့်လူမရှိဘဲ ဒုက္ခရောက်နေရှာတဲ့ ကျောင်းသားခေါင်းဆောင် ဦးလှရွှေတို့မိသားစု

ကိုဗစ်တတိယလှိုင်းကို သက်ကြီးရွယ်အိုတွေ၊ရောဂါအခံရှိတဲ့ ပြည်သူတွေအများဆုံးခံစားနေရပြီး ကိုဗစ်ရောဂါခံစားနေရတဲ့ ပြည်သူတွေထဲ (၁၉၆၂)ခုနှစ်ကျောင်းသားခေါင်းဆောင်ဟောင်းဖြစ်တဲ့ ဦးလှရွှေလည်း တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။

ကိုဗစ်ကူးစက်မှုခံထားရတဲ့ ဦးလှရွှေဟာ မှတ်ဉာဏ်ချို့ယွင်းပြီး မေ့လျော့တဲ့ ဝေဒနာခံစားနေရကာ သမီး​ဖြစ်သူနဲ့အတူ နေထိုင်နေတာဖြစ်ပါတယ်။ဦးလှရွှေဟာ တစ်ချိန်ကတိုင်းပြည်အတွက် ပေးဆပ်စွန့်လွှတ်ခဲ့တာကြောင့် နိုင်ငံရေးအသိုင်းအဝိုင်း၊ စာပေနဲ့ သတင်းလောကမှာ တော်တော်လေးလူသိများခဲ့သူဖြစ်ပါတယ်။

ယခုမှာတော့ ကျောင်းသားခေါင်းဆောင်ဟောင်းဦးလှရွှေအပါအဝင် တစ်မိသားစုလုံး ကိုဗစ်ကူးစက်ခံထားရတာ​ကြောင့် ချက်ပြုတ်​ကျွေးမွေးပြီး ပြုစုပေးမယ့်သူမရှိဘဲ ဒုက္ခရောက်နေကြပါတယ်။

ဦးလှရွှေရဲ့ သမီးဖြစ်သူ မနေခြည်ဟာ ကိုဗစ်ရောဂါကူးစက်ခံထားရပေမယ့်လည်း ပြုစုပေးမယ့်လူမရှိတာကြောင့် ကိုယ်တိုင်လူနာစောင့်လုပ်ပြီး ဖခင်ဖြစ်သူကို ပြုစုနေရှာပါတယ်။

ပြည်သူတစ်ယောက်ကတော့ အရေးပေါ်အကူအညီတွေလိုအပ်နေကြတဲ့ ဦးလှရွှေတို့မိသားစုအတွက် နပ်စ်ငှားပေးဖို့ ငွေကြေးလိုအပ်နေတာကြောင့် အကူအညီတောင်းခံလာခဲ့ပါတယ်။

Aung Myint Bogalayအမည်ရှိတဲ့ Fb Accပိုင်ရှင်ပြည်သူတစ်ဦးကတော့ ” ဦးလှရွှေ(အောင်သာပီသုံးလုံး)ကိုဗစ်ရောဂါပြင်းထန်စွာခံစားနေပြီးယခုလောလောဆယ်အောက်ဆီဂျင်လွှတ်နေရပါပြီ။ဦးလှရွှေ(အောင်သာပီသုံးလုံး)နဲ့အတူသမီးဖြစ်သူမနေခြည်နဲ့မနေခြည်သမီးအငယ်ဆုံးမကြည်စင်ပါကိုဗစ်ဖြစ်နေကြပါပြီ။

တစ်အိမ်လုံးမိသားစုသုံးယောက်စလုံးဖြစ်နေတော့ကိုဗစ်ဖြစ်နေတဲ့မနေခြည်တစ်ယောက်ထဲလူနာစောင့်ပြန်လုပ်နေရတော့အားလုံးအတွက်အသက်အန္တရာယ်ကျရောက်နေပါပြီ။ ဦးလှရွှေ(အောင်သာပီသုံးလုံးနဲ့)အတူမနေခြည်တို့မိသားစုသုံးယောက်အတွက်စပါယ်ရှယ်နပ်စ်ငှါးဖို့အတွက်ငွေကြေးအကူအညီများအရေးတကြီးလိုအပ်နေပါသဖြင့်အားလုံးဝိုင်းကူညီပေးကြပါရန်အတွက်လေးနက်စွာပန်ကြားအပ်ပါတယ်။

ကိုဗစ်ရောဂါသယ်တွေကူညီစောင့်ရှောက်ဖို့အတွက်စုစည်းထားတဲ့သူနာပြုအထူးအဖွဲ့နဲ့ဆက်သွယ်ပြီးPPEဝတ်စုံများလူနာစောင့်ရှောက်ပေးမဲ့အစီအစဉ်အတွက်တစ်လခုနှစ်သိန်းနဲ့ငှါးရမ်းထားပါတယ် ဦးအောင်မြင့်(ဘိုကလေး)  (09262686706 )” ဆိုပြီး ရေးသားထားခဲ့ပါတယ်။ ပြည်သူတွေအနေနဲ့  ဒုက္ခရောက်နေသူတွေကို တတ်နိုင်တဲ့ဘက်ကနေ ကူညီပေးကြဖို့နဲ့ ကျန်းမားရေးဂရုစိုက်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။