Local News

“ဖန်ဆင်းရှင်မဟုတ်ပေမယ့်မြန်မာ့အကြပ်အတည်းကိုဖြေရှင်းပေးနိုင်တဲ့တစ်ဦးတည်းသောဩဇာပါဝါရှိသူ”

“ဖန်ဆင်းရှင်မဟုတ်ပေမယ့်မြန်မာ့အကြပ်အတည်းကိုဖြေရှင်းပေးနိုင်တဲ့တစ်ဦးတည်းသောဩဇာပါဝါရှိသူ”

Oxygenတွေခက်ခဲနေပြီလား?အမေစုကိုသာလွှတ်‌ပေးလိုက် အဆင်ပြေသွားလိမ့်မယ်။

ဘဏ်စနစ်တွေအဆင်မပြေတော့ဘူးလား?အမေစုကိုတီဗွီကနေမိန့်ခွန်းပြောခိုင်းလိုက်အဆင်ပြေသွားလိမ့်မယ်။ကိုဗစ်‌ကြမ်းလာပြီ၊ဆရာဝန်တွေမရှိဘူးလား?အမေစုကိုလွှတ်ပေးပြီး ပြည်သူကိုအာဏာပြန်အပ်လိုက်ဆရာဝန်တွေတန်းစီထွက်လာလိမ့်မယ်။

Volunteerတွေမရှိတော့ဘူးလား?အ‌မေစုမျက်နှာကိုဖန်သားပြင်မှာမြင်ရရင်အားကျိုးမာန်တက်ပြန်လာလိမ့်မယ်။

စီးပွားရေးလုပ်ငန်းရှင်တွေ၊အလှူရှင်တွေဘယ်ပျောက်နေလဲ?

အမေစုကိုမတရားဖမ်းပြီးဒီမိုကရေစီကိုအကျဉ်းချထားလို့ဒီမိုကရေစီပြန်ရအောင်သူတို့တွေပံ့ပိုးနေတာ။နိုင်ငံမအေးချမ်းတော့ဘဲဗုံးတွေပေါက်နေပြီလား?အမေစုကြည့်လိုက်ရင်ဗုံးတိုင်းကပန်းပွင့်ဖြစ်သွားလိမ့်မယ်။

အနာကိုလည်းသိပြီ၊ဆေးနည်းလည်းရှိနေပါရက်နဲ့မြန်မာ့အနာကိုကုသပေးနိုင်တဲ့ဘုရားပေးတဲ့“စု”ကိုအမှောင်ထဲသွင်းယုတ်မာနေပြီးပြည်သူတွေဘာဖြစ်ဖြစ်

ငါအာဏာရရေးသာအဓိကဆိုရင်လည်းတိုင်းပြည်နဲ့လူမျိုးကိုချစ်လို့အာဏာသိမ်းရပါတယ်ဆိုတဲ့စကားနောက်တစ်ကြိမ်မပြောပါနဲ့တော့။သမိုင်းတရားခံဘဝအပူလုံးကြွလူလုံးမလှတဲ့အဖြစ်နဲ့သမိုင်းကြွေးကို အသက်နဲ့ဆပ်ဖို့ပြင်ထားကြပါ။

Credit Original upload









Credit Original upload