Local News

ဗုံးပေါက်ကွဲမှုများကို “ဒလန် မီဒီယာ”များ ပုံကြီးချဲ့ရေးကြောင်း စစ်ကောင်စီဆို

ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ပေါ က် ကွဲမှုလျော့နည်းသွားသော်လည်း မီဒီယာများ ပုံကြီးချဲ့ရေးနေကြောင်း အာဏာ သိမ်းစစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။ယနေ့နေပြည်တော်တွင် ပြုလုပ်ခဲ့သော သ တင်းစာရှင်းလင်းပွဲတွင် အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။ ၎င်းက “တချို့မီဒီယာတွေရဲ့ ထူးခြားချက်ကို ပြောပြပါမယ်။ ဒလန်မီဒီယာပေါ့နော်။

အရင်က ဗုံးပေါ က်တာ ဆယ်ကြိမ်အ ထက်ရှိတယ်။ သူတို့သိပ်မရေးဘူး။ ဆန္ဒ ပြပွဲတွေရှိလို့။ အခုအချိန်မှာတော့ ဆယ်ကြိမ်အောက်ရှိတယ်။ အခုအချိန်မှာ ပုံကြီးချဲ့နေတာပေါ့”ဟု သတင်းစာရှင်လင်းပွဲတွင် ပြောဆိုခဲ့သည်။လက်ရှိတွင် စစ်ကောင်စီတပ်များကို ဦး တည်တိုက်ခိုက်သော ဗုံးဖောက်ခွဲမှုများ လုပ်လျက်ရှိသလို သတင်းပေး ဒလန်များအသတ်ခံရမှုများလည်းရှိကြသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီးအချို့တို့တွင်လည်း တိုင်းရင်းသားလက်နက်ကိုင်များနှင့်ပူးပေါင်းကာ စစ်တပ်နှင့် ရဲများအား တိုက်ခိုက်လျက်ရှိသည်ကို တွေ့ရသည်။ပြည်သူ့ကာကွယ်ရေးတပ် (PDF) နှင့် ကချင်လွတ်မြောက်ရေးတပ် (KIA) ၏ တိုက်ခိုက်မှုတို့ကြောင့် စစ်ကိုင်းတိုင်းကသာမြို့တွင် ဇူလိုင် ၅ ရက်နေ့မှသည် ဇူလိုင် ၉ ရက်နေ့အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ ခန့်ထိ သေဆုံးခဲ့သည်ဟု PDF က ထုတ်ပြန်ခဲ့သည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက အချို့မီဒီယာများအား ပုံကြီးချဲ့‌ရေးသားလွန်းကြောင်း ထပ်သုံးနှုန်းကာ စစ်တပ်က အောင်စီဂျင်များ မသိမ်းသည့်အပြင် လှူတန်းမှုပင်ပြုနေကြောင်း ယင်းသတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။လက်ရှိတွင် ကိုဗစ်-၁၉ လူနာများအတွက် ထုတ်လုပ်ဖြန့်ဖြူးနိုင်မှုနှင့် လိုအပ်ချက်ကွာဟမှုကြီးမားနေသော အောင်စီဂျင်ရောင်းချမှုများအား ကိုဗစ်-စင်တာများနှင့် ဆေးရုံများသို့သာဦးစားပေးကာ တသီးပုဂ္ဂလအလိုက်ရောင်းချမှု ကန့်သတ်ထားသည်။

Mizzima