Celebrity

သူရဲ့ Lost သီချင်း နှစ်ရက်စာ ရောင်းရငွေ (၁၀) ကို အောက်ဆီဂျင်အိုးများဝယ်ယူကာ လိုအပ်တဲ့နေရာကို လှူဒါန်းပေးခဲ့တဲ့ ထက်ယံ

ထက်ယံကတော့ ဂီတနယ်ပယ်မှာ အောင်မြင်မှုတွေနဲ့ အကောင်းဆုံးရပ်တည်နေတဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။

တစ်ကိုယ်တော် တေးသီချင်းများစွာ ထွက်ရှိထားပြီး သူ့ရဲ့ သီချင်းတွေက လက်ရှိလူငယ်တွေကြားမှာ ရေပန်းစားအကြိုက်တွေ့နေတဲ့ သီချင်းကောင်းတွေပဲ ဖြစ်ပါတယ်။ 

လတ်တလောမှာတော့ ဂီတအနုပညာဘက်မှာလည်း အရင်ကထက် ပိုမိုအောင်မြင်လာသလို နောက်ထပ် သီချင်းသစ်တွေကိုလည်း ကြိုးစားဖန်တီးနေတာတွေ့ရပါတယ်။

သီချင်းစာသားတိုင်းကလည်း ထိမိနေတာကြောင့် ခဏခဏ နားထောင်ရင်တောင် မရိုးသွားနိုင်တဲ့ သီးချင်းကောင်းတွေပါ ။

အလုပ်တွေ ကြိုးစားလုပ်ကိုင်သလို အလှူအတန်းနဲ့ ပတ်သက်ရင်လည်း ရှေ့ဆုံးကနေပါဝင်လျက်ရှိရာ အခုလည်း သူရဲ့ Lost သီချင်းလေး နှစ်ရက်စာ ရောင်းလို့ရငွေ (၁၀) သိန်းကို အောက်ဆီဂျင်လိုအပ်နေတဲ့နေရာတွေကို လှူဒါန်းဖြစ်ခဲ့ကြောင်းဝေမျှလာပါတယ် ။ ပရိသတ်ကြီးအတွက် ထက်ယံရဲ့ အလှူလေးကို သာဓုခေါ်နိုင်စေရန် ဝေမျှပေးလိုက်ပါတယ် ။

Yuan – Cele Zone

Photo – Htet Yan