Local News

မြန်မာပြည်ဘက်ကရေတွေ တရုတ်ပြည်ဘက် ရောက်လာလို့ ကိုဗစ်ပိုး ပါမပါ ရေကို swab test ယူနေကြတဲ့ တရုတ်နိုင်ငံ

Covid – 19 ရောဂါကတော့ တစ်မ္ဘာလုံးက ပြည်သူတွေ ကြုံတွေ့ ခံစားနေရတဲ့ ကပ်ရောဂါတစ်ခုပါ ။ ပထမလှိုင်း ၊ ဒုတိယလှိုင်း ခုဆိုရင် တတိယလှိုင်းအထိ နိုင်ငံတိုင်းကို တစ်ကျော့ ပြန်လည်ရောက်ရှိလာတာဖြစ်ပါတယ် ။ ခေတ်မီဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံတွေမှာတော့ ဒီရောဂါကြီးကို ကြုံတွေ့ရင်ဆိုင်နေရပေမယ့်လည်း နည်းပညာတွေ အရမ်းကောင်းမွန်သလို အစစ အရာရာ ကြိုတင်ပြင်ဆင်ပြီး ကုသမှုတွေကြောင့် ရောဂါဒဏ်ကို သိပ်ပြီး ဆိုးဆိုးရွားရွား မခံကြရပါဘူး ။

သူတို့ နိုင်ငံသားတွေ အပေါ်မှာလည်း အရမ်းတန်ဖိုးထားတာကြောင့် အမြဲတမ်း အကောင်းမွန်ဆုံးတွေ ပြင်ဆင်ကာကွယ်လျက်ရှိပါတယ် ။ ဒီနေ့ဆိုရင်လည်း မြန်မာ ရွှေလီ နယ်စပ်မှာ မိုးရွာသွန်းမှုတွေကြောင့် တရုတ်ပြည်ဘက်ကို ရေများစွာ စီးဆင်းလျက်ရှိပါတယ် ။ ဒီလို စီးဆင်းလာတဲ့ မြန်မာပြည်ဘက်က ရေထဲမှာ ကိုဗစ်ပိုးပါလာမှာ စိုးရိမ်ပြီး  တရုတ်နိုင်ငံ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ရေကို swab test ယူနေတဲ့ ဗီဒီယိုလေး လူမှုကွန်ရက် စာမျက်နှာထက်မှာ ပျံ့နှံ့ခဲ့ပါတယ် ။

ဒီဗီဒီယိုလေးကို ကြည့်ပြီး သူတို့ နိုင်ငံသားတွေအတွက် ဘယ်လောက်တောင် ကြိုတင် ကာကွယ်မှုတွေ ပေးနေလည်းဆိုတာ အသိသာပါပဲ ။ မြန်မာနိုင်ငံသားတွေ အတွက်ကတော့ ခုလို အခြေအနေဆိုးတွေကို ရင်ဆိုင်နေရ အချိန်မှာ ဒီဗီဒီယိုလေးကတော့ တကယ်ကို အားကျစရာဖြစ်ရပ်လေးပါပဲ ။ ပရိသတ်ကြီးလည်း မြန်မာပြည်ဘက်က စီးဆင်းလာတဲ့ ရေတွေကို swab test ယူနေကြတဲ့ တရုတ်နိုင်ငံက တက်ကျွမ်းသူတွေရဲ့ ဗီဒီယိုလေးကို ကြည့်ရှုနိုင်စေရန် ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။