ကိုဗစ်လူနာတွေထားဖို့ ကုတင်တွေ မွေ့ယာတွေနဲ့ သပ်သပ်ရပ်ရပ် ပြင်ဆင်ပေးထားတဲ့ ထိုင်းစစ်တပ်

ကမ္ဘာတစ်ဝှမ်းမှာ COVID-19 ကူးစက်ရောဂါပိုးက ပပျောက်မသွားသေးဘဲ လူမျိုးပေါင်းစုံ ရင်ဆိုင်နေရဆဲဖြစ်လို့နိုင်ငံအသီးသီးက နည်းလမ်းအမျိုးမျိုးနဲ့ ကာကွယ်နေကြရတာဖြစ်ပါတယ်။

မြန်မာပြည်တွင်းမှာလည်း ပြည်သူတွေကို ပြည်သူကပဲ ပြန်ကူညီပြီး ကိုဗစ်ကို ခုခံနေကြတာဖြစ်ပါတယ်။

မြန်မာပြည်နဲ့အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာလည်း ကိုဗစ်တတိယလှိုင်းကို ခံစားနေရပြီး တစ်နေ့ကို လူထောင်ချီကူးစက်နေတာဖြစ်ပါတယ်။

ထိုင်းအစိုးရကလည်း သူတို့ပြည်သူတွေကို ကိုဗစ်အန္တရာယ်ကနေ စနစ်တကျစောင့်ရှောက်ပေးနေတာဖြစ်ပါတယ်။ မြန်မာပြည်တွင်းမှာတော့ ပြည်သူလူထုက ကိုယ်ထူကိုယ်ထနည်းလမ်းနဲ့ပဲ လက်ရှိအခြေအနေကို အကောင်းဆုံးဖြတ်ကျော်နေရတာပဲဖြစ်ပါတယ်။

အခုဆိုရင်တော့ ထိုင်းစစ်တပ်က ကိုဗစ်လူနာတွေကိုထားဖို့အတွက်ကျယ်ဝန်းတဲ့အဆောက်အဦးတစ်ခုမှာ တစ်ကိုယ်ရေသုံးပစ္စည်းအစုံအလင်နဲ့ သေသေချာချာပြင်ဆင်ပေးနေကြတာဖြစ်ပါတယ်။

လူနာတွေအတွက် ကုတင်၊မွေ့ရာ၊ခေါင်းအုံး၊စောင်၊ခြင်ထောင်အပြင် ပန်ကာလေးတွေပါ ထားပေးတာဖြစ်ပါတယ်။ လူထောင်ချီဆန့်တဲ့ နေရာမှာ ပြည်သူတွေ ဘာကိုမှစိုးရိမ်စရာမလိုဘဲ ကျန်းမာရေးကို စိတ်ချလက်ချကုသနိုင်ဖို့အတွက် ဘက်ပေါင်းစုံကနေ ကူညီပေးနေတာဖြစ်ပါတယ်။

အခုလိုမျိုး ထိုင်းအစိုးရက သူတို့ပြည်သူတွေကို အပြည့်အဝကာကွယ်စောင့်ရှောက်ပေးပြီး COVID-19 ကူးစက်ရောဂါကို တက်ညီလက်ညီ တိုက်ထုတ်နေကြတဲ့ပုံရိပ်တချို့ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Credit Myanmarload