International News

မြန်မာစစ်ကောင်စီကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် သတိပေး

လူမျိုးစု လိုက်သုတ်သင် ရှင်းလင်း မှုတွေ ရှိတယ်လို့ ယူဆနိုင်တဲ့ မြန်မာ၊ တောင်ဆူဒန်၊ အီသီယိုးပီးယားနဲ့ အရစ်တြီး ယားနိုင်ငံတွေ ကို အမေရိကန်က အရေးယူ ဒဏ်ခတ် ပိတ်ဆို့မှုတွေ ဆက်ပြီး လုပ်လာနိုင် တယ်လို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင် ရဲ့အစိုးရက

မနေ့ကပဲ သတိပေး လိုက်တဲ့ အကြောင်း AP သတင်း မှာ ဖော်ပြ ထားပါ တယ် ။ အမေရိကန်လွှတ်တော်ကို တင်သွင်းတဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာရဲ့ လူမျိုးတုံး သတ်ဖြတ်မှုနဲ့ အကြမ်း ဖက်ရက်စက်မှု ကာကွယ်တား ဆီးရေး ဆိုင်ရာ နှစ်ပတ်လည် အစီရင် ခံစာ ထုတ်ပြန်ချက်မှာ မြန်မာနိုင်ငံ နဲ့ ဆိုင်တဲ့ အချက် ကို အမေရိကန် အစိုးရက ထည့်သွင်းဖော်ပြ ထားပါ တယ် ။ တရုတ်နိုင်ငံ အနောက်မြောက် ပိုင်းက ဝီဂါ မွတ်စလင်တွေ ဟာ လူမျိုးတုံး

သတ်ဖြတ်မှုတွေနဲ့ ရင်ဆိုင်နေရ တယ်လို့ အမေရိကန် က ယုံကြည်ထားပြီး ရခိုင်ပြည်နယ် မြောက်ပိုင်းက ရိုဟင်ဂျာ မွတ်စလင်တွေ ဟာလည်း Ethnic Cleansing လို့ ခေါ်တဲ့

လူမျိုးစု လိုက် သုတ် သင်ရှင်း လင်းမှုကို ကြုံနေ ရ တယ်လို့ဆို ပါတယ် ။ြ မန်မာနိုင်ငံ ဟာလည်း လူမျိုးတုံး သတ်ဖြတ်မှု ရှိနိုင် တဲ့ အခြေ အနေမှာ ရှိနေ တုန်းပဲ ဖြစ်တယ် လို့အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ဌာနက ထုတ်ပြန် တဲ့ အစီရင် ခံစာထဲမှာ ဖော်ပြ ထားပါတယ် ။ ရိုဟင်ဂျာတွေကို အကြမ်းဖက် ဖိနှိပ်ရက် စက်မှုတွေ အပါအဝင် ဖေဖော်ဝါရီ

၁ရက် စစ်အာဏာ သိမ်းပြီးနောက်ပိုင်း အတိုက် အခံတွေ ကို အကြမ်းဖက်ဖြိုခွဲတာ၊ ပြည်သူတွေ အပေါ် ဖိနှိပ်နေ တာတွေ ကို ရပ်တန့်ဖို့ အမေရိကန်ရဲ့မဟာမိတ် နဲ့ လုပ်ဖော်ကိုင် ဖက်နိုင် ငံတွေ ပူးပေါင်းပြီး မြန်မာ စစ်တပ် အာဏာပိုင်တွေ ကို ဖိအားတွေ ဆက်ပေးသွားမယ် လို့ ဆိုပါ တယ် ။

Credit

Unicode

မြန်မာစစ်ကောင်စီကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် မနေ့က သတိပေးလိုက်ပြီလူမျိုးစု လိုက်သုတ်သင် ရှင်းလင်း မှုတွေ ရှိတယ်လို့ ယူဆနိုင်တဲ့ မြန်မာ၊ တောင်ဆူဒန်၊ အီသီယိုးပီးယားနဲ့ အရစ်တြီး ယားနိုင်ငံတွေ ကို အမေရိကန်က အရေးယူ ဒဏ်ခတ် ပိတ်ဆို့မှုတွေ ဆက်ပြီး လုပ်လာနိုင် တယ်လို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင် ရဲ့အစိုးရက မနေ့ကပဲ သတိပေး လိုက်တဲ့ အကြောင်း AP သတင်း မှာ ဖော်ပြ ထားပါ တယ် ။ အမေရိကန်လွှတ်တော်ကို တင်သွင်းတဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာရဲ့ လူမျိုးတုံး သတ်ဖြတ်မှုနဲ့ အကြမ်း ဖက်ရက်စက်မှု ကာကွယ်တား ဆီးရေး ဆိုင်ရာ နှစ်ပတ်လည် အစီရင် ခံစာ ထုတ်ပြန်

ချက်မှာ မြန်မာနိုင်ငံ နဲ့ ဆိုင်တဲ့ အချက် ကို အမေရိကန် အစိုးရက ထည့်သွင်းဖော်ပြ ထားပါ တယ် ။ တရုတ်နိုင်ငံ အနောက်မြောက် ပိုင်းက ဝီဂါ မွတ်စလင်တွေ ဟာ လူမျိုးတုံးသတ်ဖြတ်မှုတွေနဲ့ ရင်ဆိုင်နေရ တယ်လို့ အမေရိကန် က ယုံကြည်ထားပြီး ရခိုင်ပြည်နယ် မြောက်ပိုင်းက ရိုဟင်ဂျာ မွတ်စလင်တွေ ဟာလည်း Ethnic Cleansing လို့ ခေါ်တဲ့လူမျိုးစု လိုက် သုတ် သင်ရှင်း လင်းမှုကို ကြုံနေ ရ တယ်လို့ဆို ပါတယ် ။ြ မန်မာနိုင်ငံ ဟာလည်း လူမျိုးတုံး သတ်ဖြတ်မှု ရှိနိုင် တဲ့ အခြေ အနေမှာ ရှိနေ တုန်းပဲ ဖြစ်တယ် လို့

အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ဌာနက ထုတ်ပြန် တဲ့ အစီရင် ခံစာထဲမှာ ဖော်ပြ ထားပါတယ် ။ ရိုဟင်ဂျာတွေကို အကြမ်းဖက် ဖိနှိပ်ရက် စက်မှုတွေ အပါအဝင် ဖေဖော်ဝါရီ၁ရက် စစ်အာဏာ သိမ်းပြီးနောက်ပိုင်း အတိုက် အခံတွေ ကိုအကြမ်းဖက်ဖြိုခွဲတာ၊ ပြည်သူတွေ အပေါ် ဖိနှိပ်နေ တာတွေ ကို ရပ်တန့်ဖို့ အမေရိကန်ရဲ့မဟာမိတ် နဲ့ လုပ်ဖော်ကိုင် ဖက်နိုင် ငံတွေ ပူးပေါင်းပြီး မြန်မာ စစ်တပ် အာဏာပိုင်တွေ ကို ဖိအားတွေ ဆက်ပေးသွားမယ် လို့ ဆိုပါ တယ် ။

Credit