International News

သူ့ထက်အသက် ၁၇ နှစ်ငယ်တဲ့ ချစ်သူကောင်မလေးနဲ့ လက်ထပ်တော့မယ်ဆိုတဲ့ Ma Dong Seok

ဒီနေ့ ဇူလိုင် ၁၃ ရက်နေ့မှာ ထွက်ရှိလာတဲ့သတင်းတစ်ခုကတော့ ပရိသတ်တွေနဲ့ရင်းနှီးပြီးသား သရုပ်ဆောင်မင်းသားကြီးတစ်လက်ဖြစ်တဲ့ Ma Dong Seok ဟာဆိုရင် သူ့ထက် အသက် ၁၇ နှစ်မျှငယ်ရွယ်တဲ့ ချစ်သူကောင်မလေးနဲ့ အခုလာမယ့် စက်တင်ဘာလထဲမှာ လက်ထပ်ပွဲဆင်နွှဲတော့မှာဖြစ်တယ်လို့ သိရပါတယ်။

Ma Dong Seok ရဲ့ ချစ်သူကောင်မလေးကတော့ လက်ရှိအချိန်မှာ Health Trainer အဖြစ် ရပ်တည်နေလျှက်ရှိတဲ့ မော်ဒယ်လ် Ye Jung Hwa ဖြစ်ပြီး သူတို့နှစ်ဦးရဲ့ချစ်သူသက်တမ်းဟာဆိုရင် လက်ရှိအချိန်မှာ ၅ နှစ်ပတ်ဝန်းကျင်ရှိလို့နေပြီလို့ ဆိုပါတယ်။

ဒီလက်ထပ်ပွဲနဲ့ပတ်သတ်လို့ အေဂျင်စီဘက်ကနေတော့ အတည်ပြုထုတ်ပြန်ထားခြင်းမရှိသေးပေမယ့်လည်း ​Ma Dong Seok တစ်ယောက် သူ့ရဲ့ချစ်သူမိန်းကလေးနဲ့ လက်ထပ်တော့မယ်ဆိုတဲ့သတင်းဟာ ၂၀၁၉ ခုနှစ်လောက်တည်းက ထွက်ရှိနေခဲ့တာဖြစ်ပါတယ်။

`Nemo – K Cele Voice




`Nemo – K Cele Voice