ဘောမတာကို ရိုးရိုး ‘မ’ မဘဲ သတင်းအမှားတွေဖြန့်နေတဲ့ ဒေါ်ခင်ခင်ကြီး

လူတွေဟာ ရှင်သန်ကြီးပြင်းခဲ့ရတဲ့ပတ်ဝန်းကျင်၊ လက်ရှိရောက်နေတဲ့နေရာအပေါ် မူတည်ပြီး စိတ်ဓာတ်၊ အတွေးအခေါ်၊ နိုင်ငံရေးယုံကြည်ချက်တွေ မတူညီနိုင်ပါဘူး။ ဒါကို အပြည့်အဝနားလည်ပေးပါတယ်။

စစ်ဗိုလ်ကိုယူ၊ Non CDM လုပ်ပြီး စစ်ဘောကို ‘မ’ နေတာဟာ အထူးအဆန်းတော့မဟုတ်ပါဘူး ဒေါ်ခင်ခင်ကြီး။ ဪ… သူလည်း ဘဝပေးအခြေအနေအရ ဘောမဖို့ ဇာတာပါလာလို့ ‘မ’ နေရတာပဲဆိုပြီး နားလည်ပေးနိုင်ပါတယ်။ ဒါပေမယ့် ဘောမတာကို ရိုးရိုး ‘မ’ မဘဲ ပေါက်တတ်ကရတွေလုပ်၊ သတင်းအမှားတွေဖြန့်ပြီး ပြည်သူတွေကိုသတ်နေတာတော့ လွန်လွန်းသွားခဲ့ပြီ။ ခင်ဗျား ဘာတွေလုပ်နေတယ်၊ လုပ်ခဲ့တယ်ဆိုတာ သက်သေတွေအားလုံးရှိတယ်နော် ဒေါ်ခင်ခင်ကြီး။

၁။ (၁၁.၆.၂၀၂၁)ရက်နေ့တုန်းက ခင်ဗျားတင်ခဲ့တဲ့ပို့စ်တစ်ခုမှာ “စစ်ကောင်စီလက်ထက်မှာ ဆေးတက္ကသိုလ်ဘွဲ့လွန်ဝင်ခွင့် လျှောက်ထားသူတွေ မျှော်မှန်းထားသည်ထက်များပြား” ဆိုပြီး ဝါဒဖြန့်ခဲ့တယ်။ အဲဒါ fact check လုပ်ကြည့်တော့ သတင်းအမှားဖြစ်နေတယ်။ CDM ဆရာဝန်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေကို သို့လောသို့လောဖြစ်အောင်၊ ပြည်သူနဲ့ရန်တိုက်ပေးခဲ့တာကို မှတ်မိသေးတယ်မဟုတ်လား။ အရှက်သိက္ခာကင်းမဲ့စွာနဲ့ ဝါဒဖြန်ခဲ့တဲ့ကိစ္စကို ခင်ဗျားတာဝန်ယူရမယ် ဒေါ်ခင်ခင်ကြီး ။

၂။ ကျောင်းတွေပြန်ဖွင့်ဖို့အတွက် စစ်ကောင်စီဟာ အသည်းအသန်ကြိုးပမ်းခဲ့သလို၊ ခင်ဗျားတို့ Non CDM ဘောမတွေဟာလည်း ဆတ်ဆလူးနတ်ပူးသလိုမျိုး တက်တက်ကြွကြွကူညီခဲ့ကြတယ်။ “ကိုဗစ်ဟာ စိတ်ချရတဲ့အနေအထား မရောက်သေးဘူး၊ third wave ဖြစ်လာဖို့ရှိတယ်။ အခုနေ ပိုးဟာ ခဏငြိမ်နေတာဖြစ်တယ်။ ကျောင်းတွေ ပြန်ဖွင့်တဲ့အချိန်နဲ့ ပိုးထတဲ့အချိန်သွားတွေ့ရင် အားလုံးဒုက္ခရောက်ကုန်မယ်၊ ကလေးတွေသေကုန်မယ်” ဆိုပြီး ကျွမ်းကျင်ပညာရှင်တွေက ထောက်ပြခဲ့ပေမယ့် ခင်ဗျားတို့ဟာ ဂရုမစိုက်ဘဲ အတင်းအကြပ် ကျောင်းဖွင့်ခဲ့ကြတယ်။

ကျောင်းဖွင့်နေတုန်း ကိုဗစ်ပိုးတွေ့လို့ ကျောင်းပိတ်ဖို့ပြောတဲ့သူတွေကို ခင်ဗျားက “ ကျောင်းတွေအကုန်လုံး ပိတ်စရာမလိုပါဘူး။ ပိုးတွေ့တဲ့ကျောင်းကို ပိတ်ပစ်ပြီး ကျန်တာဆက်ဖွင့်လို့ရတယ်။ ကလေးတွေပညာရေး အရေးကြီးတယ်။ မလိုတဲ့သူတွေ၊ အဖျက်သမားတွေပြောချင်တာပြောပါစေ” ဆိုပြီး ဖင်ပိတ်ငြင်းခဲ့တယ်။ အကြံပေးတဲ့သူတွေကို ပျက်ရယ်ပြုခဲ့ကြတယ်။ ကျောင်းပိတ်တာနောက်ကျနေပြီဖြစ်တဲ့အကြောင်း အကြံပေးကြပြန်တော့ “ကျောင်းဖွင့်လို့ ကလေးဘယ်နှစ်ယောက်သေလဲ၊ ဆရာ/ဆရာမ ဘယ်နှစ်ယောက်သေတာတာ မြင်လဲ” ဆိုပြီး နှုတ်သီးကောင်းလျှာပါး ရန်တွေ့ခဲ့တယ်မဟုတ်လား။

တကယ်တော့ ကျောင်းတွေဖွင့်လို့ ကိုဗစ်ကူးစက်ခံရပြီး သေသွားတဲ့ ကလေးတွေ၊ ဆရာ/ဆရာမတွေ အရေအတွက်ဟာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင် မနည်းဘူးဆိုတာ ခင်ဗျားမသိလေရော့သလား။ သိရဲ့သားနဲ့ ‘ဘောကိုမ၍ ငြင်းခဲ့သည်’ လုပ်ခဲ့တာများလား။ ဒါပေမယ့် ခင်ဗျား မှတ်ထားရမှာက လူဆိုတာ ကိုယ်စိုက်တဲ့အသီးမှန်သမျှ ကိုယ်ပြန်ရိတ်သိမ်းရတယ်ဆိုတာပဲ ဒေါ်ခင်ခင်ကြီး။

(၃) (၇.၇.၂၀၂၁)ရက်နေ့တုန်းက တရုတ်ကထုတ်တဲ့ Sinovac ကိုဗစ်ကာကွယ်ဆေးကောင်းကြောင်းကို ခင်ဗျားရေးခဲ့တယ်။ စင်ကာပူမှာ Sinovac ကာကွယ်ဆေးထိုးဖို့ ဘယ်လိုစောင့်ပြီး ထိုးရတယ်ဆိုတဲ့အကြောင်း။ အဲဒါဟာလည်း သတင်းအမှား။ သတင်းအမှားဖြစ်ကြောင်း စင်ကာပူကသူတွေ ပြောတာကိုတောင် ငပိန်းတွေဘာညာဆိုပြီး ပြန်ရန်တွေ့ခဲ့တယ်။ ပညာရှင်တွေထောက်ပြတာကို ကွန်းမန့်ပိတ်ပြီး ဖင်ပိတ်ငြင်းခဲ့တယ်။

တကယ်တော့ တရုတ်နဲ့ရုရှားကထုတ်တဲ့ ကိုဗစ်ကာကွယ်ဆေးတွေဟာ အရည်အသွေးမမီသလို၊ စိတ်မချရတဲ့အတွက် ကမ္ဘာကအသိအမှတ်မပြုထားဘူး။ လူယုတ်မာ တရုတ်နဲ့ရုရှားကလည်း သူ့နိုင်ငံသားတွေကို မသုံးခိုင်းဘဲ ဆင်းရဲနွမ်းပါးတဲ့နိုင်ငံတွေနဲ့ သူတို့ဂျင်းထည့်နေကျနိုင်ငံတွေကိုပဲ ရောင်းစားတာ။ စစ်ကောင်စီကသာ ယုတ်မာလို့၊ အသုံးမကျလို့ ဝယ်တာ။ အဲဒီ့ဆေးတွေကို စင်ကာပူနိုင်ငံသားတွေပဲ ထိုးနေသလိုလိုမျိုး သတင်းအမှားတွေ ရေးတင်ခဲ့တယ်။

ဒါဟာ ဝါဒဖြန့်ပြီး လူသတ်တာပဲ ဒေါ်ခင်ခင်ကြီး။ ခင်ဗျားဟာ သာမန်ဘောမအဆင့်မကတော့ဘဲ ဝါဒဖြန့်လူသတ်သမားတစ်ယောက်ဖြစ်နေပြီ။ အဲဒီ့တော့ ခင်ဗျားလုပ်ရပ်တွေကို ခင်ဗျားတာဝန်ယူရမယ်‌ ဒေါ်ခင်ခင်ကြီး။

(၄) စစ်ကောင်စီလက်ထက်မှာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနဟာ ပြည်သူလူထုအပေါ် ဘာအာမခံချက်မှမပေးနိုင်ပါဘူး။ ပြည်သူလူထုကလည်း ခင်ဗျားတို့ MOHS အပေါ် အယုံအကြည်မရှိကြဘူး။ အဲဒီ့တော့ ပြည်သူက ပြည်သူကို ပြန်ကူညီပြီး၊ ကိုယ့်နည်းကိုယ့်ဟန်နဲ့ သေဘေးကို ရင်ဆိုင်ကြရတယ်။ ကိုဗစ်ကို တော်လှန်ကြရတယ်။ အောက်ဆီဂျင်ကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရှာဖွေကြရတယ်။

MOHS ဟာ ပိုးကိုလည်း အလျင်မီအောင် မစစ်နိုင်၊ ရောဂါပိုးရှိတဲ့လူနာတွေကို သေချာမကုသပေးနိုင်တော့ လူတွေဟာ “ သေကာမှ သေရော၊ အောက်ဆီဂျင်လေးရှူ၊ ရှိတာလေးနဲ့စား၊ တတ်သလောက်မှတ်သလောက်ကုမယ်” ဆိုပြီး အောက်ဆီဂျင်ကို ရှာဖွေကြရတယ်။ အဲဒါကို လူတွေက မလိုအပ်ဘဲနဲ့ အောက်ဆီဂျင်တွေ စုဆောင်းနေလို့ အောက်ဆီဂျင်ပြတ်လပ်တဲ့ပြဿနာတွေဖြစ်နေတာ၊ ရောဂါပိုးရှိရင် နီးစပ်ရာဆေးရုံဆေးပေးခန်းတွေမှာ ကုသနိုင်ပါရက်နဲ့ လူတွေက မလိုက်နာလို့ အခုလိုပြဿနာတွေဖြစ်နေသလိုမျိုး ခင်ဗျားရေးတယ်။

ခင်ဗျားဟာ ဘောကို ‘မ’ ရုံ မကတော့ဘဲ ဘာများလုပ်လိုက်လို့ ကြောင်သွားရတာလဲ။ ကိုယ်ချင်းစာနာစိတ် နည်းပါးလိုက်တာ ဒေါ်ခင်ခင်ကြီးရာ။ အောက်ဆီဂျင်မလုံလောက်လို့ သေသွားကြရတဲ့လူနာတွေကို ခင်ဗျား မသနားဘူးလား။ အေးလေ ခင်ဗျားက ဘယ်သနားပါ့မလဲ။ ခင်ဗျား မိဘ၊ ခင်ဗျားဆွေမျိုးမှ မဟုတ်တာ။ ခင်ဗျားကိုမထိသရွေ့ ခင်ဗျားဘယ်နာပါ့မလဲ။

စစ်ကောင်စီက လက်နက်ကိုင်ပြီး အောက်ဆီဂျင်ကို ပြည်သူဆီကနေ ဓားပြတိုက်တာကျ ခင်ဗျားအပေါက်ပိတ်နေပြီး ပြည်သူတွေ လိုအပ်လို့ အောက်ဆီဂျင်စုတာကို ခင်ဗျားက အပြစ်ပြောနေတယ်။ ယုတ်မာလှချည်လား ဒေါ်ခင်ခင်ကြီး‌ရေ။

ကိုယ့်ကိုကိုယ် ဘုရားတရားသမားလိုလို၊ ကျင့်ဝတ်လိုက်နာတဲ့ ဆရာဝန်လိုလို၊ အမှန်တရားတွေဖြန့်ဝေပေးတဲ့ social influencer လိုလို လုပ်နေတာတွေ ရပ်တန်းကရပ်ပါ ဒေါ်ခင်ခင်ကြီး။ ကွန်းမန့်ဘောက်ပိတ်ပြီး လေကျယ်နေတာ မရှက်ဘူးလား။ ပုလင်းတူဗူးစို့တွေနဲ့ ပေါင်းပြီး တခြားသူတွေကိုစောင်းမြောင်းပြောဆိုနေရတာကို မရှက်ဘူးလား။ ခင်ဗျားအကြောင်း အမှန်အတိုင်းဝေဖန်တဲ့သူတွေကို ‘ ခင်ဗျားမှန်ကြောင်း၊ သူတို့မကောင်းကြောင်း’ စာအရှည်ကြီးတွေ ရေးတင်ရတာ မမောဘူးလား။

ခင်ဗျားတင်သမျှ Ha Ha ပေးနေကြတဲ့သူတွေကို ဒေါသထွက်နေမယ့်အစား သူတို့ဘာကြောင့် ‘ဟဟ’ ပေးသလဲ နဖူးပေါ်လက်တင်ပြီး စဉ်းစားသင့်တယ် ဒေါ်ခင်ခင်ကြီး ။

ဒေါက်တာထည့်မခေါ်လို့လည်း အံ့ဩမနေနဲ့။ ရိုင်းလိုက်တာဆိုပြီးလည်း ကွန်းမန့်ပိတ်ပြီး အတင်းတုတ်မနေနဲ့(တုတ်လည်း ဂရုမစိုက်ဘူး) ။ ဆရာဝန်ဖြစ်ပြီး လူနာတွေကိုမကယ်တင်ဘဲ လူသတ်နေတဲ့အတွက် ဒေါက်တာထည့်မခေါ်တာပါ ဒေါ်ခင်ခင်ကြီး။ အသက်ကြီးနေလို့ ဒေါ်ထည့်ခေါ်တာကိုပဲ ကျေးဇူးတင်ပါ။

ခင်ဗျားအကျင့်စရိုက်ကို တချို့သူတွေက လာပြောပြကြတယ်။ ကျွန်တော်က မအံ့ဩဘူး။ ဘာလို့လဲဆိုတော့ ကိုယ်တိုင်ကြုံဖူးထားလို့။ မနှစ်က ဒီလိုအချိန်လောက်မှာ ရုံးအမှတ်(၄)၊ နေပြည်တော် ကျန်းမာရေးဝန်ကြီးရုံး၊ ဒုတိယအမြဲတမ်းအတွင်းဝန် ရုံးခန်းမှာ ခင်ဗျားနဲ့တစ်ခါဆုံဖူးတယ်။ နောက်ကျမှဝင်လာပြီး ရေးကြီးသုတ်ပြာဟန်နဲ့ ဒု/အတွင်းဝန်အနားကို ပြေးကပ်သွားတာ။

အဲဒီ့တုန်းက ကျုပ်လည်း အခန်းထဲမှာရှိနေတယ်။ ကိုယ့်အလှည့်မရောက်သေးလို့ တန်းစီစောင့်နေတာ။ တကယ်ဆိုရင် ရှေ့ကတန်းစီနေတဲ့ဝန်ထမ်းတွေဟာ ကျုပ်ထက်ရာထူးငယ်မယ့်ပုံပါ။ ကျုပ်လည်း EC တင်မယ့်ကိစ္စ အရေးကြီးတာပါပဲ။ ဒါပေမယ့် တန်းစီခဲ့ပါတယ်။

ခင်ဗျားကတော့ ခင်ဗျားကိစ္စသာ အရေးပါပုံ၊ အငယ်တွေကို ဂရုမစိုက်ပုံ၊ လူကြီးနဲ့ပိုင်ပုံဖမ်းပြီး ကျော်တက်သွားတာ။ အဲဒီ့ကတည်းက ခင်ဗျားဘယ်လိုအကျင့်ရှိမယ်ဆိုတာ ခန့်မှန်းပြီးသားပါ။ ရာထူးဂုဏ်ပဲမောက်နေသလား၊ over self-confidence ပဲ ဖြစ်နေသလား မပြောတတ်။ ခင်ဗျားပြောပြောနေတဲ့အဆင့်အတန်းက ဘာနဲ့တိုင်းသလဲတော့ မသိဘူး။ လူမှုရေးစံနှုန်းတွေ၊ ပြည်သူ့နီတိတွေ၊ လူ့ကျင့်ဝတ်တွေနဲ့တိုင်းရင်တော့ ခင်ဗျားဟာ အဆင့်မရှိတဲ့သူတစ်ယောက်ပါ ဒေါ်ခင်ခင်ကြီးရေ ။

ခင်ဗျားကိုခင်ဗျား မှန်တယ်ထင်နေရင် ခင်ဗျား Facebook Account တွေ၊ Page တွေ၊ MOHS Page တွေကို ကွန်းမန့်ဘောက်လေး ဖွင့်ကြည့်ပါလား။ ပြည်သူ့အသံလေးတွေ ကြားရတာပေါ့။

ခင်ဗျားအနေနဲ့ ခင်ဗျားပို့စ်တွေကို ‘ဟဟ’ ပေးတဲ့သူတွေကို စောင်းမြောင်းပြောဆိုနေမယ့်အစား၊ CDM ဆရာဝန်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေကို စောင်းမြောင်းပုတ်ခတ်နေမယ့်အစား၊ ဘာမှမရေး ဘာမှမပြောဘဲနေတာ ပိုကောင်းပါလိမ့်မယ်။

ဒီလိုမှမဟုတ်ဘဲ စစ်ကောင်စီဘောကို ရှယ်ပလန်နဲ့ ‘မ’ ပြီး ပေါက်တက်ကရတွေပြော၊ သတင်းအမှားတွေဖြန့်ပြီး လူထပ်သတ်နေရင်တော့ ခင်ဗျားလုပ်ရပ်တွေအတွက် တာဝန်ယူရလိမ့်မယ်။ အရင်ကလုပ်ရပ်တွေအတွက်လည်း ပြည်သူက ခင်ဗျားကို ခွင့်လွှတ်မှာမဟုတ်ဘူး။ ခင်ဗျားလုပ်ရပ်တွေအတွက် ခင်ဗျားတာဝန်ယူရမယ်။

စစ်ကောင်စီနဲ့ပေါင်းပြီး လူသတ်ခဲ့တာတွေအတွက် အချိန်တန်ရင် ခင်ဗျားပြန်တာဝန်ယူရမယ် ဒေါ်ခင်ခင်ကြီး။

မိုးခ