International News

ကမ္ဘာပတ် ဝါဒဖြန့်လာတဲ့ အစ္စရေးလော်ဘီ စစ်ကောင်စီနဲ့ တွေ့မှ ငုတ်တုတ်မေ့

မြန်မာစစ်တပ်သည် နိုင်ငံကို အုပ်ချုပ်လာသည်မှာ နှစ်ပေါင်းများစွာ ရှိနေခဲ့ပြီ ဖြစ်သော်လည်း ကမ္ဘာပေါ်တွင် အရည်အသွေး အညံ့ဖျင်းဆုံး စစ်တပ် စာရင်းတွင် ပါဝင်ခဲ့သည်ဟု Just Security ဝက်ဆိုဒ်တွင် ဝေဖန် ရေးသားထားသည်။ ၎င်းတို့ လက်ထက်တွင် အာရှ ၏ GDP အမြင့်ဆုံး နိုင်ငံများ စာရင်းတွင် ပါဝင်နေရာမှ အဆင်းရဲဆုံး နိုင်ငံအဖြစ် နိမ့်ကျသွားပြီး ယခု အာဏာသိမ်း အဖွဲ့ လက်ထက်တွင် အဖဖက်တွင် ချွတ်ခြုံကျသည့် failed state နိုင်ငံ အဖြစ် သက်ဆင်းသွားသည်အထိ ‌သူ့ထက်ငါပြောင်မြောက်စွာ အစွမ်းပြနိုင်ခဲ့သူ များဖြစ်သည်။

တရုတ်နယ်စပ်ကို ပိတ်ပင် ထားသဖြင့် ကိုဗစ် အတွက် အလွန် အမင်းလိုအပ်နေသော ဆေးဝါးနှင့် အထောက်အကူပြု ပစ္စည်းများ တင်သွင်း၍ မရ ဖြစ်နေသည်။

ထိုသို့ အနေအထားတွင် လူနာများ မိမိတို့ဖာသာအိမ်တွင် ကုသနိုင်ရန် အပူတပြင်း ရှာနေသော အောက်စီဂျင် အိုးများ ဝယ်ယူခြင်းကို မလိုအပ်ပဲသိုလှောင်စုဆောင်းနေသူများကြောင့် ဆိုကာ ပိတ်ပင်လိုက်ပြန်သည်။ ယခု အခါ အောက်စီဂျင် အိုးများ လက်ဝယ်တွေ့ရှိလျှင်ပင် ဖမ်းဆီးခံရနိုင်သည်အထိ ဖြစ်လာသည်။

ဧရာဝတီ သတင်းတွင် ရန်ကုန်၌ တရက်တည်း သင်္ဂြိူလ် လိုက်ရသူ ၇၀၀ ခန့် ရှိသည်ဟု သတင်း အရင်း အမြစ်များကို ကိုးကားပြီး ဖေါ်ပြထားသည်။

ဤသည်က စစ်အာဏာသိမ်း အဖွဲ့သည် တိုင်းပြည်ကို အုပ်ချုပ်နိုင်ရေး တွင် ကြောင်းကျိုး ဆီလျှော်စွာ စဉ်းစားနိုင်ခြင်း မရှိသည်ကို ပြဆိုနေသည်သာမက ထိုသို့ ပိတ်ပင်မှူကို မင်းအောင်လှိုင် တဦးတည်းက ဆုံးဖြတ်ခြင်း ဆိုသည်မှာလည်း ထင်ရှားနေသည်။

အဘယ်ကြောင့်ဆိုသော လူတဦး ဦးနှောက် ပျက်ခြင်းမျိုးသာ ဖြစ်နိုင်ပြီး သူ့ ပတ်ပတ်လည်ရှိ လူများအားလုံး တညီတညွတ်တည်း ထိုသို့ ဖြစ်သွားသည် ဆိုသည်မှာ ယုတ္တိယုတ္တာ မရှိလှပေ။

နောက်တနေ့မှာပင် AFP သတင်းအရ ဩဂုတ်လအတွင်း တရုတ်ပြည်မှ ကာကွယ်ဆေး ၆ သန်း ရမည်ဟု စစ်ကောင်စီ မှ ကြေညာချက် ထုတ်ပြန်လာခဲ့သည်၊ ၆ သန်း အနက် ၂ သန်းကို အလှုူခံနိုင်ခဲ့ပြီး ၄ သန်းကို သာ ဝယ်ယူခဲ့ခြင်းဖြစ်သည်။

မည်သည့် ဆေးအမျိုးအစား ဆိုသည်ကိုကား ထုတ်ဖေါ်ပြောဆိုခြင်း မရှိပေ။

ယခုအခါ အာဏာသိမ်း အဖွဲ့သည် ကုလသမဂ္ဂ ဆုံးဖြတ်ချက် အသီးသီးအား တဖက်သတ် ဆန်သည်ဆိုသော အပြောဖြင့်သာ ဆက်တိုက် ဆိုသလို ပယ်ချနရပြီ ဖြစ်သည်။

၎င်းတို့ငှားထားသော ဂျူးလော်ဘီသည် လည်း အမေရိကန်၏ ဒဏ်ခတ် ပိတ်ပင်ခြင်း ခံထားရသော စစ်ကောင်စီ အဖို့ သူ့အား ငွေပေးရန် နည်းလမ်းများ ပိတ်ဆို့သွားပြီ ဖြစ်၍ ဆက်လက် လုပ်ကိုင် နိူင်ခြင်း မရှိဟု ပြောလာကြောင်း အစ္စရေး နိုင်ငံထုတ် ဂျေရုဆလင်ပို့စ် သတင်းစာတွင် ဖေါ်ပြထားသည်။

လော်ဘီ ဖြစ်သူ ဘင် မင်နားရှီးသည် CNN သတင်းထောက် မြန်မာပြည်သို့ လာရောက်ရန် ကြားဝင် ဆောင်ရွက်ပေးခဲ့သော်လည်း စစ်ဗိုလ်ချုပ်များ၏ အလွဲလွဲ အမှားမှား ကိုင်တွယ်ခဲ့မှုများကြောင့် အပျက်ပျက်နှင့် နှာခေါင်းသွေး ထွက်သွားခဲ့ရပြန်သည်။

မင်နားရှီးသည် သမ္မတ ရီဂင် ပြုတ်ကျမတတ် ဖြစ်သွားခဲ့သည့် နာမည်‌‌ ကျော် အီရန်-ကွန်ထရာ အရှုပ်တော်ပုံကြီး တွင် သတင်းပေါက်ကြားအောင် ပြုလုပ်ခဲ့သူ တဦးလည်း ဖြစ်သည်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကင် မှ အာဏာသိမ်းပြီး နောက် မြန်မာပြည်တွင် ဆိုးဝါးလာနေသော အခြေအနေများကို အလျင်အမြန် ကိုင်တွယ်နိုင်ရန် အာဆီယံ အား ထပ်မံ တိုက်တွန်းလိုက်ပြန်သည်။

ဝဏ္ကမောင်လွင် ပါ တက်ရောက်သည့် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ နှင့် အွန်လိုင်းမှ တွေ့ဆုံခဲ့ရာတွင် ယခုလို ပြောကြားလိုက်ခြင်း ဖြစ်၍ အမေရိကန် ၏ သဘောထားကို ဗြောင်ကျကျ မျက်နှာခြင်းဆိုင် ပြောကြားလိုက်ခြင်းဖြစ်၍ လွန်စွာ ထိရောက်မှု ရှိသည်ဟု လေ့လာသူများက သုံးသပ်ခဲ့ကြသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်

စစ်ကောင်စီနဲ့ ချုပ်ဆိုထားတဲ့ ဒေါ်လာ (၂) သန်းတန်စာချုပ်ကို ကနေဒါအခြေစိုက် အစ္စရေးလော်ဘီကုမ္ပဏီက ဖျက်သိမ်းလိုက်ပြီလို့ Foreign Lobby Report အယ်ဒီတာ Julian Pecquet က ရေးသားထားပါတယ်။

စစ်ကောင်စီအပေါ် အမေရိကန်ဦးဆောင်တဲ့ စီးပွါးရေးပိတ်ဆို့မှုတွေ ပြန်လည်ရုပ်သိမ်းအောင် လုပ်ဖို့ မဖြစ်နိုင်တော့သလို အမေရိကန်အစိုးရကို ဝါဒဖြန့်စည်းရုံးနားချဖို့လည်းမဖြစ်နိုင်တော့တဲ့အတွက် ဒေါ်လာ (၂)သန်းကို ကျောခိုင်းလိုက်ရပြီလို့ ကုမ္ပဏီပိုင်ရှင် ဘင် မင်နားရှီ နဲ့နီးစပ်သူတွေကပြောတယ်ဆိုပါတယ်။

ဘင် မင်နားရှီ ကတော့ အမေရိကန်နဲ့ကနေဒါက စစ်ခေါင်းဆောင်တွေအပေါ် ပိတ်ဆို့ထားမှုအရ မြန်မာစစ်တပ်ဆီကနေ တရားဝင်ငွေလက်ခံဖို့လည်း မဖြစ်နိုင်တော့လို့ သဘောတူစာချုပ်ရပ်ဆိုင်းလိုက်တာလို့ပြောပါတယ်။

အရေးတော်ပုံ အောင်ရမည်!

Hla Soewai